လူမှုရေးသတင်း — ရန်ကုန်၊ မတ် ၁၉၊ ၂ဝ၁၃

ပြည်တွင်းစစ် ရပ်စဲရေးနှင့် တိုင်းပြည် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ဟူသော ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့မှ လိုင်ဇာအထိ ၃ လကျော်ကြာ လမ်းလျှောက်ခဲ့သော ကိုရန်နိုင်ထွန်း ဦးဆောင်သည့် ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့သည် မတ် ၁၈ ရက် တွင် လိုင်ဇာမြို့ပေါ်သို့ ရောက်ရှိလာရာ ယင်းတို့ အနေဖြင့် တိုင်းရင်းသား အချို့၏ အမုန်းစွဲ တရားများကို ငြိမ်းချမ်းရေး ခြေလှမ်းများဖြင့် ဖျက်သိမ်းလိုပါ ကြောင်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ ပြည်သူလူထု၏ အားထုတ်မှုသည် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ စားပွဲဝိုင်းပေါ်တွင် ဆွေးနွေး သည့် ကြိုးစားမှု နည်းတူ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ပထမခြေလှမ်း အစဟု ထင်မြင်မိကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမို ကရက်တစ် တပ်ဦးမှ ကိုမင်းဌေးကလည်း မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။

ကိုရန်နိုင်ထွန်း ဦးဆောင်သည့် အဖွဲ့အား  ကချင်ပြည်သူလူထုနှင့် အတူ ကချင် လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးတို့က နွေးထွေးစွာ တွေ့ဆုံ ကြိုဆိုခဲ့ကြသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပြည်သူများ ယခုလိုပူးပေါင်းပါဝင်ကာ ပဋိပက္ခ ဖြစ်ပွားနေရာများသို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက် တွေ့ဆုံကာ အားပေးမျှဝေခြင်း သည် ထာဝရ တည်တံ့သော ငြိမ်းချမ်းရေး အတွက် သာမက တိုင်းရင်းသား လူမျိုးစုများ၏ ရင်ထဲတွင် ခိုအောင်းနေသည့် အမုန်းတရား၊ အာဃာတ၊ နာကြည်း အစွဲများ ကို ချေဖျက်နိုင်မည့် ခရီးစဉ် အဖြစ် ရှုမြင်မိသည်ဟု ကိုမင်းဌေးက ထပ်မံပြောခဲ့သည်။

ကိုရန်နိုင်ထွန်းက “ကျွန်တော်တို့ လိုင်ဇာအထိ ရောက်အောင် သွားမယ်။ ငြိမ်းချမ်းရေးအလံတွေ စိုက်မယ်လို့ ဒီလမ်းလျှောက်မှု စတင်ကတည်းက သန္နိဋ္ဌာန်ချခဲ့ပါတယ်။ ဒီကြားထဲမှာ ကျွန်တော်တို့ အဖွဲ့ထဲက မကျန်းမာမှု တွေလို အခက်အခဲလေးတစ်ချို့လည်း ရင်ဆိုင်ရပါ တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ က လိုင်ဇာအထိပဲ ရည်စူးပြီး မဖြစ် မနေလျှောက် လှမ်းမြဲလျှောက်လှမ်းခဲ့တယ်။ အခုလိုလုပ်ရခြင်းကြောင့် အပစ်အခတ်တွေ လုံးဝ ရပ်စဲချင်မှ ရပ်စဲမယ်။ ဒါပေမယ့် သမိုင်ြးွေကးလို ဖြစ်နေတဲ့ ကချင် တိုင်းရင်းသားတွေ ရင်ထဲမှာ ရှိနေတဲ့ အမုန်းတရား အစွဲတွေကို ဖျက်ပေးချင်တာ။ ကျွန်တော်တို့နဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့တဲ့အခါ သူတို့ဟာ ငါတို့နဲ့ တစ်သားတည်း ရှိနေပါလား ဆိုတဲ့စိတ်၊ အဲဒီစိတ်ကလေးဖြစ်ရင် အမျိုးသားသင့်မြတ်ရေး၊ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေး ရနိုင်မယ်လို့ ယုံတယ်။ ဒီအတွက် လုပ်ဖြစ်တာပါ” ဟု  ယင်းတို့၏ ရည် ရွယ်ချက်ကို ရှင်းပြခဲ့သည်။

