အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော ရုပ်ရှင်သရုပ်ဆောင် ကျော်သူ (ဥက္ကဋ္ဌ၊ နာရေးကူညီမှုအသင်း၊ ရန်ကုန်)၏ အနုပညာလက်ရာများကို နယူးယောက်မြို့တွင် မေလ ၂၅ ရက်နေ့မှ စတင်ကာ ၂၇ ရက်နေ့ထိ ပြုလုပ်ကြောင်း သိရှိရပါသည်။

ကျော်သူ၏ ပထမဆုံးထွက်ပေါက် အနုပညာပြပွဲ ဖိတ်စာဒီဇိုင်း

ကျော်သူ၏ ပထမဆုံးထွက်ပေါက် အနုပညာပြပွဲ ဖိတ်စာဒီဇိုင်း

ထိုပန်းချီပြပွဲအကြောင်း ကြေညာချက်တွင် ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလက မြန်မာပြည်မှာ ငြိမ်းချမ်းစွာ လမ်းလျှောက်​   မေတ္တာပို့ ဆန္ဒပြခဲ့ကြတဲ့ ရွှေဝါရောင် တော်လှန်ရေးတုန်းက ရဟန်းတော်တွေကို ဆွမ်း၊ ရေချမ်းကပ်ခဲ့တဲ့ကိစ္စနဲ့ အဲဒီ ၂ဝဝ၇ စက်တင်ဘာလကစပြီး အမေရိကန် အလည်အပတ် ရောက်လာတဲ့ထိတိုင်အောင် ကျွန်တော့် အနုပညာလုပ်ပိုင်ခွင့်တွေ ​ အားလုံးကို ပိတ်ပင်ခံထားရဆဲ ဖြစ်ပါတယ်။ အဲဒါကြောင့် အခု ကျွန်တော် အမေရိကန်ကို အလည်ရောက်ခိုက်မှာ ကျွန်တော် နှလုံးသားနဲ့ ခံစားရေးဆွဲ ထားတဲ့ ပန်းချီကားတွေ လူထုကို ပြသခွင့်ရခြင်းဟာ ကျွန်တော့်ရဲ့ ပထမဆုံးထွက်ပေါက် အနုပညာရင်ဖွင့်သံလို့ ဆိုချင်ပါတယ်။

ကျော်သူ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ၊ ထုတ်လုပ်သူ ပန်းချီဆရာ၊ သုဘရာဇာဟု ဖော်ပြထားပြီး မေလ ၂၇ ရက်နေ့တွင် ပြပွဲ ပိတ်ပွဲ ကျင်းပမည်ဟု သတင်းရရှိသည်။

ဝ၃၆

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*