တိုင်းရင်းသားသတင်း — ဇန်နဝါရီ ၂၃၊ ၂ဝ၁၃

မြန်မာအစိုးရ အနေဖြင့် အပစ်အခတ် ရပ်စဲရေး ကတိပေး ပြောကြားပြီး ဖြစ်သော်လည်း နိုင်ငံမြောက်ပိုင်း ဒေသများတွင် ဇန်နဝါရီ ၁၉ ရက် အထိ တိုက်ပွဲများ ဆက်လက်ဖြစ် ပွားလျက်ရှိနေသေးကြောင်း၊ ကချင် တိုင်းရင်းသား လက်နက်ကိုင် တို့က ပဋိပက္ခ အဆုံးသတ်ရေးအပေါ် ကြီးစွာသော သံသယဖြင့် ပြောကြား လိုက်သည်။

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း နှင့် တရုတ်နိုင်ငံတို့ ထိစပ်လျက်ရှိ သော နယ်စပ်ဒေသအနီး၊ လဂျားယန် ဒေသ တစ်ဝိုက်ရှိ ကချင်လက်နက်ကိုင်တို့ကို တိုက်ခိုက်ခြင်း များအား ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ မြန်မာစစ်တပ်က ဇန်နဝါရီ ၁၈ ရက် တွင် ကြေညာခဲ့ပြီးဖြစ်သည်။ အပစ်အခတ်ရပ်စဲမှုကို ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် စတင် အကျိုး သက်ရောက်စေ မည်ဖြစ်ကြောင်း၊ ကချင်လက်နက်ကိုင်တို့ ဝန်းရံထား သော မြန်မာစစ်တပ်စခန်းဒေသ တစ်ဝိုက် လုံခြုံရေး ရှင်းလင်းဆောင်ရွက် ပြီးစီးသဖြင့် ယခုကဲ့သို့ အပစ်အခတ် ရပ်စဲခြင်းဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ်မ တော်(ကေအိုင်အေ)မှ အရာရှိ တစ်ဦးက လဂျားယန်ဒေသတစ်ဝိုက် တွင် ပစ်ခတ်သံများ တိတ်ဆိတ်နေ ခဲ့သော်လည်း အခြားသော ကချင် လက်နက်ကိုင်တို့ ထိန်းချုပ်ရာဒေသ အနည်းဆုံး ၃ နေရာခန့်တွင် ဇန်နဝါရီ ၁၉ ရက်အထိ တိုက်ပွဲများ ဖြစ်ပွားဆဲ ရှိကြောင်း အတည်ပြုပြော ကြားခဲ့သည်။ အဆိုပါ အရာရှိ သည် ပြောရေးဆိုခွင့်ရှိသူ မဟုတ်သဖြင့် အမည်နာမထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

ကချင်လက်နက်ကိုင် အရာရှိ၏ အဆိုအရ လိုင်ဇာမြို့မြောက်ဘက် နှင့် တောင်ဘက်ရှိ ခပေါ့နှင့် ခယားဘမ် တောင်ကုန်း စခန်းများတွင် နောက်ဆုံး တိုက်ပွဲများဖြစ်ပွား ခဲ့သလို ကီလိုမီတာ ၁၆ဝ ကျော်ကွာဝေး သည့် ဖားကန့်ဒေသတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဒေသတစ်ခုချင်းစီသို့ မြန်မာစစ်တပ်က တိုက်ပွဲဆင်နွှဲခဲ့ ကြောင်း ယင်းက ပြောကြားခဲ့သော် လည်း အတည်ပြုရန် မဖြစ်နိုင်သေးချေ။

သမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ဖြစ်သူ ဦးရဲထွဋ်ကမူ မြန်မာ စစ်တပ်က တိုက်ခိုက်မှုအသစ်များ ပြုလုပ်ခဲ့သည် ဆိုခြင်းကို ငြင်းဆို လိုက်ပြီး ထိုးစစ်အားလုံးကို လုံးဝ ရပ်တန့်ထားကြောင်း ပြောကြားသွား ခဲ့သည်။

သို့ရာတွင် ဦးရဲထွဋ်က မြန်မာစစ်တပ် အနေဖြင့် တိုက်ခိုက်ခံရမှု ရှိခဲ့ပါက လက်တုံ့ပြန်ရလိမ့် မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည့်အပြင် မိမိကိုယ်ကို ခုခံကာကွယ်သည်မှ လွဲ၍ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် ညွှန်ကြားထားသည့်  သမ္မတ၏ ညွှန်ကြားချက်အပေါ် မြန်မာစစ်တပ်၏ ကတိပြုချက်ကို ထပ်မံဖော်ပြခဲ့သည်။

