ခေါင်းကြီးသတင်း — ရန်ကုန်၊ ဖေဖော်ဝါရီ ၁၊ ၂ဝ၁၃
ဆရာဖေမြင့်က နှုတ်ခွန်းဆက် စကား ပြောကြားခဲ့သည်

ဆရာဖေမြင့်က နှုတ်ခွန်းဆက် စကား ပြောကြားခဲ့သည်

ဒေါ်အောင်ဆန်းစုကြည် လည်း ပြောကြားခဲ့သည်

ဒေါ်အောင်ဆန်းစုကြည် လည်း ပါဝင်ပြောကြားခဲ့သည်

မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု အစီအစဉ်ပေါင်းစုံပါဝင်သော ဧရာ ဝတီ စာပေပွဲတော် ကို ဗြိတိသျှသံရုံးမှ ကြီးမှူးပြီး နိုင်ငံတကာမှ စာပေ၊ အနု ပညာရှင်များနှင့် မြန်မာနိုင်ငံမှ စာရေး ဆရာ အနုပညာရှင်အချို့ ပူးပေါင်းပါ ဝင်ကာ မြန်မာစာပေအဆင့်အတန်း မြင့်မားလာစေရန်၊ နိုင်ငံတကာမှ စာရေးဆရာများနှင့် မြန်မာနိုင်ငံမှ စာရေးဆရာများ အသိအမြင်ဖလှယ် နိုင်စေရန်၊ လူငယ်များကို ဗဟုသုတ ဝေငှ နိုင်စေရန်ရည်ရွယ်ပြီး ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ ရန်ကုန်မြို့၊ အင်းယားလိပ်ဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျင်းပပြုလုပ်သော ဧရာဝတီ စာပေပွဲတော်နှင့်စပ်လျဉ်းပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် က မြန်မာနိုင်ငံသူနိုင်ငံ သားများအနေဖြင့် အခြားနိုင်ငံက စာရေးဆရာ များနှင့် ယခုကဲ့သို့ နှီးနှော ဖလှယ်မှုများပြုလုပ်ခြင်းအပေါ် များစွာ ဂုဏ်ယူဝမ်းသာသင့်ကြောင်း၊ အကြောင်းက သင်ယူရန် လိုအပ်သည် မှာ ကိုယ်နှင့်မတူသောတွေးပုံတွေးနည်း ယဉ်ကျေးမှုများကို တန်ဖိုး ထားတတ်၊ နားလည်အောင်ကြိုးစား တတ်ဖို့လို ကြောင်း၊  သို့မှသာ နိုင်ငံညီညွတ် မှုရနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သည် ညီညွတ်မှုလိုအပ်နေ သည့် နိုင်ငံ ဖြစ်သည်ဟု ထူးထူးထွေထွေပြောရန် မလိုကြောင်း၊  အထူးသဖြင့် ယခု ဧရာဝတီ စာပေပွဲတော်ကဲ့သို့ ပွဲမျိုး ပြုလုပ်ခြင်းကြောင့် မြန်မာ့လူငယ်များ သည် စာဖတ် ချင်စိတ် ပိုမိုပြင်းထန်လာမည်ဟု မျှော်လင့်ကြောင်း၊ လူငယ် များစာဖတ်မှသာ အနာဂတ်အတွက် ကောင်းမွန် မည်ဟု ယုံကြည်ကြောင်း၊ စာဖတ်ခြင်းသည် စာအုပ်မှပါသည်များ ကို အလွတ်ကျက်ခြင်းမဟုတ်ဘဲ စာအုပ်ထဲမှ ပါသည်များကို ဖတ်ရင်း စဉ်းစား တတ်အောင် သင်ပေးသည့် ပညာသင်ယူခြင်းတစ်မျိုးဖြစ်ကြောင်း၊ ပညာသင်ယူခြင်း သည် စူးစမ်းတတ်စေရန်၊ ဘဝ၏ စိန်ခေါ်မှုများကို ရင် ဆိုင်တတ်စေ ရန် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ယင်းက ဆက်လက်ပြီး “စာအုပ်တွေဖတ်ခြင်းဟာ ကျွန်မတို့ကို ဘဝရဲ့စိန်ခေါ်မှု အမျိုးမျိုးကိုရင်ဆိုင် တတ် နိုင်အောင် ကူညီနိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မကိုယ်တိုင် ကျမဘဝမှာ စိန်ခေါ်မှု အမျိုးမျိုး ရင်ဆိုင်ရတဲ့အခါ ကျွန်မဖတ်ခဲ့တဲ့ စာ အုပ်တွေထဲက အတွေးအခေါ်တွေက အကူအညီတွေ အများကြီးပေးခဲ့ပါ တယ်။ အဲဒါကြောင့် ကျွန်မတို့လူငယ် တွေအထူးသဖြင့် စာဖတ်ကြပါ၊ စာအုပ် တွေကိုတန်ဖိုးထားကြပါလို့ ဒီနေရာက နေအထူးသဖြင့် တိုက်တွန်းချင်ပါ တယ်”ဟု စာပေ၏ အခန်းကဏ္ဍ အရေးပါ အရာရောက်ပုံများကို ပြောခဲ့သည်။

ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ပထမဦးဆုံးကျင်းပပြုလုပ်သော ဧရာဝတီစာပေပွဲတော်နှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံ အကြောင်း အင်္ဂလိပ် ဘာသာဖြင့်ရေးသား သည့် မြန်မာနိုင်ငံ တွင် မွေးဖွားခဲ့သော ပဒေါင်တိုင်းရင်းသား စာရေးဆရာ ပါစကယ်ခူးသွယ် က “ဧရာဝတီစာပေပွဲတော်နဲ့ပတ် သက်ပြီး အလွန်ပဲ ဝမ်းမြောက် ပီတိ ဖြစ်မိတယ်။ အံ့သြမိတယ်။ ဖုံးထား တဲ့တိမ်မြူတွေ လွင့်ထွက်ပြီး တိုင်း ပြည်ကို အလင်းပေးသလိုပဲ လူငယ် တွေရော၊ အခုလက်ရှိ စာရေးဆရာ  တွေရော တကယ့်ကို စိတ်ဓာတ်တက်ကြွအောင် အားတက်အောင်လုပ်နိုင် မယ့်ပွဲတော်လို့ မြင်တယ်။ ဒီပွဲတော်မျိုး တစ်နှစ်တစ်ခါ ဒီထက်ကောင်းအောင်၊ စည်ကားအောင် လုပ်နိုင်မယ် ဆိုရင် တကယ်ကို အကျိုး သက်ရောက်မှု ရှိလာမယ်။ အခုကျင်းပတဲ့ ဧရာဝတီစာပေ ပွဲတော်ကတော့ ပထမဦးဆုံး အကြိမ်ပွဲ ဖြစ်သလို၊ တကယ့်ကို သမိုင်းဝင်တဲ့ ပွဲ ဖြစ်မယ် လို့ မျှော်လင့်တယ်”ဟု မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောသည်။

ဆက်လက်ပြီး ယင်းက စာပေ သည် လူမျိုးတစ်မျိုး၏ အဆင့်အတန်း ဖြစ်ကြောင်းနှင့် လက်ရှိမြန်မာစာပေ တိုးတက် ဖြစ်ထွန်းမှုကို သုံးသပ်ရာတွင် ယခုမြန်မာ အနေအထားသည် အညွန့်၊ အညှောက်၊ အမြစ် အသစ်ပြန် ထွက်လာသည်နှင့်တူကြောင်း၊ ထိုအညှောင့် အမြစ်များကို ပြန်လည်ပျိုးပေးဖို့ လိုအပ်ကြောင်းနှင့် ပျိုးထောင်ရာ တွင် စာရေးဆရာများ၊ တိုင်းပြည်ကို ထိန်းကျောင်းသူများလိုအပ်ကြောင်း၊ သို့မှသာ စာပေက တဖြည်းဖြည်း သဘာဝ ကျကျ အရိပ်ပေးနိုင် မည်ဖြစ် ကြောင်း၊ စာပေလက်ရာမွန်အဟောင်း ထဲမှ အကောင်းများကို ရှာဖွေ တူးဖော်ရန်နှင့် အသစ်ဖန်တီး မွေးဖွားရန်အတွက် စွမ်းအားရှိသောလူငယ်များကို အားပေး သင့်ကြောင်း နှင့် လူကြီးများက ဝေငှလမ်းပြမှု၊ လူငယ်များ၏ သင်ယူလေ့ လာဖန်တီးမှု အပြန်အလှန်ရှိမှသာ စာပေယဉ်ကျေးမှု အနုပညာ အဘက်ဘက်က တိုးတက်နိုင် မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

