သတင်းဆောင်းပါး — ဖေဖော်ဝါရီ ၁၃၊ ၂ဝ၁၃

စက်တင်ဘာ ၂၇ မှာတော့ ဂျ ပန်ဓာတ်ပုံသတင်းထောက် ခန်းဂျိ နာဂါအိဟာ သတင်းလိုက်နေစဉ်မှာ စစ်သား တစ်ယောက် ရဲ့ အနီးကပ် ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့ရပါတယ်။ အဲဒီပစ်ခတ်မှု ဓာတ်ပုံဟာလည်း ခဏအတွင်း မှာ ကမ္ဘာကို ပျံ့နှံ့သွား ပါတော့တယ်။ ဓာတ်ပုံထဲမှာတော့ ကတ္တရာလမ်းပေါ် ပက်လက်လဲကျ နေပြီဖြစ်တဲ့သူဟာ ကင်မရာ ကိုင်ထားတဲ့ ညာလက်ကို မိုးကောင်းကင်ပေါ် ထောင်လျက်သား ကိုင်ထားလေရဲ့။

နိုဝင်ဘာ ၄ ရက်မှာတော့ သူ့ အတွက် လွမ်းဆွတ်ဖွယ်အခမ်းအ နားကို တိုကျိုမှာ ကျင်းပပါတယ်။  တိုကျိုမှာ ရှိတဲ့ မြန် မာတွေနဲ့ ဂျပန် ထောက်ခံသူတွေက စုရုံးပြီး အခမ်းအနားကို တက်ခဲ့ကြတာပါ။  ကျွန်မတို့လည်း မိတ်ဆွေဟောင်းတွေ ကို ပြန်တွေ့ရကာ သူတို့က အခြေအနေ ပေးရင် မြန်မာပြည်ကို အလည်သွားဖို့ အကြံပေး ကြပါတယ်။ အဲဒီလိုနဲ့ ကျွန်မတို့လည်း မြန်မာပြည်ကို သွားလည်ဖို့ ဆုံးဖြတ်ကာ ဗီဇာလျှောက်တော့ ခရီးစဉ်စဖို့ ၂ ရက်အလိုမှာ ဗီဇာရခဲ့ပါတယ်။

သုဝဏ္ဏဘုမိသို့

ကျွန်မတို့လည်း မြန်မာပြည်ကို တကယ်ဦးတည်သွားနေတာပါလား လို့ ကိုယ့်ဘာသာကိုယ် မယုံနိုင်ဘဲ လေယာဉ်ခရီး စတင်ဖြစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ သုဝဏ္ဏဘုမိ လေဆိပ် ကလည်း တစ်နှစ်ကို လူ သန်း ၄ဝ  ဝင်ရောက်ဖြတ် သန်းနိုင်လောက်တဲ့ အထိ ကျယ်ဝန်းကြီးမားပါပေတယ်။ ဒါပေမယ့် ကျွန်မကတော့ လေဆိပ် ရဲ့ နာမည်ဟာ ထူးဆန်းနေ သလိုပါပဲ။ ပါဠိလို သုဝဏ္ဏဘုမိဆိုတာ ရွှေမြေလို့ အဓိပ္ပါယ်ရတာပါ။ ရှေးခေတ်မှာ မွန်လူမျိုးတွေရဲ့ ထီးနန်း ရှိရာကို သုဝဏ္ဏဘုမိလို့ ခေါ်ခဲ့တာ ပါ။ မြန်မာနဲ့ ထိုင်းကြားမှာ စစ်ပွဲတွေ ရှိခဲ့တဲ့အတွက် အပြန်အလှန် ကူးလူးဆက်ဆံမှုတွေ များခဲ့ပါ တယ်။ ဒါကြောင့် ဒီနာမည်က ဘယ်သူ့နာမည်လဲဆိုတာ ခွဲမရ တော့ဘူး ထင်ပါရဲ့။

လေဆိပ် စာအုပ်ဆိုင်ထဲမှာတော့ မြန်မာပြည် အကြောင်း ရေးထားတဲ့ အင်္ဂလိပ်စာအုပ် တော်တော်များများကို တွေ့ရ ပါတယ်။ အဲဒီစာအုပ်တွေကို ဂျပန်မှာ မတွေ့ခဲ့ရ ဖူးတော့ ဝယ်ချင်ပေမယ့် မြန်မာပြည် အသွားမှာမို့ ဟိုရောက်ရင် စစ်ဆေးတာတွေ လုပ်တဲ့အခါ အဆင်မပြေမှာစိုးလို့ မဝယ်ဖြစ်တော့ပါဘူး။  စိတ်မကောင်းစွာ နဲ့ပဲ ဂိတ်ရှိရာကို ထွက်ခဲ့ရ ပါတယ်။