ဇန်နဝါရီ ၁၉ ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအကြောင်းကိုမူ ဦးရဲထွဋ်က တိုက်ရိုက်အတည်ပြု ပြောကြားခဲ့ခြင်း မရှိပေ။ သို့ရာတွင် ဖားကန့်ရှိ ရဲစခန်းကို အရုဏ်မတက်မီ အချိန်က သူပုန်တို့ ဝင်ရောက် တိုက်ခိုက်မှုကြောင့် ရဲအဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ရကြောင်း ထုတ် ဖော်ပြောကြားသွားခဲ့သည်။

လိုင်ဇာမြို့မှ ကီလိုမီတာ ဒါဇင် များစွာ ကွာဝေးသော ဗန်းမော်မြို့ အနီး အဝေးပြေးလမ်းမတစ်နေရာ တွင် ခရီးသည် တင်ယာဉ် ၃ စီး ပါ ယာဉ်တန်း ဖြတ်သန်း စဉ် မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့သဖြင့် အရပ်သား ဦးရေ ၂ဝ ခန့် ဒဏ်ရာရရှိခဲ့ ရကြောင်းလည်း ဦးရဲထွဋ်က ထည့်သွင်း ပြောကြားခဲ့သည်။

 ကေအိုင်အေတို့နှင့် လက်တွဲ၍ မြန်မာစစ်တပ်ကို တိုက်ပွဲဝင်နေသော  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF) အဖွဲ့ဝင် တစ်ဦးဖြစ်သော မင်းဌေးကလည်း ခယားဘမ်ရှိ ကချင်စခန်း တစ်ခုကို မြန်မာစစ်တပ်က ဇန်နဝါ ရီ ၁၉ ရက်တွင် အမြောက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြေကြားခဲ့သည်။

ထိုးစစ်များ ရပ်ဆိုင်းမည်ဟု လွန်ခဲ့သည့် ညတွင် အစိုးရက ကြေညာခဲ့သော်လည်း လက်တွေ့၌ မူ အစိုးရ တပ်ဖွဲ့များက အစုအပြုံလိုက် ပစ်ခတ်လျက် ရှိဆဲပင် ဖြစ် ကြောင်းလည်း မင်းဌေးက ပြောကြားသွားခဲ့သည်။

ရာနှင့် ချီ၍ ရှိသော အစိုးရ မြေပြင်တပ်ဖွဲ့ဝင်များသည် လဂျား ယန်ဒေသတစ်ဝိုက်ရှိ ကချင်တို့၏ တောင်ကုန်း စခန်း ၃ ခုမှ အင်အား နည်းပါးသည့် ကချင် လက်နက်ကိုင်များ ဆုတ်ခွာ သွားစေရန် ဖိအားပေး သည့်အနေဖြင့် ဒေသအနှံ့ တိုက်ခိုက် ဖျက်ဆီးခဲ့ကြကြောင်းလည်း ပြောကြားခဲ့သည်။

ထိုးစစ်ရပ်ဆိုင်းမည်ဟုဆိုသော မြန်မာစစ်တပ်၏ ဇန်နဝါရီ ၁၈ ရက် ကြေညာချက်တွင် ဒီဇင်ဘာလ တိုက်ပွဲများမှ ယနေ့အထိ စစ်သည် ၃၅ ဦးကျဆုံးပြီး ၁၉ဝ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ကချင် တို့ဘက်မှ အသေအပျောက် စာရင်းကို မသိရှိရသော်လည်း အရပ်သားများ သေဆုံးမှုရှိကြောင်း သိရှိရသည်။

စစ်ပွဲများ ပြန်လည် စတင်ခဲ့သည့် ၂ဝ၁၁ ခုနှစ်မှ ယနေ့အထိ သူပုန်တို့နှင့် တိုက်ပွဲငယ်ပေါင်း ၁ဝ၉၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ သူပုန်တို့က လမ်းနှင့်တံတားဖောက်  ခွဲဖျက်ဆီးမှုပေါင်း ၁၃၃ ကြိမ်ပြု လုပ်ခဲ့ကြောင်း၊ လက်နက်ကိုင် တို့ မြှုပ်နှံသော မြေမြှုပ်မိုင်းများကြောင့် အနည်းဆုံး အကြိမ် ၃ဝ ခန့်ပေါက် ကွဲမှုများ ဖြစ်ပေါ်ကာ အရပ်သား များ ထိခိုက် ဒဏ်ရာ ရရှိခဲ့ရကြောင်း လည်း ဖော်ပြခဲ့သည်။

Ref: Myanmar’s Kachin Rabels say Fighting Continues AP

ဝ၃၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*