ပြည်တွင်းသတင်း — ရန်ကုန်၊ မတ် ၁၆၊ ၂ဝ၁၃

အန်အယ်လ်ဒီ ပါတီမြောက်ပိုင်း ခရိုင် အတွင်းရေးမှူး ဦးစောကျော် ကျော်မင်းကို ပါတီတာဝန်မှ ရပ်ဆိုင်း ကြောင်း နှင့် ထိုအရေးယူမှုသည် ယင်းက သမ္မတ ဦးသိန်းစိန်အား တရားစွဲဆိုခဲ့ခြင်းနှင့် မသက်ဆိုင်ကြောင်း သိရှိရပါသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာအင်ဒီပဲန်ဒင့်က ဆက်သွယ်မေး မြန်းရာ “ဟုတ်ပါတယ်။ ကျွန်တော့်ကို အတွင်းရေးမှူး တာဝန်က ရပ်ဆိုင်းကြောင်း ဦးဥာဏ်ဝင်း လက်မှတ်ရေးထိုးပြီး မတ်လ ၁၅ ရက်က စာပို့ခဲ့ တာပါ။ စာထဲမှာတော့ ပါတီစည်းကမ်း ထိန်းသိမ်းရေး နှင့်အညီ လုပ်ဆောင်ရန် ရှိသဖြင့်လို့ ပါ ပါတယ်။ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဦးဥာဏ်ဝင်းနဲ့ သွားတွေ့ဖို့ ပြောထားပြီးပါပြီ။ သမ္မတကို တရားစွဲလို့တော့ မဟုတ်ပါဘူး” ဟု ဦးစောကျော်ကျော်မင်းက ပြော ကြားသည်။

“ပါတီမှာ ကတော့ ဒီလိုအရေးယူမှုတွေ ဖြစ်တတ်ပါတယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဦးဥာဏ်ဝင်း ကို ဆက်သွယ်မေးမြန်းရာ “ပါတီ စည်းကမ်းအရ အရေးယူ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူနဲ့တွေ့မှပဲ အတိအကျ ပြောလို့ရမှာပါ။ အခြားတော့ ဘာမှမပြော ချင်ပါဘူး” ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

မြောက်ပိုင်းခရိုင် တွဲဖက်အတွင်း ရေးမှူး ဒေါ်ခင်မြတ်သူက “ဒါကတော့ ပါတီရဲ့မူဝါဒအရလို့ပဲ ထင်ပါတယ်။ ပါတီရဲ့ တာဝန်ပေးချက် မဟုတ်ဘဲနဲ့ လုပ်ဆောင်ခဲ့လို့နဲ့ ထင်ပါတယ်။ သူ့ဘက်ကလည်း ပြည်သူ လူထုရဲ့ လိုအပ်ချက်တွေ၊ နစ်နာချက် တွေကို ရှေ့နေတစ်ယောက်အနေနဲ့ လုပ်ဆောင်ပေးသင့်တယ်လို့ ယူဆ တာတွေလည်း ရှိမယ် ထင်ပါတယ်။ ကိုစောကျော်ကျော်မင်းကလည်း ပါတီ ရဲ့ အရေးယူမှုကို လက်ခံပါတယ်” ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြား သည်။

ဦးစောကျော်ကျော်မင်းသည် ယခင်က လယ်သမား၊ အလုပ်သမား များနှင့်ပတ်သက်သော အမှုကိစ္စများ ကို အခမဲ့ အကျိုးဆောင်ပေးခဲ့သော အထက်တန်းရှေ့နေ တစ်ဦးဖြစ်သည်။ ၂ဝဝ၁ ခုနှစ်ကတည်းက အန်အယ်လ် ဒီပါတီသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး၊ ပြီးခဲ့သော မြောက်ပိုင်းခရိုင် ညီလာခံတွင် အတွင်းရေးမှူးအဖြစ် ရွေးချယ် ခံခဲ့ရခြင်းဖြစ်သည်။ ယင်းသည် လက်ပံတောင်းတောင် အရေးကို အစိုးရက အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်ကို တရား စွဲဆိုခဲ့ရာ တရားရုံးမှ ပလပ်လိုက်ကြောင်း သိရသည်။

ဝ၈၇

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*