ပညာရေး သတင်း — မတ် ၇၊ ၂ဝ၁၃

ဖေဖော်ဝါရီ ၂၇ – မကွေးဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြီး ကျောင်းတွင်း ယူနီဖောင်း ဝတ်ဆင်သင့်၊ မသင့် ကျောင်းသား၊ ကျောင်းသူများ၏ဆန္ဒကို စစ်တမ်းကောက်ခံခဲ့ကြောင်း သိရှိရသည်။

မတ် ၁- ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ကိုယ်စား မဟန်နီဦးနှင့် မဖြိုးဖြိုးအောင်တို့ တောင် အာဖရိက ဘုန်းတော်ကြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒတ်စမွန်တူးတူးကို ၈၈ မျိုးဆက်ကျောင်းသားများ၊ အခြား နိုင်ငံရေး အင်အားစု များနှင့်အတူ ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်းတွင် သွားရောက်တွေ့ဆုံ ခဲ့ကြသည်။

မတ် ၅ – ၂ဝ၁၃ ခုနှစ်၊ မတ် ၅ ရက်တွင် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ပြင်ပကန်တင်းတွင် ကျောင်းသား များ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ၊ အကျပ်အတည်းနှင့် ရင်တွင်း ခံစားမှုများကို ဆရာ၊ ဆရာမများ၊ ဥပဒေပြု အမတ်မင်းများ သိရှိနားလည်ပြီး ကူညီဖြေရှင်းပေးနိုင်ရန်နှင့် ကျောင်းသားများ၏ အခွင့်အရေးကို အကာအကွယ် ပေးသော တက္ကသိုလ် ဥပဒေတစ်ခု ရေးဆွဲပေးနိုင်ရန် ရည်ရွယ်ပြီး ဗကသများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေး ကော်မတီ)၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြုလုပ်မည့် အနောက်ပိုင်း တက္ကသိုလ် ကျောင်းသားများ၏ ရင်ဖွင့်သံဟူသော ဆွေးနွေးပွဲ မတိုင်မီ ယင်းတက္ကသိုလ်တာဝန်ရှိ သူများက ကျောင်းသား၊ ကျောင်းသူများအပေါ် ယင်းဆွေးနွေးပွဲသို့ မတက်ရောက်နိုင်ရန် ဆွေးနွေးချိန်နှင့် ချိန်ကိုက်ကာ tutorial စာမေးပွဲများ စစ်မည်၊ Practical များ ပြုလုပ်မည်ဟုကြေညာခြင်း၊ ဆွေးနွေးပွဲ တက်ရောက်မည့် ကျောင်းသားများကို ရဲခေါ်၍ ဖမ်းစေပြီး မိဘခေါ်ကာ ကျောင်း ထုတ်မည်ဟု ခြိမ်းခြောက်မှု များဖြင့် ဖိအားပေးလျက် ရှိကြောင်း သိရှိရသည်။ ယင်းဆွေးနွေးပွဲ၏ လက်ကမ်း ကြော်ငြာစာရွက်တွင် ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်ဝင်ပေါက် ပန်းချီပုံကို ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် အကျဉ်းထောင် ဟူသော စာတမ်း၊ Don’t Cross ဟူသော စာတမ်း၊ WYUSU ဟူသော စာတမ်း (Western Yangon University Student’s Union)များနှင့် ဖော်ပြထားပြီး “ဆရာ၊ဆရာမတွေက ကောင်းတယ်လို့ယူဆတဲ့ အကြောင်းအရာ တွေဟာ ကျောင်းသားတွေရဲ့ရင်ထဲမှာ မွန်းကြပ်မှုတွေ၊ စိတ်ဒုက္ခတွေ ဖြစ်ပေါ်လာနိုင်စေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရင်ထဲက မွန်းကြပ်မှု၊ စိတ်ဒုက္ခတွေကို သူငယ်ချင်းကောင်း ပီသစွာ ရင်းရင်းနှီးနှီး ရင်ဖွင့်ကြမယ် ဆိုရင် အနည်းအကျဉ်းတော့ ပြေပျောက်မယ်လို့ယုံကြည်ပါတယ်” ဟူ၍ ကျောင်းသား များအား ဆွေးနွေးပွဲသို့ ဖိတ်ခေါ်ထားသည်။ ယင်းနှင့် ပတ်သက်၍ ဗကသများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ)၏ အင်တာနက် စာမျက်နှာတွင် ကျောင်းသားများ ဘက်မှ ရပ်တည်ပြီး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကူညီကြိုးပမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

ဝ၆၂

ဆက်စပ်သတင်းများ

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*