ပြည်တွင်းသတင်း — နယူးဒေလီ၊ အောက်တိုဘာ၊ ၂ဝ၁၂
အိန္ဒိယသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်

အိန္ဒိယသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူ ပညာသင်ကြားခဲ့ရာဖြစ်ပြီး သူ့မိခင် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ အိန္ဒိယနိုင်ငံသို့ ၂၅ နှစ်အတွင်း ပထမဆုံး ခရီးစဉ်အဖြစ် သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း ခရီးစဉ် စီစဉ်သူတစ်ဦးက ပြီးခဲ့သည့် သောကြာနေ့တွင် ပြောကြား ခဲ့သည်။

သူသည် နယူးဒေလီတွင် နိုဝင်ဘာ ၁၄ ရက်၌ ပြုလုပ်မည့် အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဂျဝါဟာလာ နေရူး အထိမ်းအမှတ် ဟောပြောပွဲတွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်းလည်း ထိုသူက ဆိုသည်။ “ဟောပြောပွဲ အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် အင်မတန် အရေးကြီးတာပါ” ဟု ဂျဝါဟာလာ နေရူး အထိမ်းအမှတ်အဖွဲ့ အတွင်းရေးမှူး တစ်ဦးက ပြောသည်။ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦးကလည်း အိန္ဒိယနိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ အပါအဝင် ဒေါ်အောင်ဆန်းစုကြည် အတွက် ကျန်အစီအစဉ်များကို လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ပြောကြားသည်။

အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက မေလ ရန်ကုန်ခရီးစဉ် သွားရောက် လည်ပတ်ခဲ့စဉ်အတွင်း ဤသို့ ဟောပြော ရန် ဒေါ်အောင်ဆန်းစုကြည် ကို ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Ref:brecorder.com

ဝ၄ဝ

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*