တွေ့ဆုံ​မေးမြန်းခြင်း — ရန်ကုန်၊ သြဂုတ် ၇၊ ၂ဝ၁၂

၂ဝ၁၂ ခုနှစ်၊ သြဂုတ် ၅ ရက် တွင် မြဝတီ၌ ကေအန်ယူနှင့် အစိုးရ တို့ ပြည်ထောင်စုအဆင့် မတိုင်မီ အလွတ် သဘော ဆွေးနွေးပွဲနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှ ဦးလှမောင်ရွှေနှင့် မြန်မာ အင်ဒီပဲန်ဒင့်တို့ တွေ့ဆုံမေးမြန်းထား သည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့နှင့် တွေ့ဆုံခဲ့သည့် ကေအန်ယူ ကိုယ်စားလှယ်များ

ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့နှင့် တွေ့ဆုံခဲ့သည့် ကေအန်ယူ ကိုယ်စားလှယ်များ

မြဝတီမြို့တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး အကြို ဆွေးနွေးပွဲသို့ အစိုးရဘက်မှ တက်ရောက်လာသူများ

မြဝတီမြို့တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး အကြို ဆွေးနွေးပွဲသို့ အစိုးရဘက်မှ တက်ရောက်လာသူများ

မေး။  ကရင်အမျိုးသားအစည်းအရုံး နဲ့ ဆွေးနွေးခဲ့တာတွေဟာ Code of Conduct လို့ခေါ်တဲ့ နှစ်ဖက်လိုက်နာ ရမယ့် ကျင့်ဝတ်တွေ ဖြစ်တယ်လို့ သိရပါတယ်။ နှစ်ဖက် သဘောတူ နိုင်ခဲ့တဲ့ ကျင့်ဝတ်တွေက ဘာတွေပါလဲ။

ဖြေ။ Code of Conduct က နှစ်ဖက် သဘောတူညီမှု တစ်ဦးနဲ့တစ်ဦး ဘာလဲဆိုတာ အခုကျွန်တော်တို့ အဲဒါ မဆွေးနွေးရသေးဘူး Code of Conduct ကို နှစ်ဖက်လုံးက Prepare လုပ်နေတယ်။ လုပ်နေပြီးတော့ သြဂုတ် လကုန်လောက်မှာ လုပ်မယ့် ရည်မှန်းထားတဲ့ ပြည်ထောင်စု အဆင့်မှာ Code of Conduct ကို ဆွေးနွေးဖို့ နှစ်ဖက် သဘောတူ ထားတယ်။ အဲတော့ ဘာလဲဆိုတာ မသိသေးဘူး။ နောက်တစ်ခေါက် ဆွေးနွေးပွဲမှာမှ ဆွေးနွေးမှာ။

မေး။  ဆရာ့ရဲ့ အတွေ့အကြုံနဲ့ ဗဟုသုတအရ ကျင့်ဝတ်တွေ ချမှတ်ရာမှာ  ဘယ်လိုမူတွေကို အခြေခံ သင့်ပါသလဲ အပြည်ပြည်ဆိုင်ရာ မူတွေကရော ဘယ်လိုရှိပါသလဲ။

ဖြေ။  တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူဘူးဗျ။ ဘာလဲဆိုတော့ ရေမြေသဘော သဘာဝတွေ မတူဘူး ဆိုတဲ့အတွက် တစ်ခုနဲ့တစ်ခု မတူဘူး။ မတူတော့ နှစ်ဖက် အဖွဲ့အစည်းတွေ၊ ဒီဘက်မှာဆိုရင် အစိုးရ အဖွဲ့အစည်းနဲ့ တပ်မတော် ဟိုဘက်မှာတော့ ကေအန်အန်အေနဲ့ ကေအန်ယူ အဲဒီနှစ်ဖက်လုံးက သဘောတူမှ ဒီ Code of Conduct က နှစ်ဖက်သဘောတူဖြစ်မှာ။ ဥပမာလိုတိုး ပိုလျှော့လေးတွေကို စားပွဲပေါ်မှာ ဖြေရှင်းရမယ်။ ညှိနှိုင်းရမယ် ဆိုတဲ့ သဘောပါပဲ။ အပြည်ပြည်ဆိုင်ရာမှာက ဘယ်လိုရှိလည်းဆိုတော့ ကျွန်တော် ပြောတဲ့ ရေမြေ သဘော သဘာဝတွေ ကို မူတည်ပြီးတော့ Code of Conduct က ရှိနေတာ။ ကျွန်တော်တို့ တပ်မတော် မှာလည်း စစ်ကျင့်ဝတ် ၆ဝ တို့ ဘာတို့ ရှိသလိုပေါ့။ သူတို့ ဘက်မှာလည်း ရှိမှာပဲ။ နှစ်ဖက် သဘောတူ ကျင့်သုံးဖို့ဆိုတော့ နှစ်ဖက်ညှိနှိုင်းရမှာ ဖြစ်တယ်။

