ပြည်တွင်းသတင်း — မန္တလေး၊ ဧပြီ ၁၊ ၂ဝ၁၃

မန္တလေးမြို့တွင် ယမန်နေ့ ဧပြီ ၁ ရက် နံနက် ၁ နာရီကျော်အချိန် ခန့်က ရည်ရွယ်ချက်ရှိရှိဖြင့် ဆူပူရမ်း ကားပြီး အကြမ်းဖက်အသွင်ဆောင် လိုသူ လူတစ်စုအား ရပ်ကွက်လူထု နှင့် နယ်မြေခံလုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ဝင် များ ပူးပေါင်းမှုဖြင့် အချိန်မီ ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာ အနီးနေထိုင်သူ ရပ်ကွက်သား တစ်ဦးက မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောသည်။

ကြီးမားသည့် မိတ္ထီလာ အကြမ်းဖက်မှု ဖြစ်စဉ်ဖြစ်ပွားပြီး ၁ဝ ရက် ကျော်အကြာ မြို့နေလူထု အထိတ်တလန့် ဖြစ်နေဆဲ အချိန်အတွင်း မတ် ၃၁ ရက် ညသန်းခေါင်ကျော် အချိန် တွင် အကြမ်းဖက်လိုသူဟု ယူဆရသည့် ဆူပူရမ်းကား သူလူတစ်စုက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စကြာ်နွယ်စင်ရပ်ကွက် ၃၇ လမ်း (၇၄_၇၅) လမ်းကြားတွင် ညအိပ်ရပ် နားထားသော ယာဉ် ၁ စီးအား အကြမ်းဖက်ဖျက်ဆီးခဲ့ကြောင်း ရပ်ကွက်နေသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

“သန်းခေါင်ကျော်ပြီးလို့ မနက် ၁ နာရီခွဲလောက်ရှိမယ်နဲ့တူတယ် ဝုန်းဒိုင်းအသံတွေ ကြားလို့ ထကြည့် တော့ ကားမှန်တွေကို ရိုက်ခွဲနေကြ တာတွေ့ရတယ်။ ခဏနေတော့ ရပ်ကွက်ထဲက လူငယ်တွေ ထွက်လာတယ်။ နောက်တော့ လှည့်ကင်းပါ ရောက်လာပြီး ဝိုင်းဖမ်းလိုက်ကြတာ တွေ့ရတာပါပဲ။ ကားမှန်ရိုက်ခွဲကြတဲ့ လူတွေကို ကြည့်ရတာ မူးနေတယ်နဲ့ တူပါတယ်။ ဘယ်နှစ်ယောက်မှန်း တော့ မသိပါဘူး” ဟု အခင်းဖြစ်ရပ် နှင့် ပတ်သက်၍ မျက်မြင် တွေ့ခဲ့ရသူ တစ်ဦးက ဆိုသည်။

တခြားသော မျက်မြင် တွေ့ကြုံခဲ့သူတစ်ဦးက ပြောပြချက်အရ ဆူပူ ရမ်းကားသူများမှာ စုစုပေါင်း ၁၂ ဦး ခန့် ရှိမည်ဖြစ်ကြောင်း၊ ဆိုင်ကယ်များဖြင့် လာရောက်ခဲ့သည် ကို တွေ့မြင် ခဲ့ရကြောင်း၊ အားလုံးမှာ အရက် သောက် ထားသည်ဟု ပြောဆိုနိုင် ကြောင်းနှင့် ရပ်နားထားသည့် ယာဉ်အား အထူးသဖြင့် ယာဉ်နောက်ဘက် ပိုင်း တံခါးမှ မှန်ကို ထုခွဲရိုက်နှက်ခဲ့ ကြကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာသို့ ရပ်ကွက်လူထုနှင့် နယ်မြေလုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိ လာချိန် တွင် အဆိုပါ ဆူပူရမ်းကားလိုသူ လူတစ်စုမှ ထွက်ပြေးခဲ့ကြ ရာ ဆိုင်ကယ် ၃ စီးနှင့်လူ ၅ ဦး ဖမ်းဆီး ထိန်းသိမ်း နိုင်လိုက်သည်ဟု မျက် မြင်တွေ့ခဲ့ရသူက ဆိုသည်။