ဆက်လက်၍ အေဘီအက်စ်ဒီအက်ဖ်မှ ကိုမင်းဌေးက “အခုစစ်ပွဲတွေ ဖြစ်နေတယ်ဆိုတာက နိုင်ငံရေး ပြဿနာပါ။ တိုင်းရင်းသား အဖွဲ့တွေနဲ့ ကျွန်တော် တို့ တောင်းဆိုနေတာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းဖို့ပါပဲ။ အဲဒါကို စစ်ရေးနည်းနဲ့ ဖြေရှင်းရင်တော့ ဘယ်တော့မှ ပြေလည်မှာ မဟုတ်ပါဘူး။ နောက်ဆွေးနွေးပွဲတွေ မှာလည်း နိုင်ငံရေး ဆွေးနွေးတဲ့ အဆင့် မရောက်ရင်တော့ ပြေလည်နိုင်မယ် မထင်ဘူး” ဟုလည်း ဖြည့်စွက် ပြောပါသည်။

ကချင်ဒေသသို့ လမ်းလျှောက်သွားရန် စိတ်ကူးအား မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် သတင်းသမား အချို့ကို ဖိတ်ကြားကာ ခရီးစဉ်ကို အသိပေး ခဲ့စဉ်က လူငယ်(၁၂) ဦးသာ ပါရှိပြီး ဇန်နဝါရီလ ၊ ၂ဝ ရက်တွင် ရွှေတိဂုံဘုရား ကုန်းတော်၊ အောင်မြေ၌ သစ္စာဓိဌာန်ပြုကာ ဇန်နဝါရီလ  ၂၁ ရက်တွင် ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့မှ မနက်(၇)နာရီ တွင် စတင် ခရီးထွက်ခဲ့ကြသည်။

 ရန်ကုန်မြို့နေ ရဟန်းရှင်လူ ပြည်သူများက သောင်းသောင်း ဖျဖျ ဩဘာပေးခဲ့ကြသကဲ့သို့ အာဏာပိုင်များက လည်း စောင့်ကြည့် သတိပေးမှုများ ရှိခဲ့ပြီး အချို့ကလည်း မိုင်ထောင်ချီဝေးသည့် ခရီးရှည်ကြီးကို ရောက်မှ ရောက်နိုင်ပါ့ မလား ဟူသည့် သံသယနှင့် ဝေဖန်မှုများ ရှိခဲ့သည်။

သို့ရာတွင် လမ်းခရီး တစ်လျှောက်၌ လှည်းကူး(၂၁-၁-၁၃)၊ ပဲခူး(၂၂-၁-၁၃)၊ ဘုရားကြီး(၂၃-၁-၁၃) စသဖြင့် မြို့များတွင် နားနေ ဖြတ်သန်းခဲ့ကြရာ ပဲခူးတွင် သက်ဆိုင်ရာ အာဏာပိုင်တို့က အလံမလွှင့်ရန်နှင့် အရပ်သား ခရီးသွားများကဲ့သို့ လျှောက်ရန် ကတိ လက်မှတ် ထိုးစေခဲ့သည်။

သို့ဖြင့် လမ်းတစ်လျှောက် လမ်းလျှောက်သူ အရေအတွက် တိုးပွားလာ ပြီး ရဟန်းသံဃာများလည်း ပါဝင် လာခဲ့သည်။ ရေနီ(၃၁-၁-၁၃)၊ လယ်ဝေး(၁-၂-၁၃)၊ ပျဉ်းမနား(၂-၂-၁၃) စသဖြင့် ဖြတ်သန်းခဲ့ကာ ၃ ပတ်မြောက်နေ့ ၁ဝ.၂.၂ဝ၁၃ တွင် လမ်းလျှောက်သူများ အင်အား ၅ဝ  ခန့်မှာ မန္တလေးတိုင်း ပုလိပ်မြို့သို့ ရောက်ရှိ ခဲ့သည်။ သံဃာတော်အချို့  နှင့် လိုက်ပါလမ်းလျှောက်ခဲ့သူအချို့  မှာ ခြေထောက်ယောင်ယမ်းခြင်း၊  နှာခေါင်းသွေးလျှံခြင်းများ ခံစားခဲ့ကြရသည်။ လမ်းခရီးတစ်လျှောက် သက်ဆိုင်ရာ အာဏာပိုင်အချို့၏ တားမြစ် ပိတ်ပင်ခံရခြင်းများနှင့် ခရီးပင်ပန်းသည့် ဒဏ်များကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ကြပြီး မတ်လ၊ ၁၈ ရက်တွင် လိုင်ဇာ သို့ အောင်မြင်ချောမွေ့စွာ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ဝ၈၂

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*