လူမှုရေးသတင်း — ရန်ကုန်၊ မတ် ၂၇၊ ၂၀၁၂
နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ

နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကယ်ဆယ်ရေး လုပ်ငန်းများ စတင်နိုင်ရန်အတွက် နာရေးကူညီမှုအသင်းမှ ​ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အဆိုပါ အသင်း၏ ဥက္ကဌ ဦးကျော်သူက မတ်လ ၂၇ ရက်နေ့တွင် Myanmar Independent News Journal သို့ ပြောကြားသည်။

ထိုအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အတွက် သင်တန်းသား ၃ဝကို မတ်လ ၂၃ ရက်နေ့စတင်၍ ရန်ကုန်တိုင်းကြက်ခြေနီအဖွဲ့မှ သုံးရက်ကြာ သင်တန်းပေးခဲ့ကြောင်း သတင်းရရှိသည်။ ထိုအယောက် ၃ဝ အား မတ်လ ၃ ရက်နေ့တွင် ကြက်ခြေနီစာမေးပွဲဖြေဆိုစေကာ အထူး ၁ဝ ထပ်မံ​ရွေး ချယ်မည်။ ထို့နောက် သင်တန်းသားအားလုံး လက်တွေ့သရုပ်ပြသင်တန်းဆင်းပွဲကျင်းပမည်ဟုသိရှိရသည်။

အဆိုပါ အရေးပေါ်ကယ်ဆယ်ရေးအတွက် လူနာတင်ယာဉ်တစ်စီးကို စတင်အသုံးပြုမည်ဖြစ်ပြီ နောက်ထပ်လူနာတင်ယာဉ်များ တင်သွင်းခွင့်ရလျှင် ကယ်ဆယ်ရေးလုပ်ငန်းများအားတိုးချဲ့လုပ်ဆောင်မည်ဟု သတင်းရရှိသည်။

အကြောင်းအမျိုးမျိုးကြောင့် အရေးပေါ်အခြေအနေရှိနေသူများအား ကယ်တင်၍ ထိခိုက်ဒဏ်ရာရလူနာများကို ဥပဒေအရ အစိုးရဆေးရုံများသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်းသိရှိရသည်။

၀၀၃

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.