ဆူပူရမ်းကားကြသူများအနေ ဖြင့် တခြားသော မြို့နယ်၊ ရပ်ကွက် တချို့တွင်လည်း စည်းကမ်းမဲ့ ဆူပူ အော်ဟစ် ဆဲဆိုကာ အကြမ်းဖက်ရမ်း ကားခဲ့ကြသေး သည်ဟုလည်း သိရပါသည်။

ဖြစ်စဉ်များနှင့် ပတ်သက်၍ နယ် မြေခံ ရဲတပ်ဖွဲ့စခန်းသို့ သွားရောက် မေးမြန်းစုံစမ်းရာ အခင်းဖြစ်ပွားစဉ် အတွင်း ဖမ်းဆီးရမိသူ ၅ ဦးအား စစ်ဆေး မေးမြန်းမှုဖြင့် မွန်းလွဲပိုင်းခန့် တွင် ထွက်ပြေးလွတ်မြောက်သွား သူများကိုပါ ထပ်မံ ဖမ်းဆီးနိုင်ခဲ့ ကြောင်း၊ အခင်းဖြစ်ပွားစဉ်တွင် ဆိုင် ကယ် ၆ စီးနှင့်လူ ၁၂ ဦးဖြစ်ကြောင်း၊ သောက်စား မူးယစ်ကာ ဆိုင်ကယ်များအား စည်းကမ်းမဲ့ မောင်းနှင်ခဲ့ကြ ကြောင်းနှင့် တချို့သော ရပ်ကွက်များ တွင်လည်း အလားတူ ပြဿနာမျိုး ကျူးလွန်ခဲ့ကြကြောင်း နယ်မြေခံရဲ တပ်ဖွဲ့စခန်း တာဝန်ရှိက ပြောသည်။

ယခုအခါတွင် ဖမ်းဆီး ထိန်း သိမ်းထားသူများအား ရုံးတင်စစ်ဆေး မှုများပြုလုပ်နိုင်ရန်စီစဉ် ဆောင်ရွက် လျက် ရှိကြောင်းကိုလည်း အဆိုပါ တာဝန်ရှိသူ၏ ပြောပြချက် အရ သိရသည်။

“အကြောင်းမဲ့ သက်သက် ဆူပူ ရမ်းကားကြတာပါ။ ချက်ချင်း ဆိုသလို ရုံးတင်စစ်ဆေးဖို့ ဆောင်ရွက် နေပါပြီ” ဟု ယင်းကပြောသည်။

ပြည်တွင်း အကြမ်းဖက်မှု ဖြစ်စဉ်ကြီးတစ်ခု ပေါ်ပေါက်ပြီး မကြာမီ ပြည်သူလူထု အထိတ်တလန့်ဖြစ် နေစဉ် အတွင်း ယခုကဲ့သို့ ဆူပူရမ်း ကားပြီး အကြမ်းဖက်မှုအသွင်ဆောင် လုပ်ရပ် တချို့ရှိခဲ့ရာ လက်ရှိဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည့် ၁ဝ ဦးထက် ကျော်သည့် လူတစ်စုသည်လည်း အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဖြစ် နိုင်သည်ဟု မြို့ခံလူထုက သုံးသပ် လျက်ရှိသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းနှင့် ယခုနှစ်ဦးပိုင်း ကာလများ ကလည်း လမ်းမကြီးများပေါ် ညအိပ် ရပ်နားသည့် မော်တော်ယာဉ်များအား ထုနှက်ဖျက်ဆီးမှုများရှိခဲ့ကြောင်းနှင့် ထိုစဉ်ကလည်း ဖမ်းဆီးနိုင်ခဲ့ခြင်း အနည်းငယ်ခန့် သာရှိကြောင်း ရပ်ကွက် သတင်းများအရ သိရသည်။

ဖျက်ဆီးရိုက်ခွဲခဲ့သည့် ကားတစ်စီးကိုတွေ့ရစဉ်

ဖျက်ဆီးရိုက်ခွဲခဲ့သည့် ကားတစ်စီးကိုတွေ့ရစဉ်

ဝဝ၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*