လူမှုရေးသတင်း — ဆားလင်းကြီး၊ နိုဝင်ဘာ ၂ဝ၊ ၂ဝ၁၂

မြိတ်-ကော့သောင်းမြို့ များအတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို တိတိကျကျ သိရှိနိုင်ရန် အတွက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များသည် နိုဝင်ဘာ ၂၂ ရက်တွင် ခရီးစတင် ထွက်ခွာမည်ဟု ယင်းတို့ထံမှ သိရသည်။

မြိတ်မြို့ရှိ ကျောက်မီးသွေးစက်ရုံမှ ဘေးထွက်ဆိုးကျိုးများ မရှိဟု မကြာသေးမီက သတင်းအချို့ ထွက်ပေါ်ခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသား ကိုဌေးကြွယ်က “ကျွန်တော်တို့ အဲဒီသတင်းတွေ ကြားပါ တယ်။ သေချာ တိတိကျကျ သိရအောင် ဒီခရီးစဉ်မှာ ဆောင်ရွက်သွားမှာပါ” ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။

အဆိုပါ မြိတ်-ကော့သောင်း ခရီးစဉ်သို့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျ၊ ပြုံးချို၊ ဌေးကြယ်တို့ နိုဝင်ဘာ ၂၂ ရက်တွင် သွားရောက်မည် ဖြစ်သည်။ နိုဝင်ဘာ ၁၈ ရက် တွင်လည်း ရှေ့ပြေးခရီးအဖြစ် ကိုမာကီး၊ ကိုဉာဏ်လင်းနှင့် ကိုထက်အောင် တို့ သွားရောက်ကြပြီ ဖြစ်ကြောင်း သိရသည်။

၈၈ မျိုးဆက် ကျောင်းသားများ၏ မြိတ်-ကော့သောင်း ခရီးစဉ်တွင် ပုလောမြို့၌ လူထုနှင့် တွေ့ဆုံခြင်း၊ မြိုတ်မြို့ ရှိ ကျောက်မီးသွေး လျှပ်စစ်စက်ရုံ တည်ဆောက်မည့် နေရာမှ ရွာသားများနှင့် တွေ့ဆုံခြင်း၊ မြိတ်မြို့ပြည်သူ လူထုနှင့် တွေ့ဆုံခြင်း၊ ၂၄ ရက်တွင် ကံမော်မြို့လူထုနှင့် တွေ့ဆုံခြင်း၊ စခန်းသစ် ရွာလူထုနှင့် တွေ့ဆုံခြင်းများ ပြုလုပ် မည်ဖြစ်သည်။ ၂၅ ရက်တွင် မြိတ်မြို့၊ အောင်မင်္ဂလာ ပရိယတ္တိစာသင်တိုက်၌ ၈၈ မျိုး ဆက်ကျောင်းသားများ၏ ဆွမ်းကျွေး အလှူကို ပြုလုပ်မည်ဟု သိရသည်။

မြိတ်မြို့ရှိ ငါးအမှုန့်စက်ရုံများ သို့လည်း သွားရောက် လေ့လာကြမည်ဟု သိရသည်။ ၂၆ ရက်တွင် တနင်္သာရီ လူထုနှင့် တွေ့ဆုံကာ ၂၇ ရက်တွင် ကော့သောင်း မြို့ခံများနှင့် တွေ့ဆုံကြပြီး ပြည်သူလူထု၏ အခက်အခဲများ၊ လိုအပ်ချက်များ၊ ဆန္ဒများကို ဆွေးနွေး ပြောကြားကြမည်ဟု သိရသည်။

၈၈ မျိုးဆက် ကျောင်းသားများ၏ မြိတ်-ကော့သောင်း ခရီးစဉ်သည် နိုဝင်ဘာ ၂၉ ရက်တွင် ပြီးဆုံးမည် ဖြစ်ပြီး ဒီဇင်ဘာ လဆန်းတွင်လည်း သာကေတသို့ ပွင့်လင်း လူ့အဖွဲ့အစည်း အကြောင်း ဆွေးနွေးဟောပြောရန် သွားရောက် ကြဦးမည်ဟု သိရှိရသည်။

ဝဝ၈

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*