ခေါင်းကြီးသတင်း — ဘန်ကောက်၊ မေ ၂၄၊ ၂ဝ၁၂
world economic forum လိုဂို

လာမည့်သီတင်းပတ်အတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဟု ဘန်ကောက်ပို့စ်သတင်း တွင် ဖော်ပြထားသည်။ ယခုခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ၂၄ နှစ်တာကာလအတွင်း ပထမဆုံး ပြည်ပခရီးစဉ်လည်း ဖြစ်သည်။ ဇွန် လအတွင်း အင်္ဂလန်၊ နော်ဝေး၊ ဂျပန်၊ ဖိလစ်ပိုင်နိုင်ငံများသို့ ခရီးများ သွားရောက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခု ဘန်ကောက်ခရီးစဉ်သည် ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုဖိုရမ်သို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်လည်း တက်ရောက်မည်ဖြစ်ပြီး မေ လ ၃ဝ ရက်နေ့တွင် ဖိုရမ်၌ မိန့်ခွန်းပြောကြားရန် အစီအစဉ်လည်းရှိကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ထပ်မံဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ်ယင်းလပ်ရှင်နာဝပ်ခ်ကလည်း ဇွန်လ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း၊ ဇွန်လ ၂ ရက်နေ့ တွင် ဦးသိန်းစိန်နှင့်လည်းကောင်း တွေ့ဆုံမည်ဟု သတင်းရရှိသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်(အရှေ့အာရှ ၂ဝ၁၂)ကို မေလ ၃ဝ ရက်နေ့မှာ ဇွန်လ ၁ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး အာဆီယံ ၁ဝ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်သည်။ ၂ဝ၁၂ ခုနှစ်တွင် စီးပွားရေး အကြပ်အတည်း ပြသနာများကြားမှ အာဆီယံနိုင်ငံများအတွင်း ဂျီဒီပီ ၅ % ထက် ကျော်လွန်နိုင်ရန် ရည်ရွယ်ချက်အကြောင်း ဆွေးနွေးကြမည် ဖြစ်သည်။

ဝ၃၆၊ ဝ၄၇

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*