ခေါင်းကြီးသတင်း — ရန်ကုန်၊ မတ် ၂၈၊ ၂ဝ၁၂
တသီးပုဂ္ဂလ​ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်လှိုင် (ဇောတိက)

တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်လှိုင် (ဇောတိက)

စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည့်အတွက် လွှတ်တော်တွင်းသွားရောက်သည့်အခါ စီးပွားရေးစကားပြောမည်ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်၊ တသီးပုဂ္ဂလ ​ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်လှိုင်(ဇောတိက)က မတ်လ ၂၈ရက်နေ့က မရမ်းကုန်းမြို့နယ်သို့စည်းရုံးရေးဆင်းစဉ်တွင် မြန်မာအင်ဒီပဲန်ဒင့် သို့ပြောသည်။

ဦးခင်လှိုင်(ဇောတိက)သည်ဇောတိကသင်္ကန်းတိုက်ပိုင်ရှင်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေသူ ဖြစ်ပါသည်။ လူထုကိုကိုယ်စားပြု ဦးစားပေးနိုင်သော ဥပဒေစကားနှင့် စီးပွားရေးစကားပြောမည်ဖြစ်ပြီး နိုင်ငံရေးစကားပြောမည်မဟုတ်ကြောင်းကိုလည်း ဦးခင်လှိုင်က မြန်မာအင်ဒီပဲန်ဒင့် သို့ပြောသည်။ ဦးခင်လှိုင်(ဇောတိက)ဝင်ရောက်ယှဉ်ပြိုင်မည့် မရမ်းကုန်းမြို့နယ်နှင့်ပတ်သတ်၍ သူက “မရမ်းကုန်းမြို့နယ်က  မြန်မာနိုင်ငံမှာ အချမ်းသာဆုံး မြို့နယ်တစ်ခုပါ။ ဆင်းရဲချမ်းသာ ကွာဟမှု အနည်းငယ်ရှိပြီး ဆင်းရဲသူနည်ပါးပြီးချမ်းသာသူများပါတယ်” ဟုပြောသည်။

ပြိုင်ဘက် အင်အားကြီးပါတီများနှင့် ပတ်သတ်၍ ဦးခင်လှိုင်(ဇောတိက)က “အင်အားကြီးခြင်း၊သေးခြင်းကအဓိကမကျဘူး၊ ကိုယ့်ကိုကိုယ် ယုံကြည်ရမယ်” ဟုပြောသည်။  ဦးခင်လှိုင် (ဇောတိက)သည် မရမ်းကုန်းမြို့နယ်မှ ပြိုင်ဘက် ပါတီများဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါက်တာ​ ဒေါ်မေဝင်းမြင့်၊  ဒီမိုကရေစီပါတီများ (NDF)က ဒေါ်ခင်ဖြူဖြူငြိမ်း၊ အမျိုးသားဒီမိုကရေစီပါတီသစ်က ရသ(ခ) ရဲမင်းသိန်းတို့နှင့်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးရဲထွဋ်တို့နှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဦးခင်လှိုင်(ဇောတိက) တသီးပုဂ္ဂလ​ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းသည် မတ်လ၂၅ရက် မှစတင်ကာ မတ်လ ၃၁ရက်နေ့ထိ မရမ်းကုန်း မြို့နယ်တွင်းသို့ မဲဆွယ်စည်းရုံးရေးများကို လုပ်ဆောင်မည်ဖြစ်သည်။ ဦးခင်လှိုင်သည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မော်လမြိုင်ကျွန်းမြို့နယ်က ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။

၀၁၇

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.