တစ်ဖန်စာပေနှင့် နိုင်ငံတိုးတက် ပြောင်းလဲမှုအပြန်အလှန်ဆက်စပ်နေ ပုံကိုလည်း စာပေကောင်းသဖြင့် အစိုး ရကောင်းပေါ်ထွန်းသလို၊ အစိုးရကောင်း သဖြင့် စာပေတိုးတက်မှုဖြစ်ထွန်းနိုင် ကြောင်း၊ စာပေအနုပညာ မရှိဘဲ တိုင်း ပြည် တည်ဆောက်၍ မရကြောင်း၊ အနုပညာနှင့်စာပေကို ပုံသေနည်းဖြင့် ထိန်းချုပ်ထားမည်ဆိုပါက အနုပညာ နှင့်စာပေ ကို သေစေနိုင်ကြောင်းနှင့် သဘာဝစိတ်ကူးနည်းစနစ်ဖြင့်သာ အနုပညာ စာပေယဉ်ကျေးမှု ပိုမိုတိုး တက် ထွန်းကားလာ မည်ဖြစ်ကြောင်း ဆိုသည်။

ထို့နောက် သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာခင်မောင်ညွန့်က “ဧရာဝတီ စာပေပွဲတော်က စာပေဟောပြောပွဲ သက်သက် မဟုတ်ဘူး။ ဖျော်ဖြေမှု အနေနဲ့ မြန်မာ့ ယဉ်ကျေးမှု လည်းပါတော့ အင်မတန်ကောင်းပါ တယ်။ ပထမဦးဆုံးအကြိမ် နိုင်ငံခြား စာရေးဆရာကြီးတွေနဲ့ မြန်မာစာရေး ဆရာကြီးတွေ စုရောက်လာပြီးတော့ အခုလို ဆွေးနွေးဟောပြော၊ ဗဟုသု တဖလှယ်နိုင်တော့ မြန်မာနိုင်ငံအ ကြောင်းအမှန်တိုင်းသိသွားတယ်။ ဒါဟာ တိုင်းပြည်ကို တံခါးဖွင့်ပေးလိုက် တာ။ လူငယ်တွေကို မျက်စိဖွင့်ပေးလိုက် တာဖြစ်သလို နိုင်ငံခြားသားတွေကို လည်း မြန်မာပြည်ကို မှန်ကန်တဲ့အမြင် နဲ့မြင်အောင် ချဉ်းကပ်နိုင်အောင် ဂိတ်ပေါက်တံခါး ဖွင့်ပေးတာ လို့ မြင်တယ်။ ဒီလိုစာပေပွဲတော်မျိုးဟာ ကျင်းပထိုက်တယ်။ နှစ်တိုင်း ကျင်းပစေချင် တယ်”ဟု ဆိုသည်။

ဧရာဝတီစာပေပွဲတော်သည် နိုင်ငံပြန်လည်တည်ဆောက်ရေးနှင့် လူငယ်လူရွယ်များ အသိပညာရရှိ စေရေး အတွက် အရေးပါပုံကိုလည်း အထက်ပါစာပေပွဲတော်များကို တက် ရောက်မှသာ အခြားသောတိုင်းပြည် များက မြန်မာနိုင်ငံအပေါ် ရှုမြင်ပုံ များကိုသိရှိနိုင်ပြီး အားနည်းချက်များ ထောက်ပြလာပါက ပြင်ဆင်ရန်လို အပ်ကြောင်း နှင့် လူငယ်များသည် အမြင်ကျယ်ကျယ်၊ အတွေးအခေါ်၊ အသိဉာဏ်ကြီးကြီးဖြင့် ဂလိုဘယ် လိုက်ဇေးရှင်းခေတ် ကမ္ဘာ့ရွာထဲဝင် ဆံ့နိုင်စေရန်၊ နိုင်ငံတကာနှင့် ထိတွေ့ ဆက်ဆံကာ နိုင်ငံတကာနှင့်ယှဉ်ပြီး မီအောင်လိုက်ကြရန် လိုအပ်ကြောင်း နှင့် ယခုစာပေပွဲတော်သည် နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံရန်အတွက် အခွင့်အလမ်းတစ်ခု တံခါးဝ ဂိတ်ပေါက် တစ်ခုဖြစ်တာကြောင့် နိုင်ငံတိုးတက် ရေးနှင့် ပြန်လည်တည်ဆောက်ရေး အတွက် အရေးပါသော ပွဲတော်တစ်ခု အဖြစ် ရှုမြင်ကြောင်း ဆရာကြီးက ထပ်မံဆိုသည်။

