လူမှုရေးသတင်း — ရန်ကုန်၊ မတ် ၂၉၊ ၂ဝ၁၃

ရွှေဝါရောင် သံဃာတော်များ ကွန်ရက်နှင့် ငြိမ်းချမ်းမှု တည်ဆောက်မှု ကွန်ရက် (လူသားချင်း စာနာမှု အကူ အညီ ပေးရေး) အဖွဲ့အစည်း များသည် ရန်ကုန်မှ နေ့လယ် ၂ နာရီခွဲတွင် ထွက်ခွာပြီး  ညနေ ၅ နာရီခွဲတွင် မင်းလှမြို့သို့ ရောက်ရှိကာ မင်းလှမြိုနှင့် ၅ မိုင်အကွာ အင်းဘုတ်ရွာတွင် လာရောက်ခိုလှုံနေသည့် အိုးသည်ကုန်း၊ မင်းလှ၊ အုတ်ဖိုရပ်မှ ဒုက္ခရောက်နေသည့် ပြည်သူများအား ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာ အာဏာပိုင်များ၏ အကူအညီဖြင့် ကယ်ထုတ်နိုင် ခဲ့ကြောင်း နှင့်ပုဒ်မ ၁၄၄ ထုတ်ထား သဖြင့် ကူညီ ရေး လုပ်ငန်းတွင် အခက်အခဲ ရှိသော်လည်း အာဏာပိုင်များမှာ လုံခြုံရေး စောင့်ရှောက်ပေးမှု၊ အချိန် အကန့် အသတ် အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက် မှုများ ပြုလုပ်ပေးခဲ့သလို ရွာခံများက လည်း ဗုဒ္ဓဘာသာများပီပီ သဘောထား ကြီးစွာဖြင့် အစ္စလာမ် ဘာသာဝင်များ လုံခြုံမှုရစေရန် ယာယီ စောင့်ရှောက် မှုများ ပြုလုပ် ထားသည်ကို ဝမ်းသာ ကြည်နူးဖွယ် တွေ့မြင်ခဲ့ရသည်ဟု အရှင်ပဏ္ဍဝံသ(ခ) ဦးပြည် ကျော်က မတ် ၂၉ ရက်၌ ရန်ကုန်မြို့၊ ပုဇွန်တောင် မြို့နယ်၊ ရွှေတောင် ကျောင်း တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မိန့်ကြား ခဲ့သည်။

ယင်းက ဆက်လက်ပြီး အာဏာပိုင်များ၏ ပဋိပက္ခ အဓိကရုဏ်း နှိမ်နင်းရေး ဗျူဟာ ညံ့ဖျင်းမှုကြောင့် ပြဿနာ များသည် ဆက်တိုက် ဆိုသလိုဖြစ်လာရသည်ဟု သုံးသပ် ရာတွင် ပဋိပက္ခတွေဖြစ်ပြီး နောက်ပိုင်းမှသာ ပုဒ်မ ၁၄၄ ပုဒ်မ ၁၈၈တို့ကို ထုတ်ပြန်ခြင်း ဖြစ်သကဲ့သို့ ထုတ်ပြန်ပြီး နောက်ပိုင်းတွင်လည်း အချို့နေရာများတွင် အိမ်မီးလောင်မှု၊ မီးရှို့မှု ၊ ဖျက်ဆီး မှုများ ဆက်လက် ဖြစ်ပွားလျက် ရှိသည်ကို တွေ့မြင်ကြားသိနေရကြောင်း နှင့် နယ်မြို့များ သာမက ရန်ကုန်မြို့ ကြီးရှိ ပြည်သူများ သည်လည်း အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ ဒုက္ခများ ခံစားခဲ့ရပြီး မတ် ၂၈ ရက် သမ္မတကြီး မိန့်ခွန်းပြော ကြားပြီးနောက် တည်ငြိမ်မှုများကို တွေ့လာ ရကြောင်း မိန့်သည်။

တစ်ဖက်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆွဲနေသလို တစ်ဖက် တွင်လည်း တရားဥပဒေစိုးမိုးရေးကို  အရှိန်မြှင့် လုပ်ဆောင်နေစဉ် ကာလ တွင်းမှာပင် ယခုကဲ့သို့ အကြမ်းဖက် လုပ်ရပ်များ ဖြစ်ပွားခဲ့ရခြင်း အပေါ် အားလုံးမှာ တာဝန်ရှိသောကြောင့် မည်သူ့ကို မျှအပြစ်တင် မနေဘဲ ကာကွယ်နိုင်ရန် သာကြိုးပမ်း သင့်ကြောင်း မိန့်သည်။

မင်းလှမြို့ရှိ သက်ဆိုင်ရာဒေသခံ အာဏာပိုင်များသည် ဒုက္ခရောက်ပြည် သူများအား ကယ်တင်လိုသော်လည်း  ဒုက္ခသည် စခန်းနေရာ အတွက် အခွင့် မသာခဲ့သဖြင့် ယခုကဲ့သို့ အရပ်ဖက် လူ့အဖွဲ့အစည်းနှင့် သံဃာတော် များ၏ အကူအညီကိုယူကာ ဘေးကင်းရာသို့ ပို့ဆောင်ရေးတွင် တစ်ဖက်တစ် လမ်း မှ ပါဝင်ခဲ့ခြင်းကိုလည်း “အာဏာပိုင်တွေက ဒုက္ခသည် စခန်းဖွင့်ဖို့ ကြိုး စားငြားသော်လည်းပဲ အဲဒီဖက်မှာက ဘုန်းကြီးကျောင်းက ဝေဠုဝန် ပရိယတ္တိတိုက် တစ်တိုက်တည်းရှိတယ်။ အဲဒီတိုက် ကလည်း နိုင်ငံရေး၊ လူမှုရေး ကိစ္စနဲ့ ကင်းအောင် နေရမယ် ဆိုတဲ့ မြို့နယ် သံဃနာယက ညွှန်ကြားချက်အရ အာဏာပိုင်တွေ သွားလျှောက်တော့ တစ်ခု တည်းသော ဘုန်းကြီးကျောင်းက ငြင်းဆန် လိုက်တာက မလုပ်ချင်တဲ့ စိတ်ရှိတာ မဟုတ်ဘူး။ အခွင့်မသင့်လို့ သာဖြစ်တယ်” ဟု မိန့်သည်။

