စီးပွားရေးသတင်း — မန္တလေး၊ ဇူလိုင် ၂ဝ၊ ၂ဝ၁၂

(ဆယ့်နှစ်ပွဲဈေး)ခေါ် နယ်လှည့်ဈေးသည်များအနေဖြင့် နှစ်စဉ်နွှဲပျော်နေကျ မင်းနှစ်ပါးပွဲတော်တွင် ယခုနှစ် လေလံဈေးနှုန်း အဆမတန် ကြီးမြင့်မှုကြောင့် ပါဝင်နိုင်တော့မည် မဟုတ်ကြောင်း မင်းကြီးမင်းလေးထက် လေလံဈေးနှုန်းအား ပိုကြောက်နေ ကြရကြောင်း ဇူလိုင် ၂ဝ ရက်က မြန်မာအင်ဒီပဲန်ဒင့်နှင့် တွေ့ဆုံစဉ် ပြောပါသည်။

ဆယ့်နှစ်ပွဲဈေးသည်များမှ လေလံ ကိစ္စ ရှင်းလင်း ပြောကြားစဉ်

ဆယ့်နှစ်ပွဲဈေးသည်များမှ လေလံ ကိစ္စ ရှင်းလင်း ပြောကြားစဉ်

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆယ့်နှစ်ပွဲ ဈေးသည်တစ်ဦးက မြန်မာအင်ဒီပဲန်ဒင့်သို့ ယခုလို ပြောပါသည်။ “မနှစ်ကအထိ ဆိုင်ခန်းတစ်ခန်းကို ၈ဝဝဝဝ ကျပ် ပေးရတာ၊ ဒီနှစ်ကျတော့ ဆိုင်ထွက်မယ့်လူတွေကို လေလံဈေး အများကြီး    မြှင့်လိုက်တယ်။ (လေးသိန်း)ဆိုတဲ့ငွေဟာ နည်းနည်းနောနောမှ မဟုတ်တာ၊ ဒီဈေးနဲ့ဆို ဆိုင်ခန်းဆွဲနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့က အစဉ်အဆက် ဒါပဲ လုပ်စားလာတာ။ တောင်ပြုန်းပွဲ ဆိုတာမျိုးက အစ်ကိုတို့ သိတဲ့အတိုင်းပဲ ယုံကြည်မှုနဲ့ လုပ်နေကြတာ၊ ဆိုင်ရာပိုင်ရာတွေကို ဒီနှစ် ဈေးရောင်းကောင်းအောင် လုပ်ပေးပါ၊ နောက်နှစ်ကျရင် ထပ်ပြီးပူဇော်ပသ ပါမယ်၊ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်ဆိုပြီး ကိုယ်တော်တွေကို တိုင်တည်ထားခဲ့တာ။ အခုဟာက မင်းနှစ်ပါး အပေါ်တော့ ကတိဖျက် ရတော့မှာပဲ၊ မတတ်နိုင်ဘူးလေ၊ မင်းကြီးမင်းလေးထက် ပိုကြောက်ရတာက လေလံဈေး ဖြစ်နေပြီ၊ ကိုယ်တော်နှစ်ပါး အမျက်ရှမယ် ဆိုရင်လည်း ခံလိုက်တော့မယ်၊ အခုလို ဈေးဆိုင်မဖွင့်နိုင်တော့ ကိုယ်တော်နှစ်ပါးအတွက် ဘာမှလုပ်ပေးနိုင်မှာ မဟုတ်တော့ဘူး”ဟု ဆယ့်နှစ်ပွဲ ဈေးသည်တစ်ဦးက ပြောပါသည်။

နှစ်စဉ် ကျင်းပမြဲ ဖြစ်သော တောင်ပြုန်း ဆုတောင်းပြည့် ဗုဒ္ဓပူဇနိယဘုရား ပွဲတော်နှင့် တောင်ပြုန်း မင်းနှစ်ပါးပွဲတော်တွင် ဆိုင်ခန်းခ ဈေးနှုန်းများ အဆမတန် ဈေးကြီးမြင့်နေပါသဖြင့် ယင်းတို့ (ဆယ့်နှစ်ပွဲဈေး) နယ်လှည့် ဈေးသည်များအနေဖြင့် ဆိုင်ခန်းများ ဝယ်ယူနိုင်ခြင်း ရှိနိုင်တော့မည် မဟုတ်ပါကြောင်း၊ ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်အထိ ဆိုင်ခန်း ရောင်းချခြင်း   များကို လေလံစနစ်ဖြင့် ပြုလုပ်ခြင်းများ မရှိခဲ့ပါကြောင်းကိုလည်း ဈေးသည်တစ်ဦးက ယခုလို ပြောပါသေးသည်။

