နိုင်ငံတကာသတင်း — မတ် ၊ ၂ဝ၁၃
USAID အကြီးအကဲ Mr. Rajiv Shah

USAID အကြီးအကဲ Mr. Rajiv Shah

တစ်ချိန်က ဝါရှင်တန် အစိုးရနှင့် အနေဝေးခဲ့သော မြန်မာအစိုးရထံမှ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုရရှိလာခဲ့ ပြီးနောက် မြန်မာနိုင်ငံအတွင်း အကူအညီပေးရေး လုပ်ငန်းများ ကို အမေရိကန်ပြည်ထောင်စုက အလုံးအရင်းဖြင့် ဆောင် ရွက်လာနေပြီဖြစ်ကြောင်း၊ USAID အဖွဲ့အကြီးအကဲ Rajiv Shah က မတ် ၇ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

၂ဝ၁၂ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ အမေရိကန် သမ္မတ Barack Obama လာရောက် လည်ပတ် ခဲ့စဉ်က ချမှတ်ပေးခဲ့သည့် U.S Burma Partnership for Democracy, Peace and Prosperity  အစီအစဉ် အရ မြန်မာနိုင်ငံ အတွင်း စီမံကိန်း သုံးရပ် ဆောင်ရွက်နေပြီဖြစ်ကြောင်း Rajiv Shah က ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် ရောက်ရှိနေသော Rajiv Shah က Reuters သတင်းဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြား ရာ၌ နိုင်ငံ၏ အသွင်ပြောင်းလဲမှုအပေါ် နိုင်ငံတကာ အကူအညီများ အမြောက်အများ ပံ့ပိုး ပေးနေသည်ကို မျက်မြင် တွေ့ရှိ ရကြောင်း၊ ခက်ထန်သော စစ်အုပ်ချုပ် ရေးကာလအတွင်း ဘေးထွက်နေခဲ့ရ သည့် နိုင်ငံတွင် အစိုးရနှင့် မပတ် သက်သော နိုင်ငံတကာ အဖွဲ့အစည်း ၅၉ ခုနှင့် အလှူရှင်နိုင်ငံ ၂၂ နိုင်ငံတို့က အကူအညီ အထောက် အပံ့များ ပေးအပ်လျက်ရှိကြောင်း၊ အစိုးရနှင့် အမှန်တကယ် ထိတွေ့၊ ဆွေးနွေးမှု များကို ကျယ်ပြန့်စွာ ဆောင်ရွက်မှု များ ရှိနေသလို၊ ပြုပြင်ပြောင်းလဲမှု များတွင်လည်း စစ်မှန်သော တိုးတက်မှု များ ရှိနေပြီ ဖြစ်ကြောင်း ဖော်ပြပါရှိခဲ့သည်။

မိမိတို့၏ အကူအညီများ တွဲဖက်ဆောင်ရွက်မှုများနှင့် အားပေး ထောက်ပံ့မှုများတို့သည် စင်စစ်တွင် အစိုးရ အပေါ် အခြေအနေ အကန့်အသတ်ဖြင့် ပေးအပ် ထားခြင်းဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးကို ဦးတည်သည့် မှန်ကန်သော ခြေလှမ်း အချို့ကို ဆက် လက်ဆောင်ရွက်စေရန် ကန့်သတ်ထားသည့် အခြေအနေများ ဖြစ်ကြောင်း Rajiv Shah က ရှင်းလင်း ပြောကြားခဲ့သည်။

မတ် ၇ ရက်က ထုတ်ဖော် ပြောကြားခဲ့သော စီမံကိန်း သုံးရပ်တွင် နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သော ဃငျခသ ကုမ္ပဏီ၏ လက်တွဲဆောင်ရွက် မှုဖြင့် သတင်းနှင့် ဆက်သွယ်ရေး ပညာရပ်များကို သင်ကြားပို့ချပေးမည့် Cisco Networking Academy ကျောင်းနှစ်ကျောင်းထူထောင်ပေးရန် စီမံကိန်းသည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။

