အနုပညာသတင်း — ရန်ကုန်၊ ဇွန် ၂၅၊ ၂ဝ၁၂

လွန်ခဲ့သည့် ၂ နှစ်ကျော် ကာလက ရိုက်ကူးထားခဲ့ပြီး ယခုနှစ် ဇူလိုင်လဆန်းတွင်မှ ဖြန့်ချိခွင့်ရသော လွမ်းစိမ့် ဇာတ်ကားသည် ယင်းတို့ခေတ်က ဖြတ်သန်းခဲ့ရသော တက္ကသိုလ် ကျောင်းသားဘဝကို လူငယ် ပရိသတ်များ သိရှိစေဖို့ ရိုက်ကူးခဲ့ကြောင်း ဒါရိုက်တာ ချိုတူးဇော်က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။

လွမ်းစိမ့် ဇာတ်ကားရိုက်ကွင်းတွင် ရဲတိုက်နှင့် ဒါရိုက်တာ ချိုတူးဇော်ကို တွေ့ရစဉ်

လွမ်းစိမ့် ဇာတ်ကားရိုက်ကွင်းတွင် ရဲတိုက်နှင့် ဒါရိုက်တာ ချိုတူးဇော်ကို တွေ့ရစဉ်

အဆိုပါဇာတ်ကားသည် ၁၉၈ဝ ဝန်းကျင်က ဖြစ်ပျက်ခဲ့သော တက္ကသိုလ်ကျောင်းသားများ၏ တက္ကသိုလ်ဘဝ    ဖြတ်သန်းမှုများကို ရိုက်ကူးထားကြောင်းသိရသည်။ လွမ်းစိမ့် ဇာတ်ကားကို ကြည့်ရှုကြမည့် ပရိသတ်များ အနေဖြင့် မည်သည့် အကျိုးရလဒ်များ ရရှိနိုင်ကြောင်းကို ဒါရိုက်တာ ချိုတူးဇော်က““ဒီကားက တစ်ကားလုံး တကယ့်ဖြစ်ပျက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေပေါ်မှာ အခြေတည်ပြီး ဇာတ်လမ်း ဖွဲ့ထားတာပါ။ ဒီကားကို ကြည့်တဲ့ လူငယ်တွေဟာ အဲဒီခေတ် တက္ကသိုလ်ကျောင်းသား ဘဝကို သိသွားမယ်။ ပြီးရင် သူတို့ လက်ရှိတက်နေတဲ့ တက္ကသိုလ်နဲ့   နှိုင်းယှဉ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်””ဟု မြန်မာအင်ဒီပဲန်ဒင့်၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

လွမ်းစိမ့် ဇာတ်ကားတွင် သရုပ်ဆောင်များအဖြစ် ရဲတိုက်၊ အေးမြတ်သူ၊ နိုဘယ်ကျော်ကျော် တို့က ပါဝင် သရုပ်ဆောင်ထားပြီး ယခင်ခေတ်၏ ဝတ်စားဆင်ယင်မှုများကို အသေးစိတ် ဂရုစိုက်ကာ ရိုက်ကူး ထားကြောင်း ဆာတိုရီဗီဒီယို ထုတ်လုပ်ရေးမှ ဦးမျိုးဇော်က ပြောကြားသည်။

မင်းသားရဲတိုက်၏ ဗီဒီယို အခွေများထဲတွင် နမူနာအဖြစ် ထည့်သွင်းခဲ့သော လွမ်းစိမ့် ဇာတ်ကားကို မျှော်လင့်နေကြသည့် ပရိသတ်အချို့ကလည်း““ကျွန်မတို့က ဒီဇာတ်ကားကို နမူနာကြည့်ရတဲ့ အချိန်ထဲက အရမ်းကြည့်ချင်နေတာ၊ ကျွန်မတို့လည်း အဲဒီခေတ် တက္ကသိုလ်ကို ဖြတ်သန်းခဲ့ရတယ်။ အခု ကိုယ့်သားသမီး တွေကို ဒီကားလေးပြပြီး ကိုယ်တွေခေတ်က ကျောင်းသားဘဝကို သိစေမှာဖြစ်လို့ လွမ်းစိမ့် ဇာတ်ကားကို မြန်မြန် ဖြန့်စေချင်ပါတယ်””ဟု   မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။

ယခုကဲ့သို့ တက္ကသိုလ် ကျောင်းသားဘဝ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားသော ဇာတ်ကားတစ်ကား ဖြန့်ချိခွင့် ရရှိခြင်းအပေါ်၌ ယင်းခေတ်က ကိုယ်တွေ့ကြုံခဲ့ရသော ၈၈ မျိုးဆက်ကျောင်းသား မင်းဇေယျက““ဒါဟာ အနုပညာလောက တစ်စုံတစ်ရာ လွတ်လပ်မှု ရှိလာတယ်ဆိုတာကို ပြတာပဲ။ အလားအလာကောင်း တစ်ခုလို့ သဘောထားပါတယ်။ ဒီကားကို ရိုက်ကူးကြတဲ့သူ အားလုံးကို ချီးကျူးပါတယ်၊ ဂုဏ်လည်း ယူပါတယ်။ ကိုယ်တိုင်ကြုံခဲ့ဖူးတဲ့ လူတစ်ယောက်အနေနဲ့ ဒီကားကို အရမ်းလည်း ကြည့်ချင်နေပါတယ်””ဟု မြန်မာအင်ဒီပဲန်ဒင့် သို့ ဖြေကြားခဲ့သည်။

ဝဝ၈

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*