ခေါင်းကြီးသတင်း ပြည်တွင်းသတင်း — ရန်ကုန်၊ ဧပြီ ( ၁၁ ) ၂၀၁၂

အမေရိကန် လွှတ်တော်အမတ် မစ္စတာ ဂျင်ဝက်ဘ်

ယနေ့ မနက် ၁၀း၃၀ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးတွင် အမေ ရိကန်လွှတ်တော်အမတ် ဂျင်ဝက်ဘ်က သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်။

အဆိုပါပွဲတွင် မစ္စတာ ဂျင်ဝက်ဘ်က သူ့အနေနှင့် ထူးခြားတဲ့ ရွေးကောက်ပွဲကို ကြုံခဲ့ရကြောင်း၊ မြန်မာနိုင်ငံ ဟာ ရှေ့ကို ဦးတည်နေပြီး အမျိုးသားပြန်လည်သင့်မြတ် ရေးကို ဦးတည်နေတာသိသာ ကြောင်း၊သမ္မတနှင့်ဒေါ်အောင်  ဆန်းစုကြည်တို့က မတူတာ တွေအားဖယ်ပြီး တူတာ တွေတွဲလုပ်လာနိုင်တယ်ဟု ယူဆကြောင်း၊ ဝါရှင်တန်ပြန် လျှင် အစိုးရအဖွဲ့ဝင်တွေနဲ့ အပြုသဘောဆောင်တဲ့လုပ်ရပ် တွေရအောင် policy ကိုပြင် ဖို့ကြိုးစားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးမစ္စကလင် တန်းကပြောခဲ့တဲ့စကားကို ထောက်ခံသဘောကျကြောင်း နိုင်ငံရေးနှင့်စီးပွားရေးအား တစ်စစ ပြောင်းလဲခြင်း(Evolution)ကို အားပေး ထောက်ခံကြောင်းများရှင်းလင်း ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲ သို့ပြည်တွင်းပြည်ပသတင်း ထောက် ၂၀ ယောက်တက် ရောက်ခဲ့ပြီးသတင်းစာရှင်းလင်း ပွဲကို နေ့လည် ၁၁ နာရီခန့် တွင် ရုပ်သိမ်းခဲ့ပါသည်။

၀၁၄

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.