အိုးသည်ကုန်း၊ အုတ်ဖို၊ နတ်တလင်း၊ မင်းလှ အနီးတစ်ဝိုက်မှ ဒုက္ခသည်များအား သယ်ဆောင်ကယ် ထုတ်လာစဉ် အခြေအနေနှင့် ထိုဒုက္ခ သည်များအား လက်ခံ ထားသည့် အင်းဘုတ် ကျေးရွာအပါအဝင် အခြားရွာ ငယ်လေးများမှ ပြည်သူများ၏ စိတ်နေ သဘောထားနှင့် ပတ်သက်၍ ပြောကြားရာတွင် “ဦးဇင်းက ကျေးလက် ကို ရန်ကုန်မြို့ထက် သဘောကျတယ်။ သူတို့က စနစ်တွေသာ ပြောင်းသွားတယ်။ စစ်တပ်ကိုလည်း မယုံဘူး။ ရဲကိုလည်း မယုံဘူ။ ယူနီဖောင်းဝတ်ကို မယုံကြည်ဘူး။ ဒါပေမယ့် သံဃာကို မြင်လိုက်တော့ ကြောက်စိတ်တွေ ပျောက်ပြီး အားကိုးစိတ် ပေါ်လာတယ်။သူတို့ရဲ့ ကြည်ညိုရင်းခံ ကလည်းရှိတော့ ဦးဇင်းတို့ အားထုတ်မှုကြောင့် ချည်းပဲ မဟုတ်ဘဲ ဆောင်ရွက်နိုင်ခဲ့ တယ်။ ရွာတွေက ဖြတ်တော့ ရွာသားတွေကပဲ တာဝန်ယူပေးတယ်။ ဖြတ်သန်းမှု အတွက် ချစ်စရာကောင်း တာက ရဝတ ဥက္ကဋ္ဌစကားကို နားထောင်ကြတယ်။ တကယ့်ကိုပဲ လေး လေးနက်နက်နဲ့ နာခံကြတယ်။ နာခံကြတော့ ညီညွတ်ပါလျက် ဒီလိုတွေ ဖြစ်တော့ မျက်ရည်ကျတယ်” ဟုမိန့် သည်။

ဒေသခံ ပြည်သူများအား  အခင်း ဖြစ်ပွားအောင် ဆူပူလှုံ့ဆော်သူများ နှင့်စပ်လျဉ်းပြီး မေးမြန်းရာတွင်  ထို ဆူပူ သောင်းကျန်းသူ ၂ဝဝ ခန့်မှ အများစုသည် ရွာသားများ မဟုတ်ကြဘဲ ရွာထဲမှ မင်းမဲ့စရိုက် ရှိသူအချို့နှင့် ပေါင်းမိကာ အင်္ကျီချွတ်များဖြင့် လာရောက်ပြီး အိမ်များ ၊ အဆောက်အဦ များကို ဖျက်ဆီးသွားကြသည်ဟု သိရှိရပြီး ဒေသခံများ အဆိုအရ အကြမ်းဖက်မှုများသည် မတ် ၂၅ ရက်မှ ၂၉ ရက်အထိ ၄ ရက်ကြာဖြစ်ပွား ခဲ့သည်ဟု သိရသည်။

တစ်ဖန် ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက်မှ ဦးထွန်းကြည်က ဒုက္ခ သည်များအား ကယ်ထုတ်လာပြီး နောက် ဆက်လက် စောင့်ရှောက်ပေးနေမှုနှင့် ပတ်သက်၍ လာရောက် ခိုလှုံသူ ဒုက္ခသည် ဦးရေ များပြား လာမည်ဆိုပါ က ပြည်ပ အလှူရှင် များကိုပါ အကူ အညီတောင်းသွားမည် ဖြစ်သလို၊ နိုင်ငံတော်အနေဖြင့် ပွင့်ပွင့် လင်းလင်း ဆောင်ရွက်ခွင့်ပြုခဲ့မည် ဆိုလျှင်လည်း မကြာခင် နေရာဒေသ အလိုက် လိုအပ်ချက်များကို အစီရင်ခံတင်ပြသွားမည် ပြီး၊ ဆောင်ရွက်ခွင့်ပေးမှု အတိုင်း အတာပေါ် မူတည်၍ အားလုံးအတွက် အကောင်းဆုံး ဖြစ်စေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မူလနေရာ ကို အချိန်အတိုတွင်း ပြန်ရောက်စေ ရန်နှင့် ကိုယ့်အိုး ကိုယ့်အိမ် ပြန်လည် ရောက်ရှိရေးကိုပါ လုပ်ဆောင်သွား မည်ဟု ဆိုသည်။

GE DIGITAL CAMERA

ဝ၈၂၊ ယ-ဝဝ၁

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*