မွန်ဒေသလုံးဆိုင်ရာပါတီ ရေးမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်သန်း

အန်အယ်လ်ဒီပါတီအနေဖြင့် လွှတ်တော်သို့ ယခုအခါစတင်ဝင်ရာက်ခဲ့ပြီဖြစ်သည့်အတွက် လာမည့် ဇူလိုင်လဆန်းပိုင်းတွင် ကျင်းပမည့်လွှတ်တော်ကို ပြည်သူများသာမက၊ ကမ္ဘာပြည်သူများပါ စိတ် ဝင်စားလျက်ရှိကြသည်။ အန်အယ်လ်ဒီပါတီ လွှတ်တော်သို့ ဝင်ရောက်ရေးကြိုးပမ်းမှုတွေ မိတ်ဖက် တိုင်းရင်းသားပါတီအချို့၏ လုပ်ဆောင်ချက်များပါဝင်ခဲ့သည့်အခြေအနေအချို့ကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ရေးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်သန်းနှင့်တွေ့ဆုံမေးမြန်း ခဲ့ရာ..

““ကျွန်မကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ အန်အယ်လ်ဒီပါတီ လွှတ်တော်ထဲကို ရောက်လာတာ အရမ်းဝမ်းသာတယ်၊ ကြိုဆိုတယ်၊ နောက်ပြီး ဒီလိုပါဝင်ခွင့်ရလာဖို့ အရမ်းမျှော်လင့်ထားတာပေါ့၊ အခုလို ဒေါ်အောင်ဆန်းစုကြည်တို့ ပါလာဖို့အတွက် ကျွန်မတို့အတင်းကို လက်ဆွဲပြီးခေါ်ထားတာပေါ့နော်။ ၂၅ရက်နေ့မှာ လွှတ်တော်ပြီးတော့ ၂၆ ရက်နေ့မှာ ကျွန်မတို့ ဒေါ်စုနဲ့သူ့အိမ်မှာ သွားတွေ့တာပေါ့နော်၊ ကျွန်မရယ် ကျွန်မသူငယ်ချင်း သုံးလေးဦးပါတယ်၊ အဲဒီမှာ သွားတွေ့တော့လွှတ်တော်ရဲ့ အခင်းအကျင်းရယ်၊ နိုင်ငံရေးအခင်းအကျင်းတွေကို ကျွန်မတို့ကပြောပြီးတော့ ဒေါ်စုကိုခေါ်တာပေါ့နော်၊  အဲဒီလို ကျွန်မတို့ တွန်းအားတွေပေးပြီးတော့ခေါ်ခဲ့တာပါ””ဟု ဖြေကြားခဲ့ပါသည်။ ဆက်လက်မေးမြန်းမှုများအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

မေး။    ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲကို ရောက်လာတဲ့အခါမှာ တိုင်းပြည်အတွက် ဘယ်လောက်အ ပြောင်းအလဲတွေ ဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်သလဲ။

ဖြေ။     တော်တော်ကို မျှော်လင့်ပါတယ်၊ ဘာကြောင့်လဲဆိုတော့၊ ဒေါ်စုရဲ့နောက်မှာ အင်တာနေရှင်နယ်ဝိတ် ရှိတော့ အရမ်းကိုပြောင်းလဲလိမ့်မယ်လို့ မျှော်လင့်တယ်၊

မေး။    လွှတ်တော်ထဲမှာက အများစုက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အမတ်များဆုံးရှိတော့ လွှတ်တော်ထဲမှာ ပြင်ဆင်မဲ့ဥပဒေတွေ၊ အကြောင်းအရာတွေအတွက် ရေရှည်မှာ အောင်မြင်နိုင်ပါ့မလား။

ဖြေ။     ကျွန်မရဲ့အတွေ့အကြုံအရဆိုရင် သူတို့လူကြီးတွေက ထဆိုရင် လိုက်ထကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရှိတယ်၊ ထိုင်ဆိုရင်လိုက်ထိုင်တဲ့ သူတွေရှိတယ်၊ နောက်ပိုင်းကျတော့ ကျွန်မတို့ရဲ့ လွှတ်တော်ဥက္ကဋ္ဌကတော့ သူက တဖြည်းဖြည်း ဒီလိုကိစ္စတွေကို ဝိုင်းပြီးတော့ ဖြေရှင်းတာပေါ့နော်။ အဲဒီလို ရှင်းတော့ ဒီကိစ္စတွေက အခုတော့ရှင်းသွားပါပြီ၊ အခုဆိုရင် ကိုယ့်သဘောထားနဲ့ကိုယ် ဖြစ်လာကြပါပြီ၊ လူထုအ တွက်ကို Target လုပ်ပြီးတော့ လမ်းကြောင်းအနေနဲ့ သွားမယ်ဆိုလို့ရှိရင် သူရဲ့ပါတီကလူတွေက ကျွန်မတို့အတွက် အင်အားတောင် ဖြစ်လာလိမ့်မယ်။

မေး။    တပ်မတော်သားတွေရဲ့ အခန်းကဏ္ဍကိုဘယ်လိုမြင်မိသလဲ။

ဖြေ။     ကျွန်မအမြင်တော့ သိပ်ပြီး ပြောင်းလဲဖို့ မမြင်ဖူးလို့ထင်တယ်၊ ကျွန်မအမြင်တော့ အင်အားကြီးတဲ့ ပါတီအနေနဲ့ ပွင်းလင်းမြင်သာမှုရှိလာတယ်၊ သူတို့အနေနဲ့ကျတော့ ၁ဝ% တောင် မကျော်ဘူးလို့ ထင်တယ်၊ ပွင့်လင်းတာက မရှိဘူးလို့ထင်တယ်၊ ဒါပေမဲ့ သူတို့က ဆင့်ကဲဆင့်ကဲ အုပ်ချုပ်မှုရှိတယ်၊ ဒါပေမဲ့ ကျွန်မတို့နဲ့ လက်လှမ်းမီတဲ့သူတွေကြတော့ လက်တွဲခေါ်နိုင်သလောက်တော့ ကျွန်မတို့ လက်တွဲခေါ်နေပါတယ်။

 

MIJ 032

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.