ပွဲသို့တက်ရောက်လာသော စာပေ ဝါသနာရှင်တစ်ဦးဖြစ်သည့် မဝင်းဝင်းသန်းက “အခုပွဲက မြန်မာပြည်မှာ ပထမဦးဆုံး လုပ်တာဆိုတော့ စိတ်ဝင်စားလို့ လာတက်ဖြစ် တယ်။ နောက်ပြီး ဒီလိုပွဲက နောက်လုပ်မယ်၊ မလုပ်ဘူးက မသေချာဘူး ရှားပါးတယ်လေ။ ဒီကနေပြီးတော့ နိုင်ငံတကာစာပေပွဲတော် တွေဆိုရင် ဘယ်လိုလုပ်တယ်၊ ဘယ်လိုဟောပြောတယ်၊ ဘယ်လို စီစဉ်တယ်၊ ဒါတွေလည်း သိရတယ်။ နောက်ပြီး အင်္ဂလိပ်စာ စွမ်းရည်လည်း မြင့်တက်လာမယ်။ နောက် ပရိသတ်ကိုလည်း စစ်ထုတ်လိုက်သလိုပဲ ဖြစ်သွား တယ်။ ဘာပဲပြောပြော စာပေချစ်မြတ်နိုးသူ တွေအတွက် တစ်ခုခုရမယ်လို့တော့ ယုံကြည်ပါတယ်”ဟု သူမ၏အမြင် ကို ပြောသည်။

စာရေးဆရာ၊ သတင်းစာဆရာ ဖေမြင့်က နှုတ်ခွန်းဆက်စကားပြော ကြားရာတွင် ဧရာဝတီစာပေပွဲတော် သည် မြန်မာနိုင်ငံတွင် စာပေနှင့် ယဉ် ကျေးမှုဆိုင်ရာ အစီအစဉ်ပေါင်းစုံ ပါဝင်သည့် ပထမဦးဆုံးပွဲဖြစ်ကြောင်း၊ ပွဲတက်ရောက်လာသော မြန်မာနိုင်ငံ နှင့် နိုင်ငံတကာစာရေးဆရာများ၊ ပရိ သတ်များ၊ ပွဲစီစဉ်ပေးသော ပုဂ္ဂိုလ်များ၊ ဗြိတိသျှ သံရုံးကမှ သံအမတ်ကြီးနှင့် သံအမတ်ကြီး ကတော်တို့အား ကျေး ဇူးတင်ရှိကြောင်း၊ မြန်မာစာရေးဆရာ များအနေဖြင့် ကိုယ်တိုင် မစတင်နိုင် သော် လည်း အခုလို စတင်နိုင်သူတွေ ရှိသောအခါ တက်တက်ကြွကြွ ပါဝင် ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် နှစ် ပေါင်းများစွာ စုစုစည်းစည်း ညီညီ ညွတ်ညွတ် မလုပ်ခဲ့သလို နိုင်ငံတကာ  စာပေပွဲတော်မျိုးလည်း မကြုံဖူးသော  ကြောင့် အခက်အခဲများ ကြုံတွေ့ရပြီး အဲဒီအခက်အခဲများကို စုပေါင်းညှိ နှိုင်းဆောင် ရွက်ခြင်းဖြင့် ပြေလည် စေခဲ့သဖြင့် ယခုလို မြန်မာပြည်တွင် ပထမဆုံးသော စာပေပွဲတော်တစ်ရပ် ကို ဆင်နွှဲနိုင်ခြင်းအတွက် မြန်မာ စာပေသမားများ ကိုယ်စား မြန်မာစာ ပေသမားတစ်ဦး အနေဖြင့် များစွာဝမ်း မြောက်ဂုဏ်ယူကြောင်း၊ ဧရာဝတီ စာပေပွဲတော်မှ စတင်အခြေခံကာ အစဉ်အလာ တစ်ခုဖြစ်အောင် ဆက်ပြီး ဆောင်ရွက်သွားရန် ဗြိတိသျှကောင် စီမှ တာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့ အစည်းများကို မေတ္တာရပ်ခံတိုက် တွန်းလိုကြောင်း ထုတ်ဖော်ပြောဆို ခဲ့သည်။

