လူမှုရေးသတင်း — မန္တလေး၊ ဇန်နဝါရီ ၂ဝ၊ ၂ဝ၁၃
သုခရိပ်မြုံ ဂေဟာ

သုခရိပ်မြုံ ဂေဟာ

ယာယီ အဆောက်အဦဖြင့် တစ်နိုင်တစ်ပိုင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော မန္တလေးမြို့၏ တစ်ခု တည်းသော (အိတ်ခ်ျအိုင် ဗွီ) ကူးစက်ခံ ကလေးသူငယ် များ ပြုစုစောင့်ရှောက်ရေး အဖွဲ့အစည်းဖြစ်သည့် သုခရိပ်မြုံ(မန္တလေး) လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာကို ပြည်ကြီးတံခွန် မြို့နယ်၊ ၆၂ လမ်း (ပန်းခြံလမ်း)ရှိ ဘုံပျံတောရမြဝတီ မင်းကြီး ကျောင်း တိုက်တွင် ဇန်နဝါရီ ၁၉ ရက်၊ မွန်းလွဲ ၁ နာရီက အောင်မြင်စွာဖွင့်လှစ်နိုင် ခဲ့သည်။

ယခင်က အဆိုပါပရဟိတ ဂေဟာကို မန္တလေးမြို့ ၆၅ လမ်း (၃၄ လမ်းနှင့် ၃၅ လမ်းကြား)တွင် ယာယီအားဖြင့် ဖွင့်လှစ်ထားရှိခဲ့ပြီး ထိုစဉ်ကတည်းက ပြုစုစောင့်ရှောက် မည့်သူမရှိသည့် (အိတ်ခ်ျအိုင်ဗွီ)ကူး စက်ခံ ကလေး သူငယ်များကို မန္တလေး စာပေအသိုင်းအဝိုင်းနှင့် လူမှုရေး ပရဟိတစိတ် ထက်သန်သူများက တာဝန်ယူ ပြုစုစောင့်ရှောက် ထိန်းသိမ်းပေးခဲ့ကြသည်။

အိတ်ခ်ျအိုင်ဗွီ ဝေဒနာခံစား နေရသော ကလေးသူငယ်များနှင့် အိတ်ခ်ျအိုင်ဗွီ၏ ဆိုးကျိုးများ သက်ရောက်မှု ခံယူနေရသော ကလေး သူငယ်များ (HIV Infected)ကို ယင်းတို့ အသက်ရှင်နေထိုင်နိုင်သမျှ ကာလ အပိုင်းအခြားတွင် ကြင်နာစွာ ဖြင့် မိသားစုအခွင့်အရေးများ တတ် နိုင်သမျှ အပြည့်အဝရရှိခံစားနေထိုင် ရေးကိုရှေးရှု၍ တတ်နိုင်သမျှ မတည်လှူဒါန်းငွေ များဖြင့် အဆိုပါပရဟိတ ဂေဟာ(ယာယီ)ကို စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြခြင်းဖြစ် သည်ဟု တာဝန်ရှိသူ တစ်ဦး၏ ပြော ပြချက် အရ သိရသည်။

အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံမိဘမဲ့ ကလေးသူငယ်များအား စနစ်တကျ ပြုစုစောင့်ရှောက်ပြီး မိသားစုပုံစံဖြင့် နေထိုင် ကြီးပြင်းသွားစေရန် ရည် ရွယ်ချက်ဖြင့် တည်ထောင်ထားရှိ သည့် သုခရိပ်မြုံ(မန္တလေး)လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေ ဟာတွင် အမိ အဖနှစ်ဦးစလုံး မရှိတော့သည့် အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံကလေး သူငယ်များ၊ အမိအဖတစ်ဦးရှိသော် လည်း အိတ်ခ်ျအိုင်ဗွီ ဝေဒနာခံစား နေရခြင်းကြောင့် ကလေးသူငယ် အား စောင့်ရှောက်ရန် အခြေအနေ မရှိသည့် အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံ ကလေးသူငယ်များ၊ အခြေအနေ အရပ်ရပ်ကို ထောက်ရှု၍ ပြုစုစောင့် ရှောက်ရန် လိုအပ်နေသည့် အိတ်ခ်ျ အိုင်ဗွီ ကူးစက်ခံ ကလေးသူငယ် များကို အသက် ကန့်သတ်ချက်အနေ ဖြင့် ၁ နှစ်ခွဲမှ ၁၂ နှစ်အထိ လက်ခံထားရှိ မည်ဖြစ်ကြောင်းကို လည်းသိရသည်။

“၁ နှစ်ခွဲကနေ ၁၂ နှစ်အထိ ကလေးတွေကိုပဲ လက်ခံမှာပါ။ ၁၂ နှစ်ကျော်တဲ့ ကလေးတွေကျတော့ အပြင်စိတ် တွေ ရှိနေတော့ ထိန်းရသိမ်းရတာ မလွယ်ဘူး။ ငယ်ငယ်လေး ကတည်းက ပြုစုစောင့်ရှောက် လာတဲ့ ကလေးတွေ ကျတော့ ထိန်းရသိမ်းရတာလွယ်တယ်။ ကျွန်တော်တို့က ကလေးတွေရဲ့ တစ်သက်တာ အတွက် တာဝန်ယူပြီး ကျန်းမာရေး၊ ပညာရေးစသဖြင့် မိသားစုဘဝ အခွင့်အရေးတွေကို အပြည့်အဝခံ စားစေမှာပါ” ဟု တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

အလှူရှင်များလှူဒါန်းထားသော အသင်းပိုင်မြေနေရာတွင် အဆောက် အဦဆောက်လုပ်ပြီး ကလေးသူငယ် များအား ကျန်းမာရေး၊ ပညာရေး အစရှိသဖြင့် စိတ်ရောကိုယ်ပါ လုံခြုံ မှုရရှိစေရန်နှင့် စည်းကမ်းစနစ်ကျန စွာစောင့်ရှောက် သွားမည်ဖြစ်ကြောင်း လည်းသိရသည်။

လက်ရှိ အချိန်အထိ အဆိုပါ ပရဟိတဂေဟာတွင် ကူးစက်ခံ ယောကျာ်းလေး ၆ ဦးနှင့် မိန်းကလေး ၅ ဦး စုစုပေါင်း ကလေးသူငယ် ၁၁ ဦးကို စောင့်ရှောက်ထားကြောင်း နှင့် ဆက်သွယ် လှူဒါန်းလိုသူများ သာမက အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံ ကလေးသူငယ်များ အကူအညီလို အပ်မှုများအတွက် သုခရိပ်မြုံ(မန္တလေး) လူငယ်ဖွံ့ဖြိုးရေး ပရဟိတအသင်း အမှုဆောင် အဖွဲ့ဝင်များထံသို့ တိုက် ရိုက် ဆက်သွယ်နိုင်ကြောင်း သိရ သည်။

ဝဝ၉

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*