ခေါင်းကြီးသတင်း — အိန္ဒိယ၊ နိုဝင်ဘာ ၁၂-၁၇၊ ၂ဝ၁၂

အိန္ဒိယ ခရီးစဉ်သည် မိမိအိမ်ကို ပြန်လာရသကဲ့သို့ ခံစားမှုကိုပေးအပ်ကြောင်းနှင့်အတူ အိန္ဒိယ၏ မြန်မာ့နိုင်ငံရေး အခက်အခဲ ကာလများတွင် လျစ်လျူရှုခဲ့မှုအပေါ် ဝမ်းနည်းမိကြောင်း နိုဝင်ဘာလ ၁၂ ရက်မှ ၁၇ ရက်အထိ ၆ ရက်တာ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်း စုကြည်သည် နိုဝင်ဘာ ၁၆ ရက်က ယင်းငယ်စဉ်က တက်ရောက်ခဲ့သော လေဒီရှရီရမ် ကောလိပ်သို့ နှစ် ၅ဝ ကျော်ကြာ ဝေးကွာ ပြီးနောက် ပြန် လည်ရောက်ရှိခဲ့ရာတွင် ကောလိပ်၏ ကြိုဆိုမှုများကြောင့် လွန်စွာ စိတ်လှုပ်ရှား ထိခိုက်ကာ အိမ်ပြန် လာရသကဲ့သို့ ခံစားရကြောင်း ထုတ်ဖော် ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်က “ကျွန်မ အမြဲတမ်း လိုလို သိနေတာက ဒီနေရာကို ကျွန်မပြန်လာဖြစ်မယ် ဆိုတာပါ”ဟု စိတ်လှုပ်ရှားစွာ ဆိုခဲ့သည်။

 

ဂန္ဓီ အထိမ်းအမှတ် နေရာတွင် မေတ္တာပို့ ဆုတောင်းခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်

ဂန္ဓီ အထိမ်းအမှတ် နေရာတွင် မေတ္တာပို့ ဆုတောင်းခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်

တွေ့ဆုံပွဲတွင် ယင်းက မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို အပြည့်အဝ မရရှိသေးကြောင်း၊ ဒီမိုကရေစီ ရပိုင်ခွင့်များသည် ယင်းတို့ကို မပိုင်ဆိုင်ရချိန်တွင် လွန်စွာ တန်ဖိုး ကြီးသည်ကို သိရှိနိုင်ကြောင်း ပြောကြား ခဲ့သည်။ ကောလိပ်မှ ကျောင်း အုပ်ဖြစ်သူ မီနာရှိ ဂိုပီနာ့သ် ကလည်း “ကျွန်မတို့အတွက် အရမ်းကို စိတ်လှုပ်ရှားရတဲ့ အခိုက် အတန့်လေး ပါပဲ။ ရှင် အေးချမ်း လုံခြုံရေးအတွက် ဆုတောင်း ပေးခဲ့ကြပါတယ်။ ရှင့်ဝေဒနာတွေကိုလည်း ကိုယ်ချင်းစာ ခံစားမိခဲ့ ကြပါတယ်”ဟု ဆိုသည်။

နိုဝင်ဘာ ၁၅ ရက်တွင် ဒုတိယ သမ္မတ ဟာမစ်အန်ဆာရီနှင့် တွေ့ဆုံခဲ့စဉ်က နိုင်ငံခြားရေးဝန်ကြီး ဆယ်လ် မန်ခါရ်ရှစ်ဒ် လည်း တက်ရောက်ခဲ့ကာ ဒေါ်အောင်ဆန်း စုကြည်က “ဂန္ဓီကြီးသာ သက်ရှိထင်ရှား ရှိနေသေးရင် အိန္ဒိယက မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို အကြာကြီး လျစ်လျူရှုခဲ့တာကို သဘောတူမှာ မဟုတ်ပါဘူး။ ကျွန်မတို့ဘက်က သေချာကို ရပ်ပြီး အိန္ဒိယ အစိုးရ ကိုလည်း ကျွန်မတို့ဘက်ကို ရပ်တည်ပေးပါလို့ ပြောမယ့် လူမျိုးပါ”ဟုပြောကြားခဲ့ပါသည်။ ထို့နောက် ယင်းက အိန္ဒိယလွှတ် တော်သို့လည်း သွားရောက် တွေ့ဆုံခဲ့သည်။ ထိုစကားမျိုးကို နိုဝင်ဘာ ၁၄ ရက်က နေရူး အမှတ် တရ ဟောပြောပွဲတွင်လည်း ထည့်သွင်း ပြောကြားခဲ့ ပါသေးသည်။ ထိုနေ့က ယင်းသည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဖြစ် သူ ဒေါက်တာ မန်မိုဟန်ဆင်းနှင့် တွေ့ဆုံ ခဲ့ပါသည်။ ထို့ပြင် စွမ်းအင်ကုမ္ပဏီ လုပ်ငန်း တစ်ခုဖြစ်သော The Energy and Resources Institute TERI သို့ သွားရောက် လေ့လာခဲ့ပြီး မြန်မာနိုင်ငံ တွင်လည်း စွမ်းအင်ကဏ္ဍတွင်  ရင်းနှီးမြှုပ်နှံရန် လိုသကဲ့သို့ သဘာဝ သယံဇာတ ပစ္စည်းများကိုလည်း ထိမ်းသိမ်း ကာကွယ် စောင့်ရှောက်သင့်ကြောင်းနှင့် နိုင်ငံ အနာဂတ် လုံခြုံရေးအတွက် ထိရောက်သော စွမ်းအင် ဆိုင်ရာ မူဝါဒ ရှိသင့်ကြောင်း ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၆ ရက်တွင် လေဒီ ရှရီရမ်ကောလိပ်သာမက အိန္ဒိယ ရောက် မြန်မာ မိသားစုများနှင့် လည်း  တွေ့ဆုံ ခဲ့သည်။ နိုဝင်ဘာ ၁၇ ရက်တွင် ဘန်ဂါလူရူရှိ ကျေးလက် ဖွံ့ဖြိုးရေးစီမံချက်တစ်ခုသို့ သွား ရောက်လေ့လာခဲ့ကာ အိန္ဒိယသိပံ္ပ အင်စတီကျူ သို့လည်း သွားရောက် လေ့လာခဲ့ပါသည်။

အိန္ဒိယသည် ၁၉၈၈ ခုနှစ်များ အတွင်း မြန်မာပြည်ရှိ ဒီမိုကရေစီ ရေး လှုပ်ရှားမှုများကို ထောက်ခံခဲ့ သော်လည်း ၁၉၉၂ ခုနှစ်မှ စတင် ကျင့်သုံးသော “အရှေ့မျှော်” မူဝါဒအရ အရှေ့တောင် အာရှနှင့် အရှေ့ အာရှ နိုင်ငံများနှင့် ပိုမို ဆက်သွယ် လာခဲ့သည်။

ဝ၃၆

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*