နိုင်ငံတကာစာရေးဆရာများထဲ မှ တရုတ်စာရေးဆရာမတစ်ဦးက ဧရာဝတီစာပေပွဲတော်ကို တက်ရောက် ရသောကြောင့် များစွာဝမ်းသာပီတိ ဖြစ်မိကြောင်း၊ ယခုလို နိုင်ငံတကာ စာရေးဆရာများနှင့် မြန်မာစာရေး ဆရာများ တွေ့ဆုံကာ အပြန်အလှန် အသိပညာဖလှယ်နိုင်သောကြောင့် ဧရာဝတီစာပေပွဲတော်သည် ကြီးကျယ် ခမ်းနားသည့်အောင်မြင်မှုများရနိုင် မည့် ပွဲတော်ဖြစ်ကြောင်းထုတ်ဖော် ပြောဆိုခဲ့သည်။

ဧရာဝတီ စာပေပွဲတော်သည် စာပေလောကအတွက် အကျိုးသက်ရောက် မှုရှိပုံနှင့်ပတ်သက်၍ စာရေးဆရာ၊ ဒါရိုက်တာ၊ ကဗျာဆရာမင်းထင် ကိုကိုကြီးက “ဧရာဝတီ စာပေပွဲတော်မှာ အားလုံးက စာပေကိုချစ်မြတ်နိုးတဲ့ စိတ်တွေ၊ တစ်ဦးနဲ့တစ်ဦး အပြန် အလှန်လေးစားတဲ့စိတ်တွေနဲ့ အတူတ ကွပူးပေါင်း အလုပ်လုပ်နိုင်တာကို တွေ့ရတယ်။ အဲဒါဟာ စာပေအတွက် ကောင်းတဲ့အလားအလာပါ။စာရေးဆရာဆိုတာ များသောအားဖြင့် သီးသန့်ဆန် ကြတယ်။ ဒါပေမယ့် အခုလိုစာရေးဆရာ၊ ကဗျာဆရာ တွေ အတူပူးပေါင်းပြီးလုပ်ရတာ ဟာ အကျိုးရှိပါတယ်။ စာပေ လောကအတွက်ရော၊ အတူပူးပေါင်း လုပ်တဲ့အလေ့အထအတွက်ရော အင်မတန်ကောင်းတဲ့ ပွဲတော်တစ်ခု ပါ”ဟု ဆိုသည်။

