ပြည်တွင်းသတင်း — ကုလသမဂ္ဂ၊ မတ် ၂၉၊ ၂ဝ၁၃

အကြမ်းဖက် ဆူပူမှုများတွင် နိုင်ငံတော် အဖွဲ့အစည်းများ ပါဝင် ပတ်သက်နေကြောင်း ကင်တားနားပြောကြား၊ တစ်ဆင့်ကြား သတင်းများကိုသာ အခြေပြု ပြောကြားခြင်း ဖြစ်ကြောင်း ဦးရဲထွဋ် ငြင်းပယ်

မြန်မာနိုင်ငံအတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဝင် များနှင့် မူဆလင်များကြား အကြမ်းဖက်မှု အချို့တွင် နိုင်ငံတော်အဖွဲ့အစည်း  များပါဝင် ပတ်သက် သည့် သတင်းများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး အစီရင်ခံစာတင်သွင်းသူ တောမတ်(စ) အိုဟေးကင်တားနားက ကြာသ ပတေး နေ့တွင် ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မတ်လ ၂ဝ ရက်မှ စတင်ပေါက်ကွဲ ဖြစ်ပွားခဲ့သော ဂိုဏ်းဂဏ ပဋိပက္ခများ အတွင်း အနည်းဆုံး လူ ၄ဝ အသက် ဆုံးရှုံးခဲ့ရပြီး ဗလီပေါင်း များစွာ မီးရှို့ ဖျက်ဆီးခံခဲ့ရရာ အစိုးရအနေဖြင့် အချို့ဒေသ များတွင် အရေးပေါ် အခြေ အနေကြေညာပြီး ကာဖျူးအမိန့်များ ထုတ်ပြန်ခဲ့ရသည်။

“တချို့အကြမ်းဖက်မှု လုပ်ရပ်တွေမှာ နိုင်ငံတော် ပါဝင် ပတ်သက်နေတယ် ဆိုတဲ့ သတင်းတွေ ကျွန်တော် ရခဲ့ ပါတယ်” ဟု မစ္စတာကင်တားနား က ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားခဲ့သည်။ ထို့ပြင် “စစ်တပ်၊ ရဲ နဲ့ တခြား အရပ်ဘက် ဥပဒေ စိုးမိုးရေး အဖွဲ့တွေက သူတို့မျက်စိရှေ့မှာ စနစ် တကျစုစည်းထားတဲ့ အစွန်းရောက် ဗုဒ္ဓ ဘာသာ ဘုန်းကြီးအုပ်စုတွေ အပါအဝင် လူစုလူဝေးနဲ့ ဖျက်ဆီးသောင်းကျန်း မှုတွေ ပြုလုပ်တာကို ရပ်ကြည့် နေခဲ့ ကြတဲ့ အဖြစ်အပျက်တွေ ရှိတယ်”ဟုလည်း သူက ထောက်ပြခဲ့သည်။ “နိုင်ငံတော် အဖွဲ့အစည်းတချို့တွေ အနေနဲ့ လျှို့ဝှက် မတရား ကြံစည်မှု တွေမှာ သွယ်ဝိုက်ပတ်သက်ပြီး ဒီလို လုပ်ရပ်တွေ ကို ထောက် ခံနေတယ် ဆို တာ ညွန်ပြနေပါတယ်”ဟု သူက ဆိုပါသည်။

ထုတ်ပြန်ချက်၏ အဆိုအရ စစ်တပ်နှင့် ရဲအဖွဲ့သည် ဘာသာရေးနှင့် လူမျိုးရေးအခြေခံပေါ်တွင်ကြည့်လျက် လူများကို နိုင်ထက် စီးနင်း ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း ညွန်ပြနေသည့် သတင်း အချက်အလက် များကိုလည်း မစ္စတာ ကင်တားနားက ရရှိခဲ့သည်ဟု သိရှိရသည်။ “အခုအချိန်မှာ စစ်တပ် နဲ့ ရဲအဖွဲ့ဟာ လူနည်းစုတွေ အပေါ် လူမျိုးရေးနဲ့ ဘာသာရေးအရ ကျူး လွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို ထိန်းချုပ်ရမှာဖြစ်တယ်” ဟု သူက ပြောကြားခဲ့သည်။

ထို့ပြင် မစ္စတာ ကင်တားနားက အစိုးရအနေဖြင့် နိုင်ငံ၏ အခြားအစိတ် အပိုင်းများသို့ အကြမ်းဖက်မှု ပျံ့နှံ့ပြီး ပြုပြင် ပြောင်းလဲမှုဖြစ်စဉ်ကို အားနည်း စေမည့်အရာများကို ရပ်ဆိုင်းစေမည့် အရေးယူဆောင်ရွက်မှုများ ချက်ချင်း ပြုလုပ်သွားရန်လည်း တောင်းဆိုခဲ့သည်။ “လူမျိုးဘာသာ ခွဲခြားဆက်ဆံရေး လှုံ့ဆော်မှုတွေက ဒါတွေရဲ့ အရင်းခံဖြစ်ပြီး မုန်းတီးရေး တရားတွေ အထူးသဖြင့် မူဆလင်ဆန့်ကျင်ရေး တရားတွေက လူမျိုးရေး အမုန်းမီးကို မွှေးပေးခဲ့တာပါ”ဟု သူက ဆိုပါသည်။အဆိုပါ မစ္စတာ ကင်တားနား၏ ပြောကြားချက်များကို လုံးဝ ငြင်းပယ် ကြောင်း၊ ယင်းအနေဖြင့် မြေပြင် အခြေအနေများကို မှန်မှန်ကန်ကန်လေ့လာ မှုမရှိဘဲ တစ်ဆင့်ကြား သတင်းများ ကိုသာ အခြေပြုပြောကြားနေခြင်းမှာ အခြေအနေကို ထိန်းသိမ်းနိုင်အောင် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်နေသော အစိုးရ၊ လုံခြုံရေး ဆိုင်ရာ အဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များ၊ လူမှု အဖွဲ့ အစည်းများ၏ လုပ်ဆောင်ချက် များကို မျက်ကွယ်ပြုရာရောက် ၍ ဝမ်းနည်းစရာဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က တုံ့ပြန်ပြောဆိုခဲ့သည်။

Ref: globalposts.com

ဝ၄ဝ

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)

  1. အစဉ်အားပေးလျှက်

Leave a Reply

Your email address will not be published. Required fields are marked *


*