တိုင်းရင်းသားသတင်း ပြည်တွင်းသတင်း — နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁၈၊ ၂၀၁၇


အကြမ်းဖက် သောင်းကျန်းသူတွေ ထောင်ထားတဲ့ အချင်း ၃ ဒသမ ၅ လက်မ၊ အမြင့် ၆ လက်မခန့်ရှိတဲ့ သံပိုက်လုံး ကိုယ်ထည်နဲ့ ပြုလုပ်ထားတဲ့ ဒေသန္တရ လက်လုပ် ရီမုမိုင်း သုံးလုံး၊ လျှပ်စစ် ဒီတိုနေတာ သုံးခု၊ ဝါယာကြိုးတစ်ချောင်းနဲ့ ဓာတ်ခဲ အသေးငါးလုံးပါ ဆားကစ်အုံ တစ်ခုတို့ကို တပ်မတော် စစ်ကြောင်းက တွေရှိခဲ့ပါတယ်။

အဲဒီမိုင်းတွေကို ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ မူဆယ်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်း ဆောင်ရွက်နေစဉ် ဒီကနေ့ မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က နမ့်အွန်ကျေးရွာရဲ့ မြောက်ဘက် မီတာ ၁၀၀၀ ခန့် အကွာ ကားလမ်းမမှာ တွေရှိခဲ့တာပါ။ အဲဒီမိုင်းတွေကို တပ်မတော် စစ်ကြောင်းက ရှင်းလင်းပြီး သက်မဲ့ ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*