ဆောင်းပါး — မတ် ၈၊ ၂ဝ၁၃

ကမ္ဘာပေါ်ရှိ လက်ကျန် အာဏာရှင်တို့ အကြောက်ရွံ့ဆုံးခြောက် အိပ်မက်တစ်ခု ရှိလေသည်။ သူတို့တစ်တွေ အဖို့ အခါးသီးဆုံး၊ ထိတ်လန့် ခြောက်ခြားမှု အဖြစ်ဆုံး အိပ်မက်ဆိုး တို့သည် ကမ္ဘာ့ပြည်သူတွေ အားလုံး၏ အားထားမျှော်လင့်ရာ ယုံကြည်ကိုးစားရာလည်း ဖြစ်နေပြန်သည်။ ဒါက ကမ္ဘာ့နိယာမပင်ဖြစ်သည်။

လက်ကျန်အာဏာရှင်တို့ ထိတ်လန့် ခြောက်ခြားနေသည့် အိပ်မက်ဆိုး တို့ကို လက်တွေ့အကောင်အထည် ဖော်ပေးနိုင် သည့် တစ်ခုတည်းသော အခွင့်အာဏာ ဆုပ်ကိုင် ထားသောနေရာ မှာ အခြားမဟုတ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ပြစ်မှု တရားရုံး (ICC) ဖြစ်သည်။

ICC ၏ အစ

ယခုအချိန် ကမ္ဘာ့ပြည်သူတွေ ICC ဟု သိနေကြသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ပြစ်မှု တရားရုံးသည် နေ့ချင်း၊ ညချင်း မိုးပေါ်က ကျလာသည်တော့မဟုတ်။ လွန်ခဲ့သော နှစ် ပေါင်း ၆ဝ ကျော်ကတည်းက စိတ် ကူးတွေးခေါ်လာကြသည့် ရှည်လျား သော သမိုင်းကြောင်း နောက်ခံရှိနေသည်။

ကုလသမဂ္ဂ၏ ၁၉၄၈ တွင် စတင်ခြေလှမ်းခဲ့သော လုပ်ငန်းတာဝန် ကြီးတစ်ရပ်ဖြစ်ခဲ့သည်။ လူမျိုးတုံး သတ်ဖြတ်မှု ကွန်ဗင်းရှင်း စာချုပ်ကို လက်မှတ်ရေးထိုးခြင်း အစည်းအဝေးတွင် လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူများ အပေါ် တရားစီရင်နိုင်ရေး စတင် တွေးခေါ်ကြံစည်လာကြခြင်း ဖြစ်သည်။ သို့သော်လည်း မူဝါဒကွဲပြား၊ ဆန့်ကျင် ကန့်ကွက်မှုများကြောင့် နှစ်ပေါင်းများစွာ ကြာအောင် မည်သည့် တိုးတက်မှုမျှမရှိဘဲ ရပ်တန့်နေခဲ့သည်။

၁၉၉၂ ခုနှစ်တွင်မှ အထွေထွေ ညီလာခံက အပြည်ပြည်ဆိုင်ရာ ဥပဒေ ကော်မရှင်အား အပြည်ပြည်ဆိုင်ရာ တရားရုံး အတွက် စတက်ကျူ ဥပဒေမူကြမ်း တစ်ရပ်ကို ပြုစုရေးသားရန် ညွှန်ကြားခဲ့သည်။ အာဏာကုန် လွှဲအပ်ခြင်း ခံရသည့် ကိုယ်စားလှယ်များ၏ မျက်နှာစုံညီ အစည်းအဝေးကိုကား ၁၉၉၈ ဇွန်၊ ဇူလိုင်လ တွင် ရောမ မြို့၌ ကျင်းပခဲ့ပြီး စတက်ကျူ ဥပဒေမူကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။ (အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ပြစ်မှုတရားရုံးထူထောင်ရန် စတင် စိတ်ကူးရခဲ့သည့် ၁၉၄၈ ခုနှစ် နောက်နှစ်ပေါင်း ၅ဝ တိတိကြာမြင့် ခဲ့သည်ကို သတိပြုပါ။) ထို့ကြောင့် ယင်းတရားရုံးသည် မိုးပေါ်က ကျလာခြင်း မဟုတ်ဟု ပြောခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာ ကြံစည် စိတ်ကူးပြီး အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ ချမှတ်စိုက်ထူခဲ့ကြခြင်း ဖြစ်သည်။

