နိုင်ငံတကာသတင်း — ချင်းမိုင် ၊ စက်တင်ဘာ ၂၂၊ ၂ဝ၁၂

အမေရိကန် နိုင်ငံမှ နာမည်ကျော် ပန်းပုပညာရှင် ဂျင်မက်နေးလ် (Jim Mc Nails) ၏ အောင်ဆန်း စုကြည် ပုံတူ ပန်းပု ပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ သုဝဏ္ဏဘူမိ ပန်းချီပြခန်းတွင် ၂ဝ၁၂ စက်တင်ဘာ ၂၉ ရက်တွင် ပြုလုပ်မည်   ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲကို အာရှတွင် ပထမဆုံး အကြိမ်အဖြစ် ပြသခြင်း ဖြစ်ကြောင်း ပန်းပုဆရာက ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည် ပုံတူ ပန်းပုထုလုပ်နေသည့် ဂျင်မက်နေးလ်

ဒေါ်အောင်ဆန်းစုကြည် ပုံတူ ပန်းပုထုလုပ်နေသည့် ဂျင်မက်နေးလ်

ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းပု

ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းပု

ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းပု

ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းပု

ဇာဂနာ ပုံတူပန်းပု

ဇာဂနာ ပုံတူပန်းပု

ဒေါ်အောင်ဆန်း စုကြည်၏ ပန်းပုပုံ ထုလုပ်ရန်အတွက် ရွှံ့မြေကို မြန်မာနိုင်ငံသို့ လာရောက် ရယူခဲ့ကြောင်း ရွှေတိဂုံ ကုန်းတော် မန္တလေးတောင် ပုဂံညောင်ဦးနှင့် ဧရာဝတီမြစ်ကမ်း နံဘေး သာမက တက္ကသိုလ် ရိပ်သာ လမ်းရှိ ဒေါ်အောင်ဆန်း စုကြည် နေအိမ်ဝန်းကျင်မှပါ ရယူခဲ့ကြောင်း သိရပါသည်။ ပန်းပုပညာရှင် ဂျင်မက် နေးလ် သည် ဗီယက်နမ် စစ်ပြန် စစ်မှုထမ်းဟောင်း တစ်ဦး ဖြစ်ပြီး ချင်းမိုင်တွင် အခြေစိုက် နေထိုင်လျက် ရှိသည်။ ကမ္ဘာကျော် ပုဂ္ဂိုလ်များ၏ ပုံတူများကိုလည်း ထုလုပ်လေ့ရှိပြီး မြန်မာနိုင်ငံမှ ဇာဂနာနှင့် မင်းကိုနိုင်တို့၏ ပန်းပုရုပ်တုများလည်း ထုလုပ်ခဲ့သူ ဖြစ်သည်။ ယခုပြပွဲပြီးပါက ဒေါ်အောင်ဆန်း စုကြည် သို့ ပန်းပုရုပ်တု လွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။

ဝ၃၅

ဆက်စပ်သတင်းများ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်း၊ အောက်တိုဘာ ၁၃၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*