“ဒီနှစ်မှာ ဈေးလေးကဆိုရင် တစ်ခန်းကို လေးသိန်းနဲ့ ဈေးကြီးတစ်ခန်းကို ငါးသိန်း သတ်မှတ်လိုက်တယ်၊ အရင်တုန်းက ပေးရတဲ့အခန်းခက တစ်ခန်းကို ရှစ်သောင်းပါ၊ အဆမတန် မြင့်သွားပါတယ်(၁၉၉၇)ကနေ (၂ဝ၁၁)ခုနှစ်အထိက လေလံ မပစ်ဘူး၊ နန်းပိုင်တစ်ဦးထဲနဲ့ပဲ နှစ်စဉ်နှစ်တိုင်း လုပ်ခဲ့ကြတာပါ”ဟု နယ်လှည့် ဈေးသည်တစ်ဦးက ပြောပါသည်။

“အရင်နှစ် တွေတုန်းက ဈေးကြီးရော ဈေးလေးရော သိန်းနှစ်ရာနဲ့ နေရာချပေးခဲ့ကြတာ၊ ဒီနှစ် လေလံအောင်တဲ့ ဈေးနှုန်းက ဈေးလေးက (၁၄၇၁) သိန်းနဲ့ ဈေးကြီးက (၁၃ဝ၅)သိန်း ဖြစ်သွားတယ်၊ စီးပွားရေး လုပ်ငန်းရှင်တွေ ပါလာတဲ့အတွက် အများကြီး ဒုက္ခရောက်ရတာ။ သူတို့က ငွေကိုများများနဲ့ ဆွဲနိုင်သလောက် ဆွဲတာ၊ ဆွဲတဲ့နေရာမှာလည်း အရှုံးမခံဘူး၊ ဈေးသည်တွေ အပေါ်ကို ပစ်တင်လိုက်တာ၊ အဲဒီတော့ ဈေးသည်တွေ ဒုက္ခရောက်ကြရတော့တာပေါ့။ ဘုရားပွဲဈေးဆိုတာ အခြေခံ လူတန်းစားတွေ လုပ်ကြတာများတယ်၊ အဲဒီလောက်ထိ အရင်းအနှီးမရှိဘူး၊ အကြော်ရောင်းတဲ့သူတွေ၊ မုန့်ဟင်းခါး ရောင်းတဲ့သူတွေ၊ အကြီးဆုံးဆိုရင် အထည်ရောင်းတဲ့သူတွေနဲ့ ဘုရားပွဲကို ကျင်းပနေကြတာ၊ ဒီလိုဈေးသည်တွေနဲ့ ကျင်းပနေတဲ့နေရာကို ငွေရေးကြေးရေးနဲ့ ဖိနှိပ်ပြီးတော့ လုပ်နေတာ ကျွန်တော်တို့ ဈေးသည်တွေအတွက် ထိခိုက်ပါတယ်၊ ကြာရင် နှစ်စဉ်ကျင်းပလာတဲ့ ရိုးရာတွေဟာ ပျက်ကုန်မယ်”ဟု ဈေးသည်တစ်ဦးက ဆိုပါသည်။

သတ်မှတ်ထားသည့် ဆိုင်ခန်းခများမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရှိ ဘုရားပွဲဈေး ဆိုင်ခန်းခ များထက် မြင့်မားနေပြီး မကြားဖူး မကြုံဖူးသော ဈေးနှုန်းများ ဖြစ်နေပါသဖြင့် သက်ဆိုင်ရာ လူကြီးမင်းများထံ ယခုကိစ္စအတွက် သက်ညှာစွာ ဖြေရှင်းပေးပါရန် တောင်းဆိုသွားကြမည် ဖြစ်ကြောင်းကိုလည်း အဆိုပါ ဈေးသည်များ၏ ပြောပြချက်အရ သိရပါသည်။ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ပါဝင်ဆင်နွှဲကြသည့် ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ အလှူဒါနပွဲ တစ်ခုဖြစ်သည့် တောင်ပြုန်း ဆုတောင်းပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် တောင်ပြုန်း ကိုယ်တော်နှစ်ပါးပူဇော်ပွဲအား နှစ်စဉ် ဝါဆိုလဆန်း ၈ ရက်မှ လပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပါသည်။
ဝဝ၉

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*