ယင်းတရားရုံးသည် လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားများအပေါ် ကျူးလွန်သော ရာဇဝတ်ပြစ်မှု၊ စစ် ရာဇဝတ် ပြစ်မှု၊ နိုင်ငံတကာမှ စိုးရိမ် ကြောင့်ကြရသည့် ပြင်းထန်သော ရာဇဝတ်ပြစ်မှုများကို ကျူးလွန်သူ များအား စုံစမ်းစစ်ဆေး၍ တရားစီရင်နိုင်ခွင့် အာဏာရှိသော အမြဲတမ်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ပြစ်မှု တရားရုံး ဖြစ်လေသည်။

နိုင်ငံတကာနှင့်ပတ်သက်ဆက် နွယ်ပြီး စီရင်ခွင့်အာဏာရှိသည့် ယင်း တရားရုံးဖွင့်လှစ်ရန် ရောမမြို့စတက် ကျူဥပဒေဟု အမည်တွင်သည့် စာတမ်းအား ထောက်ခံမဲ ၁၂ဝ၊ ကန့် ကွက်မဲ ၇ မဲ၊ ကြားနေ ၂ဝ မဲဖြင့် အတည်ပြုပြီး လက်မှတ် ရေးထိုးခဲ့ကြသည်။ ထိုစာချုပ် အာဏာသက်ဝင်ခြင်း မရှိသေးမီ စာချုပ်ဝင်နိုင်ငံ အနည်းဆုံး နိုင်ငံ ၆ဝ က အတည်ပြုရန် လိုအပ်သေးသည်။

စီရင်နိုင်ခွင့်ရှိသော ပြစ်မှုများ၏ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် တရားရုံးက စီရင်နိုင်သည့် အခြေအနေများအား သတ်မှတ်ပြီး ပြဋ္ဌာန်းချက် တစ်ရပ်ကို အတည်ပြု ချမှတ် လိုက်သည် နှင့် တစ်ပြိုင်နက် တရားရုံးသည် စီရင်ခွင့် ရရှိပြီးဖြစ်သည်။

