ပညာရေး သတင်း — နေပြည်တော်၊ ဖေဖေါ်ဝါရီ ၇၊ ၂၀၁၇

မြန်မာနိုင်ငံမှာ လက်ရှိ အခြေအနေအရ အခြေခံပညာ ကျောင်းသား ကျောင်းသူတွေရဲ့ ကျောင်းထွက်နှုန်းက များနေပြီး အသားတင် ကျောင်းနေနှုန်းက နည်းပါးလျက် ရှိနေတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ပြောကြားလိုက်ပါတယ်။

ဖေဖေါ်ဝါရီလ ၇ ရက်နေ့မနက် ၉နာရီက နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်မှာ ကျင်းပတဲ့ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးကဏ္ဍ ဗဟိုအဆင့် ညှိနှိုင်းဆွေးနွေးပွဲမှာ အခုလို ပြောကြားလိုက်တာပါ။

ဒါ့အပြင် ကျောင်းပညာရေး သာမက ကျောင်းပြင်ပရောက် ကလေးတွေနဲ့ စာမတတ်သူတွေရဲ့ ပညာရေးကို အထူး အလေးထား ဆောင်ရွက်ဖို့ လိုအပ်ပြီး ကျောင်းပြင်ပရောက် ကလေးတွေ ကျောင်းမှ စောထွက်သွားသူတွေ စာမတတ်သူတွေ အတွက် ပိုမိုကောင်း မွန်တဲ့ အနာဂတ်တွေ ဖြစ်ပေါ်လာအောင် စာတတ်မြောက်မှု ပညာရေးနဲ့ အသိပညာ ကျွမ်းကျင်မှုတွေကို ကူညီ ဖြည့်ဆည်းပေးရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ပြောကြားလိုက်ပါတယ်။

ဆက်စပ်သတင်းများ

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*