လူမှုရေးသတင်း — ရန်ကုန်၊ မတ် ၂၇၊ ၂၀၁၂

သုခကုသိုလ်ဖြစ်ဆေးခန်း၏ ၅ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် သုခကုသိုလ်ဖြစ် မျက်စိခွဲဆေးရုံ ဖွင့်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်ဟု အဆိုပါဆေးခန်း၏ ဥက္ကဋ္ဌ ဦးကျော်သူက မြန်မာအင်ဒီပဲန်ဒင့်နယူးဂျာနယ်သို့မတ်လ ၂၇ ရက် နေ့ကပြောကြားခဲ့သည်။

သုခကုသိုလ်ဖြစ်ဆေးခန်း၏ ၅ နှစ်ပြည့်အခမ်းအနားကို မတ်လ ၂၇ ရက်နေ့တွင် အဆိုပါဆေးခန်းဝင်းအတွင်းရှိ FFSS အဆောင်တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ဆရာဝန် ဆရာမများနှင့် အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး လိုအပ်သည်များ​ တောင်းဆို ဆွေးနွေးကြသည်။ ““မျက်စိခွဲဆေးရုံအတွက် ကျွန်တော်တို့ လေဆာနဲ့ မျက်စိခွဲတိမ်ထုတ်တဲ့စက်ကို ပြင်ဆင်နေပါတယ်”” ဟု ဥက္ကဋ္ဌဦးကျော်သူက ပြောကြားသည်။

မျက်စိခွဲဆေးရုံဖွင့်ရန်အတွက် ခွဲစိတ်ခန်းနှင့်စက်ပစ္စည်းများ အသင့်ရှိနေပြီးဖြစ်ကြောင်း၊ အလှူရှင်များလည်း အသင့် ရှိနေပြီဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ကျန်းမာရေးမှ လာရောက်စစ်ဆေး ညွှန်ကြားသည်များကို အမြန်ဆုံးအကောင်အထည်ဖော်၍ မျက်စိခွဲစိတ်ခန်း အမြန်ဆုံး ဖွင့်မည်​​​​​​​​​  ဖြစ်ကြောင်း၊ အဆိုပါ ဆေးခန်းအဖွဲ့၏ အုပ်ချုပ်ရေး မှူး ဧရာမောင်မောင်က ပြောကြားသည်။

ထိုဆေးခန်းတွင် တစ်ဆယ့်ရှစ်နှစ်ကြာ ကျီးပေါင်းရောဂါကုသခံနေသူတစ်ဦးသည် ဘိုကင်ယူရန်အတွက် နံနက်သုံးနာရီက လာစောင့်နေပြီး နံနက်ကိုးနာရီတွင် ဘိုကင်ပေးကြောင်း၊ ဆေးကုသခံယူရာ၌ အခြားအခက်အခဲမရှိကြောင်း ပြောကြားသည်။ မျက်စိအတွင်းတိမ်ကို လာရောက် ကုသသော ဦးတင်ငွေက ““အခမဲ့ဆိုတော့ ဦးတို့အနေနဲ့ ဝမ်းသာတာပေါ့၊ အကုန်အကျလည်းသက်သာတယ်ဆိုတော့”” ဟု ပြောကြားသည်။

သုခကုသိုလ်ဖြစ် ဆေးခန်း(ရန်ကုန်)တွင် မျက်စိခွဲစိတ်ဆရာဝန်အယောက် ၂ဝ ခန့်ရှိကြောင်း၊ မျက်စိခွဲဆေးရုံ မဖွင့်မီအချိန်ကတည်းက အဆိုပါဆေးခန်းတွင် မျက်စိရောဂါသည်များအား ကုသပေးလျက်ရှိကြောင်း၊ မျက်စိခွဲဆေးရုံဖွင့်ရခြင်းသည် လူနာများ၏​တောင်းဆိုမှုဖြစ်ကြောင်း သိရသည်။ နယ်မှရောဂါလာ ရောက်ကုသသူများသည် ဘိုကင်ယူရာတွင် အခက်အခဲရှိကြောင်း၊ ဆေးကုသရာတွင် အလှည့်ကျ လာရောက် ကုသပေးသော ဆရာဝန်များ ရှိသော်လည်း အချိန်ပြည့်ဆရာ ဝန်မရှိသည့်အတွက် အခက်အခဲများရှိကြောင်း သတင်းရရှိသည်။

သုခကုသိုလ်ဖြစ်ဆေးခန်းသည် အထိန်းအမှတ်အခမ်းအနားများနှစ်စဉ် ကျင်းပခဲ့ပြီး ယခု ၅ နှစ်ပြည့် အခမ်းအနားတွင် ဆေးခန်း၌ အချိန်ပြည့် ဆရာဝန်တစ် ဦးခန့်ထားရန်ဆုံးဖြတ်ကာ သုခကုသိုလ်ဖြစ်ဆေးခန်း၌ အခမဲ့ကုသပေးကြသော ဆရာဝန်၊ ဆရာမများအား ကျေးဇူးတင်ကြောင်း၊ ဥက္ကဋ္ဌကြီး ဦးကျော်သူက ပြော ကြားသွားခဲ့သည်။


၀၀၃

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.