ဌာနခွဲများ သတ်မှတ်ရာ၌ ဥက္ကဋ္ဌ၊ တရားစီရင်မှုဌာန၊ တရား မစီရင်မီဌာန၊ အယူခံဌာန၊ တရားစွဲ ဆိုမှုရုံးနှင့် မှတ်ပုံတင်ဌာနဟူ၍ ခွဲခြား ထားသည်။ အမှုထမ်းတရားသူကြီး များဖြစ်ရန် စာချုပ်ဝင်နိုင်ငံများ၏ ညီလာခံမှ တရားသူကြီး ၁၈ ဦးကို ရွေးကောက်တင်မြှောက်ကြရမည်ဖြစ် သည်။ တစ်နိုင်ငံတည်းမှ တရားသူကြီး နှစ်ဦးရွေးချယ်ခန့်ထားခြင်း မပြု ရ။ တရားသူကြီးများ၏ သက်တမ်း မှာ ၉ နှစ်ဖြစ်သည်။ တရားသူကြီး ၁၈ ဦးမှ ဥက္ကဋ္ဌကို ထပ်မံရွေးချယ် ရမည်ဖြစ်သည်။ တရားသူကြီး၏ ၉ နှစ်သက်တမ်း ကုန်ဆုံးပြီးနောက်ထပ် မံရွေးချယ် ခံနိုင်သည်။ တရားသူကြီး တစ်ဦးသည် တရားရုံး၌ တာဝန်ထမ်း ဆောင်ချိန်ကာလအတွင်း အခြားမည် သည့် အလုပ်တာဝန်မှ ပြုလုပ်ခြင်း မရှိစေရ။ ထိုတရားရုံး၏ တရားသူ ကြီးအဖြစ် ရွေးချယ်ရာတွင် သူတို့၏ နိုင်ငံသား ဖြစ်မှု အခြေခံဖြင့်မဟုတ်ဘဲ အရည်အချင်းများအရသာ ရွေးချယ် ခန့်ထားခြင်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ အဓိက တရားဥပဒေစနစ်များ ပါဝင် မှုရှိစေရန် အထူးဂရုပြု ဆောင်ရွက်ကြ သည်။ ယင်းတရားရုံး၏ တည်ရာ သည် နယ်သာလန်နိုင်ငံစုံသည်ဟိတ်ဂ် မြို့ဖြစ်သည်။ အများအားဖြင့် စုံညီခုံ ရုံးအနေဖြင့် ထိုင်လေ့ရှိကြသည်။ အမှုသည်များက မေတ္တာရပ်ခံလျှင် ပိုမိုသေးငယ်သော Chamber ခေါ် ခုံရုံးများဖွဲ့စည်းနိုင်သည်။ ယင်း ခုံရုံ များက ပေးသော ဆုံးဖြတ်ချက်များကို ခုံပြည့်တရားရုံးက ပေးသောဆုံးဖြတ် ချက်ဟူ၍ပင် သတ်မှတ်ကြသည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ပြစ်မှုတရားရုံး၏ တရားစွဲဆိုရန် တရားလိုကို စာချုပ်ဝင်နိုင်ငံတို့က လျှို့ဝှက် မဲပေး စနစ်ဖြင့် ရွေးချယ်ပေးလေ့ ရှိသည်။ ၁၉၉၂ ခုနှစ်တွင် လုံခြုံရေး ကောင်စီက ပြဿနာဖြေရှင်းရေး၊ စေ့စပ် ဆွေးနွေးရေး၊ စစ်မဲ့ဇုန်များဖန်တီး ရေးအတွက် ကုလသမဂ္ဂ ကာကွယ် စောင့်ရှောက်ရေးတပ်ဖွဲ့ (UNPROFOR) ကို ဖွဲ့စည်း တည်ထောင် ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ပြစ်မှုများ

ချားစ်တေလာ (လိုက်ဘေးရီးယား သမ္မတဟောင်း)

အိမ်နီးချင်း ဆီရာလီယွန်နိုင်ငံ တွင်း ၁၉၉၁-၂ဝဝ၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်တွင် သူပုန်များကို လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင် ကျွန်ပြုမှုများ၊ ကလေးစစ်သား အသုံး ချမှုတို့ကို စနစ်တကျ အားပေးကူညီခဲ့သော စစ်ရာဇဝတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ပြစ်မှု တရားရုံးတွင် ၅ နှစ်ကြာ တရား ရင်ဆိုင်နေခဲ့ရသည်။ တရားရုံးရှေ့နေ များက သူ၏ ရက်စက်ကြမ်းကြုတ် သော စစ်ရာဇဝတ်မှု များအတွက် ထောင်ဒဏ်နှစ် ၈ဝ ထိ ပြစ်ဒဏ်ချမှတ်ရန် အပြင်းအထန်တောင်းဆိုခဲ့ကြသည်။

charles_taylor

charles_taylor

ဩဂတ်စတိုပီနိုချေး(ချီလီ)

၁၉၇၃ ခုနှစ်တွင် သွေးမြေကျ အာဏာသိမ်းယူမှု၏ ခေါင်းဆောင် စစ်အာဏာရှင်ကြီးတစ်ဦး။ သူကျုး လွန်ခဲ့သော စစ်ရာဇဝတ်မှုများအတွကှ်ုဃဃ တွင် ရုံးတင်စစ်ဆေးရန် ကြိုး ပမ်းနေချိန် ၂ဝဝ၆ ခုနှစ်တွင် သေဆုံး ခဲ့သည်။

Augusto Pinochet

Augusto Pinochet

ဆိုလိုဘိုဒန် မီလိုဆီဗစ်(ယူဂိုဆလား ဗီးယား)