မေး။  ကရင်ဘက်က ပြောတဲ့အထဲမှာ စစ်တပ်ရဲ့ ကျင့်ဝတ်တွေကြောင့် ညှိရ အဆင်မပြေကြောင်း သိရပါတယ်။  ရှင်းပြပေးပါ။

ဖြေ။  ကရင်ဘက်က ပြောတဲ့အထဲ မှာ စစ်တပ်ရဲ့ ကျင့်ဝတ်တွေကြောင့် ညှိရ အဆင်မပြေဘူး ဆိုတာ မဟုတ်ပါ ဘူး။ ကျင့်ဝတ်ဆိုတာတွေက ညှိနှိုင်းရမယ့် အဆင့် မရောက်သေးတာ။ နှစ်ဖက်လုံးက အကြမ်းတွေ ဆွဲတယ်။ စားပွဲဝိုင်းမှာ နှစ်ဖက်ညှိနှိုင်းကြမယ် လို့ပြောထားတယ်။ ညှိနှိုင်းရတာ အဆင်မပြေဘူးပြောတာက ညှိနှိုင်းတဲ့ အဆင့်ဆီကို မရောက်သေးဘူးခင်ဗျ။ ဒီဘက်မှာလည်း အကြမ်းဆွဲမယ်၊ ဟိုဘက်မှာလည်း အကြမ်းဆွဲမယ်။ ဆွဲ ထားတဲ့ အကြမ်းနှစ်ခုကို ပြန်ပြီးညှိနှိုင်း ကြမယ်ပေါ့။ အဲဒါတွေက နှစ်ဖက်သဘောတူ ကျင့်ကြံရမယ့် Code of Conduct တွေပါပဲ။

မေး။  ဒီရက်ပိုင်းမှာ ဆွေးနွေးပွဲတွေ တကယ်စတော့မယ် ပြောပါတယ်။ ဘယ်တော့လဲ။ ဘယ်သူတွေ ကြားခံ ပေးဦးမလဲ။

ဖြေ။  ဆွေးနွေးပွဲတွေက ပုံမှန်လုပ် နေကြပါတယ်။ ဒါပေမယ့် ဒါတွေက လူအများကြီးပါတဲ့ ဆွေးနွေးပွဲတွေနဲ့ လူနည်းနည်းပဲပါတဲ့ ဆွေးနွေးပွဲတွေပဲ ဖြစ်ပါတယ်။ ဒီလ ၅ ရက်နေ့က လုပ်ခဲ့တဲ့ ဆွေးနွေးပွဲက အစိုးရဘက်မှာ ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးစိုးသိန်း၊ ဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းနဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့တွေ ပါတယ်။ ဟိုဘက်ကတော့ နော်စီပိုးရာစိန်၊ ဖဒိုစောသောသီဘွဲ၊ နော်မေဦး၊ စောအောင် ဝင်းရွှေတို့ ဦးဆောင်တဲ့ အဖွဲ့တွေ ပါတယ်။ အခုတစ်ခါ ကေအန်ယူအနေနဲ့ မြန်မာနိုင်ငံ အတွင်း လာပြီးတော့ ဆွေးနွေးတာ စတုတ္ထအကြိမ်မြောက်လို့ ပြောနိုင်ပါတယ်။ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ Code of Conduct  တစ်ခုထဲ ဆွေးနွေးမှာ မဟုတ်ပါဘူး။ တခြား လိုအပ်ချက်တွေကိုလည်း ဆွေးနွေးမှာပါ။ သြဂုတ်လ ကုန်လောက်မှ လုပ်ဖြစ်မယ်။ မြန်မာနိုင်ငံ အတွင်းမှာပဲ လုပ်မှာပါ။ ဘယ်သူတွေက ကြားဝင် ကြားခံမလဲ ဆိုတော့ နှစ်ဖက်အကျိုး တော်ဆောင်တွေ ရှိမယ်။ နှစ်ဖက်သဘော တူထားတဲ့ လေ့လာသူတွေပါ မယ်။