USAID အဖွဲ့ဦးဆောင်သော Cisco, Google, Hewlett-Packard, Intel  နှင့် Microsoft ကုမ္ပဏီတို့မှ ကိုယ်စားလှယ် အဖွဲ့သည် အင်တာနက် သုံးစွဲမှု မြှင့်တင်ရန် ပွင့်လင်းသော အစိုးရ တစ်ရပ်ဖြစ်ပေါ်ရေး အင်အား ဖြည့်ဆည်းရန်နှင့် အင်တာနက် သုံးစွဲမှု တတ်မြောက်ရေး တိုးချဲ့ဆောင်ရွက်ရန် စသည့် စီမံကိန်းများ ကို မြန်မာ နိုင်ငံတွင် လုပ်ဆောင်ရန် လာရောက် လေ့လာခဲ့ကြပြီး ဖြစ်ကြောင်းလည်း USAID ၏ ကြေညာချက်တွင် ဖော် ပြပါရှိခဲ့သည်။

ထို့အပြင် ဒေါ်လာ ၁ဝ သန်း ကုန်ကျမည့် Survive and Thrive အမည်ရ အစီအစဉ်တစ်ရပ်ကိုလည်း စတင် ဆောင်ရွက်နေပြီဖြစ်သည်။ အဆိုပါ စီမံကိန်းသည် ကလေးသူငယ် သေဆုံးမှုနှုန်းမြင့်မားလှသော မြန်မာ နိုင်ငံသို့ အမေရိကန် ကလေးအထူးကု ဆရာဝန်များ၊ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီးများနှင့် ဝမ်းဆွဲ လက်သည် များ စေလွှတ်ကာ မြန်မာနိုင်ငံမှ ကျန်းမာရေး ဝန်ထမ်းများကို လေ့ကျင့် သင်ကြားပေးရန်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ကာကွယ်နိုင်သော ကလေးသူငယ်သေဆုံးနှုန်းမှာ ကလေး  ၁ဝဝဝ လျှင် ၆၁ ယောက်နှုန်းရှိနေ သဖြင့် လွန်စွာမှ မြင့်မားလှကြောင်း၊ USAID အနေဖြင့် ယင်းနှုန်းထားကို ၃ နှစ်အတွင်း ၁ဝဝဝ လျှင် ၃၇ ယောက် အထိ ကျဆင်းရန် မျှော်မှန်း ထားကြောင်း၊ ဤနည်းဖြင့် တစ်နှစ်လျှင် ကလေးသူငယ် ၂ဝဝဝဝ ၏   အသက်ကို ကယ်တင်နိုင် မည် ဖြစ်ကြောင်း သိရှိရသည်။

၂ဝ၁၅ ခုနှစ်တွင် ကျင်းပမည့် နိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းအတွက်  အရေးပါလှသော အထွေထွေ ရွေးကောက်ပွဲ ကိုလည်း လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲဖြစ်လာစေရေး အတွက် ကူညီပေးရန် အမေရိကန် ဒေါ်လာ ၁၁ သန်းကုန်ကျမည့် စီမံကိန်း တစ်ရပ် စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။

USAID ၏ မူဝါဒမှာ အမေရိကန် ပြည်ထောင်စုနှင့် အခြား အကူအညီပေးရေး အစီအစဉ်တို့ကို မြန်မာနိုင်ငံ အစွန်အဖျားမှ တိုင်းရင်းသား လူမျိုးများ နေထိုင်ရာ ဒေသများအထိ ရောက်ရှိရေး တွန်းအားပေးရန် ဖြစ်ကြောင်း လည်း Rajiv Shah က ပြောကြားခဲ့သည်။

ဒေသတွင်း အိုးအိမ်စွန့်ခွာထွက် ပြေးကြရသူများနှင့် လူနည်းစု တိုင်းရင်းသားများအား အထောက်အပံ့ အကူအညီ များ ပေးအပ်နိုင်ရေးကို မိမိတို့အမြဲ လိုလားသည့်အပြင် လက်ရှိလည်း ကြိုးစားဆောင်ရွက် နေပါကြောင်း၊ ယင်းဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှု များ ရှိလာလိမ့်မည်ဟု မိမိယုံကြည် ကြောင်း Rajiv Shah က ပြောကြား သွားခဲ့သည်။

Ref: USAID Optimistic on Myanmar Work, but firm on terms by Paul, Edcent, Reuters

ဝ၃၉

ဆက်စပ်သတင်းများ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်း၊ အောက်တိုဘာ ၁၃၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)