အထက်ပါစာပေပွဲတော်သို့တက် ရောက်ခဲ့သည့် စာရေးဆရာမ တစ်ဦးက ပြောကြားရာတွင် ဧရာဝတီ စာပေ ပွဲတော်သည် မြန်မာစာပေအတွက် လွန်စွာ အထောက်အကူပြုကြောင်း၊  မြန်မာ စာရေးဆရာများ လူချင်းမတွေ့ဘူးသည့် စာမျက်နှာပေါ်မှာသာ သိ ကျွမ်းသော  စာရေးဆရာများ လူချင်း စုပေါင်းတွေ့ ဆုံနိုင်ကြောင်း၊  ယခုကဲ့သို့ စာပေပွဲတော်မျိုး ကိုနှစ်စဉ် ခမ်းခမ်းနားနား လုပ်စေချင်ကြောင်း၊   စာပေဟောပြောပွဲတွင် စင်ပေါ်မှာ တစ်ယောက်တည်းပြော သည်များကို ပရိသတ် ကငြိမ်ပြီး နားထောင်နေ မည့်အစား ယခုကဲ့သို့ အပြန်အလှန် ဆွေးနွေးခြင်းအားဖြင့်  ဗဟုသုတရ နိုင်ကြောင်း၊  ဧရာဝတီစာပေ ပွဲတော် ပြုလုပ်ခြင်းဖြင့် မြန်မာစာပေကို နိုင်ငံ တကာမှ သိရှိသွားကြောင်းနှင့် ဧရာဝတီစာပေ ပွဲတော် အောင်မြင် မှုရှိမရှိ သုံးသပ်တင်ပြရာတွင် ရာနှုန်း ပြည့် မဟုတ်သော်လည်း ကျေနပ်စရာ ကောင်းမွန်သော အလားအလာရှိ ကြောင်း၊ နားထောင်သောအခါ ကဗျာ၊ ဝတ္ထု၊ စကားပြေပိုင်းစသည် ဖြင့် အကြောင်း အရာ ပေါင်းစုံပါဝင် ကြောင်း ၊  ပထမဦးဆုံးပွဲအနေဖြင့် ပြောရမည်ဆိုလျှင်  ထင်ထားသည် ထက် အောင်မြင်ကြောင်း၊ ပရိသတ် များကလည်း ပျော်ပျော်ရွှင်ရွှင်စိတ် ဝင်တစားဖြင့် လာရောက်နားထောင် ကြပြီး၊ ခရစ်ယာန်သီလရှင်များ၊ ဗုဒ္ဓဘာသာဘုန်းကြီးများ ကလေး၊ လူကြီးပေါင်းစုံ ပူးပေါင်းပါဝင်သဖြင့် အားရမိကြောင်း ထပ်မံထုတ်ဖော် ပြောဆိုခဲ့သည်။

အထက်ပါ ဧရာဝတီစာပေပွဲ တော်တွင် အကြောင်းအရာအလိုက် စာပေဟောပြောဆွေးနွေးမှုသာမက  ဓာတ်ပုံ ပြပွဲများ၊ အနုပညာ တင် ဆက်မှုများ၊ ရှပ်ရှင်ပြပွဲများ၊ ကဗျာ ရွတ်ဆိုမှုများ ၊ စာအုပ်ရောင်းပွဲတော် များပါဝင်ပြီး၊ ဒေါ်အောင်ဆန်း စုကြည်နှင့်တကွ မြန်မာနိုင်ငံမှ စာရေးဆရာများ၊ သတင်းစာ ဆရာများ ၊ ကဗျာဆရာများ ၊ အနုပညာ ရှင်များ၊ ဒါရိုက်တာများ ၊ စာပေ ဝါသနာရှင်လူငယ်များ၊ ဘလော့ဂ်ဂါ များ၊ အွန်လိုင်း မီဒီယာ သမားများ၊ ရုပ်သေး ပညာရှင်များ တက်ရောက်ကာ ဖေဖော်ဝါရီ  ၁ ရက်မှ ၃ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အထက်ပါ ဧရာဝတီစာပေပွဲ တော်တွင် အကြောင်းအရာအလိုက် စာပေဟောပြောဆွေးနွေးမှုသာမက ဓာတ်ပုံ ပြပွဲများ၊ အနုပညာတင်ဆက် မှုများ၊ ရုပ်ရှင်ပြပွဲများ၊ ကဗျာရွတ် ဆိုမှုများ၊ စာအုပ်ရောင်းပွဲတော်များ ပါဝင်ပြီး ဒေါ်အောင်ဆန်း စုကြည် နှင့်တကွ မြန်မာနိုင်ငံမှ စာရေးဆရာ များ၊ သတင်းစာဆရာများ၊ ကဗျာ ဆရာများ၊ အနုပညာရှင်များ၊ ဒါရိုက်တာများ၊ စာပေဝါသနာရှင် လူငယ်များ၊ ဘလော့ဂါများ၊ အွန် လိုင်းမီဒီယာသမားများ၊ ရုပ်သေး ပညာရှင်များ တက်ရောက် ကာ ဖေဖော်ဝါရီ ၁ ရက်မှ ၃ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ ကြောင်း သိရသည်။

ဝ၈၂

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*