ဘော်လကန်ဒေသအတွင်း ၁ဝ စုနှစ် တစ်ခုကြာ ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် လူပေါင်း ၂၅ဝçဝဝဝ ခန့် သေဆုံးခဲ့သော စစ်ရာဇဝတ်ပြစ်မှုများ အတွက် သည်ဟိတ်ဂ် အကျဉ်းထောင် တွင် ဖမ်းဆီးထားပြီး ရုံးတင်စစ်ဆေး နေစဉ် ၄ နှစ်ခန့် ရှိလာချိန်တွင် သေဆုံးခဲ့သည်။

Slobodan milosevic

Slobodan milosevic

အိုမာအယ်လ်ဘာရှား(ဆူဒန်)

လူမျိုးတုံး သတ်ဖြတ်သည့် စစ် ရာဇဝတ်မှုစွဲချက်များဖြင့ှ်ုဃဃ က ဖမ်းဝရမ်းထုတ်ခဲ့သည်။ ဒါဖာဒေသ ပဋိပက္ခတွင် လူပေါင်း ၃ဝဝဝဝဝ ခန့် သေဆုံးပြီး ၂.၇ သန်းခန့် အိုးအိမ် စွန့်ခွာထွက်ပြေးသွားရမှု၏ အဓိက တရားခံဖြစ်သည်။

Omar-al-Bashir

Omar-al-Bashir

နိုင်ရာဖာတ်ဂ်ဝါ(ရဝမ်ဒါ)

၁၉၄၄ ခုနှစ်တွင် ရဝမ်ဒါ နိုင်ငံ တွင်း လူပေါင်း ၈ဝဝဝဝဝ ခန့် သေဆုံးခဲ့ရသည့် တွတ်စီလူမျိုးကို လူမျိုး တုံးသတ်ဖြတ်ရန် အမိန့်ပေးခြင်း လက်နက်တပ်ဆင်ပေးခြင်း ရာဇဝတ် ပြစ်မှုများကြောင့် ICC တရားရုံးက ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခဲ့သည်။

လူမျိုးတုံးသတ်ဖြတ်မှုတွင် နိုင်ရာ  ဖာတ်ဂ်ဝါက စီမံကိန်းရေးဆွဲရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ယင်းအမှု အတွက် နိုင်ငံပေါင်း ၂၁ နိုင်ငံ မှမျက်မြင်သက်သေ ၃ဝဝဝ ကျော် လာရောက် ထွက်ဆိုစစ်ဆေးခံခဲ့သည်။

လောရင့်ဘက်တိုး(အိုင်ဗရီတို့စ်)

၂ဝ၁ဝ ရွေးကောက်ပွဲရှုံးပြီး သူ ၏ တပ်သားများ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများတွင် အမိန့်ပေးစေ ခိုင်းခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ရင်ဆိုင်နေရသည်။ နိုင်ငံတကာ ရာဇဝတ် ပြစ်မှု တရားရုံးတွင် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က ရုံးတင်စစ် ဆေးသည်။ နိုင်ငံတကာ ခုံရုံးတွင် ပထမဆုံးရုံးတင် စစ်ဆေးခံရသည့် သမ္မတ တစ်ဦးဖြစ်သည်။

Laurent Gbagbo

Laurent Gbagbo

အဗ္ဗဒူစလန်အဇက်(ဘင်္ဂလားဒေ့ရှ်)

ပြီးခဲ့သော ဇန်နဝါရီ ၂၁ ရက် က အစ္စလာမ်မစ်ပါတီခေါင်းဆောင် အဗ္ဗဒူစလန်အဇက်အား စစ်ရာဇတ်မှု များ ကျူးလွန်ခဲ့ကြောင်း ပြစ်မှုထင် ရှားသဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ပြစ်မှု တရားရုံးက သေဒဏ် ချမှတ်ခဲ့သည်။ ICC ၏ သက်တမ်း ၁၈ နှစ် တာ ကာလအတွင်း အဓိက တရားခံ ၉၃ ဦးအနက် ၈၃ ဦးကို ဖမ်းဆီးပြီး အပြစ်ဒဏ် ချမှတ်နိုင်ခဲ့ သည်။ ၁ဝ ဦးကို တရားသေ လွှတ်ခဲ့သည်။

မောင်ခိုင်လတ်

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*