ပြည်တွင်းသတင်း — ရန်ကုန်၊ စက်တင်ဘာ ၂၀၊ ၂၀၁၆

ကျောက်တံတားမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ လမ်း ၄၀(အထက်)ရှိ အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် ဒေါ်တင်သူဇာ၏ နေအိမ် (၈) လွှာတွင် လွန်ခဲ့သော ၅ နှစ် ခန့်မှစ၍ အသက်(၁၂)နှစ် အရွယ်ခန့်ရှိ အိမ်အကူ အမျိုးသမီးငယ်များမှာ နေ့စဉ်နှိပ်စက် ခံနေရကြောင်း၊ ၎င်းတို့ ခန္ဓာကိုယ် အနှံအပြားတွင် ထိုးသွင်း ပြတ်ရှ အမာရွတ်များလည်း တွေ့ရှိရကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင်သို့ လိပ်မူ၍ တိုင်တန်းမှုအား ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့မှူးမှ တိုင်စာအား သက်သေများနှင့် အတူ စိစစ်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး၊ ကော့မှူး မြို့နယ်၊ ရှာဘွားကျေးရွာ အုပ်စု၊ ဘောလုံးကွင်း ကျေးရွာနေ မတင်တင်ခိုင် (၁၈)နှစ်၊ မစန်းကေခိုင်၊ (၁၇)နှစ်နှင့် မသဇင် (၁၆)နှစ်တို့အား ၎င်းတို့၏ အုပ်ထိန်းသူမိဘများမှ အိမ်အကူ လုပ်ငန်း လုပ်ကိုင်ရန် အတွက် အင်းဝ အပ်ချုပ်ဆိုင်သို့ ရောက်ရှိခဲ့ကြောင်း၊ ပိုင်ရှင်ဖြစ်သူ ဒေါ်တင်သူဇာမှ အိမ်အကူ လစာတစ်လလျင် ငွေကျပ်(၂၀၀၀၀) ရမည်ဖြစ်ကြောင်း ပြောဆို၍ လက်ခံခဲ့ကြောင်း၊ လုပ်ခလစာ များအား ၂၀၁၄ ခုနှစ်၊ သြဂုတ်လ အထိ ရရှိခဲ့သော်လည်း စက်တင်ဘာလမှ စ၍ လုပ်ခလစာများ မရရှိတော့ဘဲ ဆက်လက် လုပ်ကိုင်နေရကြောင်း၊ လုပ်ငန်း လုပ်ကိုင်ရာတွင် လွဲချော်ပါက ဒေါ်တင်သူဇာနှင့် စုမွန်လတ်တို့မှ မျက်နှာနှင့် တစ်ကိုယ်လုံး အား ရိုက်နှက်ညဉ်းပန်း နှိပ်စက်ခြင်း၊ အစာရေစာ မကျွေးဘဲ ထားခြင်း၊ မစန်းကေခိုင်၏ လက်ချောင်းများအား လှန်ချိုးခြင်း၊ ကိုယ်အင်္ဂါ ချို့ယွင်းအောင် အမျိုးမျိုး နှိပ်စက်ခြင်းများ ခံခဲ့ရကြောင်း၊ အုပ်ထိန်းသူ မိဘများ လာရောက် တွေ့ဆုံသည်ကို ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် တွေ့ဆုံခွင့် မပေးသည့်အပြင် လုပ်ခလစာများ ကိုလည်း ပေးခြင်း မရှိတော့ကြောင်း စစ်ဆေးပေါ်ပေါက်ချက် အရ အမှတ်(၆)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်)မှ ၂၀.၉.၂၀၁၆ ရက်နေ့တွင် ဒေါ်တင်သူဇာနှင့် စုမွန်လတ်တို့အား အရေးယူပေးရန် တိုင်တန်းခဲ့ပါသည်။

တိုင်တန်းချက်အရ ဒေါ်တင်သူဇာနှင့် စုမွန်လတ်တို့အား ကျောက်တံတား မြို့မရဲစခန်း (ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*