ပြည်တွင်းသတင်း — ရန်ကုန်၊ မတ် ၂၈၊ ၂၀၁၂
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ မရမ်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း​  ဒေါ်ခင်ဖြူဖြူငြိမ်း

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ မရမ်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဖြူဖြူငြိမ်း

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ မရမ်းကုန်းမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း​ ဒေါ်ခင်ဖြူဖြူငြိမ်းက မရမ်းကုန်းမြို့နယ် အတွင်း အခြေခံ မူလတန်းကျောင်းများ တည်ရှိရာနေရာများ၌ မတ်လ ၂၅ ရက် နေ့မှ ၃ဝ ရက်နေ့ထိ အဓိကထား မဲဆွယ်စည်းရုံးနေကြောင်း သိရပါသည်။

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တွင် ရပ်ကွက်ပေါင်း ၁ဝရပ်ကွက်ရှိ ပြီး၊ အခြေခံပညာမူလတန်းကျောင်း ၂၉ ကျောင်းရှိသည်။ ထိုကျောင်းများတွင် ကျောင်းတက်နိုင်တဲ့ ကလေးတွေရော မတက်နိုင်တဲ့ ကလေးတွေရော ရှိပါသည်။ ကလေးများအတွက် တန်းတူ ပညာသင်ကြားပေးနိုင်ရန် အဓိကထား လုပ်ဆောင်မည်ဖြစ်ကြောင်း  ဒေါ်ခင်ဖြူဖြူငြိမ်းမှ ပြောကြားသည်။

““ကျွန်မအခုနေတဲ့ မရမ်းကုန်း ၁ ရပ်ကွက်မှာ ကျောင်းနှစ်ကျောင်းရှိပါတယ်။ ဒီဘက်မှာက မူလတန်းကျောင်းရှိပြီး၊ ဟိုဘက်မှာက အထက်တန်းကျောင်း ရှိပါတယ်၊ ကြားမှာ ရထားလမ်းခြားထားပါတယ်။ ဒီဘက်က  ကလေးတွေအထက်တန်းကျောင်းတက်မယ် ဆိုရင်ရထားလမ်းကူးပြီးမှ သွားတက်ရတယ်။ ရထားလမ်းဆိုတော့ ကလေးတွေအတွက် အန္တရာယ်ရှိတယ်။ အဲဒါကြောင့် ကျမတို့ဘက်မှာ ရှိတဲ့ မူလတန်းကျောင်းလေးကို အလယ်တန်းအဆင့် တိုးမြှင့်နိုင်ရန်အတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဆီစာတင်ထားပါတယ် ””ဟု   ဒေါ်ခင်ဖြူဖြူငြိမ်းမှ  ပြောကြားခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ၂ဝ၁ဝ ခုနှစ်ပါတီစုံရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ပြီး၊ ထိုစဉ်ဒေါ်ခင်ဖြူဖြူငြိမ်းက အင်းစိန်မြို့နယ်မှ အမျိုး သားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားပြုယှဉ်ပြိုင်ခဲ့ပြီး ရွေးချယ်တင်မြှောက်ခြင်းမခံခဲ့ရပါ။ ယခု  ပြည်သူ့လွှတ်တော် ကြားဖြတ်​  ရွေးကောက်ပွဲတွင် ရာနှုန်းပြည့်အောင်မြင် မည်ဟု မျှော်လင့်မထားကြောင်း၊ ယခုကြားဖြတ်ရွေးကောက်ပွဲတွင် မနိုင်ခဲ့လျှင်လည်း ကျမ တတ်နိုင်သော ဘက်မှ လွှတ်တော်တွင်းနိုင်ငံရေးသာမက၊ လွှတ်တော်ပြင်ပ နိုင်ငံရေးမှာပါ ပြည်သူလူထုကို အကျိုးပြုမယ့်လုပ်ငန်းများကိုသာ လုပ်ပေးမည်ဟု ဆက်လက်ပြောကြားခဲ့ပါသည်။

ယခုကြားဖြတ်ရွေးကောက်ပွဲတွင်၊ အမြော်အမြင်ကြီးစွာဖြင့်ဖောက်လုပ်ခဲ့သော ဒီမိုကရေစီလမ်းကြောင်းကို ပိုမိုပီပြင်စေရေး နှင့် ရရှိထားသော​  နိုင်ငံရေး ကွက်လပ်ကို ပိုမိုတိုးချဲ့ကာ ပြည်သူလူထုအတွက်​ ဆောင် ရွက်ပေးနိုင်ရန်၊ လွှတ်တော်တွင်းရှိ ဒီမိုကရက်တစ် အင်အားစုများကို အားဖြည့်​  နိုင်ရေး အတွက်ထပ်မံပြီး​ ရွေး ကောက်ပွဲဝင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ခင်ဖြူဖြူငြိမ်းမှ ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ၂ဝ၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်းသိရပါသည်။


 

၀၁၀

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.