မေး။  ဒေါက်တာ စင်သီယာမောင် တို့ ဆေးခန်းကို ရောက်ပြီး နှစ်ဖက် လူနာလွှဲဖို့တွေပါ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းက ကျန်းမာ ရေးဝန်ဆောင်မှု လုပ်နေတဲ့ လူမှုရေး အဖွဲ့အစည်းတွေနဲ့ နယ်စပ်က အဖွဲ့ တွေကြား ကျန်းမာရေးပညာရပ်ဆိုင် ရာ နှီးနှောဖလှယ်ပွဲမျိုးရောပေါ်ပေါက် လာနိုင်မလား။

ဖြေ။  ဒေါက်တာ စင်သီယာမောင် ပြုလုပ်ခဲ့တာတွေကို ကျွန်တော်တို့ ဒီတစ်ခေါက် ချီးကျူးထားပါတယ်။ အရင်တစ်ခေါက် ကလည်း ဝန်ကြီး ဦးအောင်မင်း သွားပြီးပါပြီ။ Follow Up ဒုတိယအကြိမ် လုပ်တာပါ။ ဝန်ကြီး ၄ ယောက် သွားတာပါ။ မြဝတီခရိုင် ဆရာဝန်ကြီးတွေနဲ့ နောက်ထပ် ဆရာဝန်ကြီးတွေ ပါပြီး နှစ်ဖက်ဘယ်လို ပူးပေါင်းဆောင်ရွက် ကြမလဲဆိုတာ ဆွေးနွေးကြတယ်။ အဲဒီဆွေးနွေးပွဲမှာ အချက်အလက်တွေ အများကြီး ပါတယ်။ သူတို့က ကျွန်တော်တို့ မသွားခင်ကော၊ ကျွန်တော်တို့ ရောက်နေတဲ့အချိန်မှာရော ပြန်လာတဲ့ အချိန်တွေမှာလည်း ဆက်လက် ဆွေးနွေးနေကြတယ်။ ဒေါက်တာ စင်သီယာမောင်တို့က ကျွန်တော်တို့ နိုင်ငံသားတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်က အားလုံးမလုပ်ပေးနိုင်တဲ့အတွက် လုပ်ပေးနိုင်တဲ့သူကို  အသိအမှတ်ပြုတယ်။ သူ့ရဲ့ဘတ်ဂျက် လျော့တဲ့ကိစ္စမှာလည်း ဟိုဘက် ဒီဘက်ညှိနှိုင်းပြီး သူတို့ဘက်ကများများ လက်ခံနိုင်တယ်။ မြဝတီ ဆေးရုံအုပ်ကြီးက အဆင့်မြင့်မြင့် လုပ်ဆောင်ဖို့ ဟိုဘက်ဒီဘက် ဆွေးနွေးကြတယ်။  အောက်တိုဘာ လမှာတော့ ဒီဘက်က ဆရာဝန်ကြီးတစ်ဖွဲ့ သွားဆွေးနွေးဖို့ ရှိတယ်။

ကေအန်ယူနှင့် အစိုးရတို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သြဂုတ် ၂၇ ရက်တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။ ဆွေးနွေးမည့်နေရာအဖြစ် ဘားအံအား ယာယီရွေးချယ်ထားကြောင်း သိရသည်။

ယခုခရီးစဉ်တွင် မြန်မာနိုင်ငံအစိုးရ ပြည်ထောင်စုဝန်ကြီးများအဖွဲ့နှင့် နယ်စပ်ရှိ မယ်တော်ဆေးခန်းမှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြရာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ဇနီး ဒေါက်တာဝေဝေသာ၊ မန္တလေး တက္ကသိုလ်မှ ဒေါက်တာ စောကလော်ခို၊ မြဝတီဆေးရုံမှ ဒေါက်တာ ခင်မောင်မြင့်နှင့် ဒေါက်တာ ဇင်လတ် မောင်တို့ ပါဝင်ခဲ့ကြပြီး အရေးပေါ် လူနာများ၊ လူနာလွှဲအပ်ခြင်းနှင့် လူနာများ၏ နိုင်ငံသား ရေးရာများကို အဓိက ထား ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ ဒေါက်တာဝေဝေသာက မယ်တော်ဆေးခန်းသို့ ထိုင်းဘတ်ငွေ ၁ သိန်း လှူဒါန်းခဲ့ပြီး ဒေါက်တာ စင်သီယာမောင်(မယ်တော်ဆေးခန်း)က ယခုနှစ်အတွက် ဆေးခန်းကုန်ကျ စရိတ်မှာ ထိုင်းဘတ်ငွေ ၁၈ သန်း ရှိကြောင်း၊ လူနာဦးရေမှာ ၂ဝ၁၁ ခုနှစ် တွင် ၁ သိန်းကျော်ရှိကြောင်း ပြော ကြားပါသည်။

ဝဝ၇

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*