ခေါင်းကြီးသတင်း ပြည်တွင်းသတင်း — ရန်ကုန် ဇန်နဝါရီ ၂၉၊ ၂၀၁၇

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥပဒေအကြံပေး ဦးကိုနီ သည် ယနေ့ ညနေ ၅ နာရီခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ခန်းမ Terminal 1 မှ အထွက် ကားပါကင်၌ သေနတ်သမား တစ်ဦး၏ အနီးကပ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး ဦးကိုနီသည် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့နှင့် မာလူကူပြည်နယ် တို့၌ ဇန်နဝါရီ ၂၂ ရက်မှ ၂၉ ရက် အထိ ကျင်းပခဲ့သော Senior Leadership Program လေ့လာရေး ခရီးသွားရောက်ပြီး နောက် ညနေ ၄ နာရီ မိနစ် ၄၀ တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိစဉ် သေနတ်သမား တစ်ဦးက ဦးခေါင်းကို အနီးကပ် သေနတ်ဖြင့် လုပ်ကြံခဲ့ခြင်း ဖြစ်သည်။

လုပ်ကြံသူမှာ ဦးကိုနီအား ပစ်ခတ်ပြီး ထွက်ပြေးစဉ် ဟန့်တား ဖမ်းဆီးသော ယာဉ်မောင်း တစ်ဦးကိုလည်း သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အဆိုပါ ယာဉ်မောင်းမှာ ဘယ်ဘက်ဆီးခုံ သေနတ်ဒဏ်ရာရရှိပြီး သေဆုံးသွားပြီဖြစ်သည်။

သေဆုံးသူမှာ အသက် ၄၀ အရွယ်ခန့် ကိုနေဝင်းဖြစ်ပြီး သေနတ်သမားအား အုတ်ခဲနှင့် လှမ်းပစ်၍ ဖမ်းဖို့ကြိုးစားရင်း အပစ်ခံရတာဖြစ်ပြီး ဆီးခုံကို ထိပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

ယနေ့ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းတွင် ရန်ကုန်လေဆိပ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ပြီး လုပ်ကြံသူကို ဖမ်းဆီးမိထားကြောင်း ကနဦး သတင်းရရှိသည်။

သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံသူကိုလည်း လေဆိပ်အဝင်ဂိတ်၌ အရှင်ဖမ်းဆီးရမိကြောင်း သေနတ်ဖြင့် ပစ်ခတ်သူမှာ မန္တလေး မှတ်ပုံတင် ကိုင်ဆောင်ထားသည့် ဦးကြည်လင်း ဆိုသူ ဖြစ်ကြောင်း ကနဦးသတင်းများ အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*