တီဂျီ ၃ဝ၅ လေယာဉ်က ခပ်ဟောင်းဟောင်းပါ။ ထိုင်းနဲ့ ကပ်လျက်မို့ ထိုင်းအများအပြားနဲ့ နိုင်ငံခြားသားတွေက အများကြီးပါပဲ။ ဘန်ကောက် က နေရောင်အောက် မှာ ရွှေငွေရတနာရောင်တွေ ပြန့်ကြဲ တောက်ပသလို ရှိနေပါ တယ်။ လေယာဉ်က အနောက်ဘက်ကို ဦးတည် ပျံသန်းတာမို့ သိပ်မကြာခင် မှာပဲ မှောင်လိုက်လာ ရာက နောက်ဆုံး မည်းမှောင်သွားပါတော့တယ်။  ဒါ မြန်မာပြည်ပေါ့။ ရွှေရောင် ဘုရားစေတီတွေနဲ့ ရွှေငွေ သယံဇာတတွေ ပေါများတဲ့ သုဝဏ္ဏဘုမိ အရပ်လို့ ပြောရမယ့် မြန်မာပြည်လေ။ ထိုင်းနဲ့ ဘေးချင်းကပ်နေပေမယ့် ထိုင်းကတော့ အနောက် ကမ္ဘာ ဈေးကွက် ကို အစောကြီး ကတည်းက ရောက်နေခဲ့ပါတယ်။ ဒီမှာလည်း ရှေးရိုးစွဲမှုနဲ့ ခေတ်သစ် ပြောင်းလဲ လိုခြင်းတွေ ထိပ်တိုက်တွေ့ကြတော့ ရှပ်နီပါတီ နဲ့ ရှပ်ဝါပါတီ ရယ်လို့ ဖြစ်နေကြ လေရဲ့။ သူတို့ပြဿနာဖြစ်တိုင်း ဆန္ဒပြပွဲတွေ၊ အာဏာသိမ်းပွဲတွေနဲ့ ဖော်ထုတ်ရန်ဖြစ်ကြပြန်ပါတယ်။  ထိုင်းတွေဟာ ဘက်တစ်ဘက်တည်းကို ဘက်မလိုက် ဘူး၊ ဒါကိုပဲ ထိုင်းစတိုင်လ် ဒီမိုကရေစီလို့ သူတို့ကပြောကြပါတယ်။ ထိုင်းတွေက သူတို့ဟာ အရှေ့တောင်အာရှမှာ နံပါတ်တစ်မို့ သုဝဏ္ဏဘုမိ နာမည်ကို ယူတယ်လို့ သိရပါတယ်။

ရန်ကုန်လေဆိပ်က မထင်မှတ်လောက်အောင် သန့်ရှင်းပြီး ကျစ်ကျစ် လျစ်လျစ်လေး ဖြစ်နေလေရဲ့။  လွန်ခဲ့တဲ့ နှစ်တွေ တုန်းက ကျွန်မဟာ ဒါရိုက်တာချိနို့ ရိုက်ကူးတဲ့ “သွေး” ဇာတ်ကားကို ကြည့်ခဲ့ဖူးပါတယ်။ ဒီဇာတ်လမ်း ရဲ့ စာရေးသူက ဂျာနယ်ကျော် မမလေးဖြစ်ပြီး ၁၉၇၃ ခုနှစ် က ထွက်ခဲ့ပါတယ်။ ဂျပန်မိန်းကလေး တစ်ယောက် က အင်ဖာတိုက်ပွဲကြောင့် ကျဆုံးခဲ့တဲ့ သူ့အဖေရဲ့ သားတစ်ယောက်ကို မြန်မာပြည်မှာ သွားရှာတဲ့ အကြောင်း ပေါ့။ သူ့ရဲ့အဖေတူ အမေကွဲမောင် ကလေးကို ရှာတွေ့ခဲ့ ပေမယ့်အစပိုင်းမှာ သူ့ကို အသိအမှတ် မပြုခဲ့ကြပါဘူး။ စိတ်ဓာတ် ကျသွားတဲ့ ကောင်မလေးက ဂျပန် ကိုပြန်ဖို့ လေယာဉ်ပေါ် တက်ခါနီး မှာမှ သွေးက စကားပြောတဲ့ အတွက် မောင်လေးက သူ့ကို“အမ”လို့ ခေါ်ကာ လာတွေ့တဲ့ ဇာတ်လေးပါ။ ရုပ်ရှင် က ဓာတ်ပုံတွေ သိပ်လှ တာကြောင့် သိပ်ကိုကြည့်လို့ကောင်း ခဲ့ပါတယ်။ မြန်မာပြည်ကို မသိသေးတဲ့သူတွေ အတွက် ရောက်ဖူးချင်စိတ် တွေ ပေါ် စေနိုင်သလို သိပြီးသူတွေအတွက် အလွမ်းစိတ်တွေဖြစ်စေနိုင်တဲ့ ရုပ်ရှင် လို့ ပြောရ ပါမယ်။

ရန်ကုန် လေဆိပ် ဆောက်လုပ်ရေးကို ဂျပန်ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုက မြန်မာကုမ္ပဏီတစ်ခုနဲ့ တွဲပြီး ဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ်။ လေဆိပ်မှာတော့ ကျွန်မ အတွက် ဘာပြဿနာမှ မဖြစ်ဘဲချောမောစွာပဲ ရန်ကုန်မြို့ ထဲ ခြေချလိုက်နိုင်ပါပြီ။ ကျွန်မတို့ကို လူငယ်လေး တစ်ယောက်က လာကြိုနေပါတယ်။ လေဆိပ်ထဲ က မထွက်ခင် မှာ အငှားယာဉ်မောင်းတွေ အပြိုင်အဆိုင် လူခေါ်နေတာကို မြင်ရတာ ရုရှကို သတိရစရာ ပေါ့။

ကျွန်မတို့တည်းတဲ့ ဟိုတယ်က မြို့လယ်မှာရှိပြီး ဆူးလေဘုရားကို မြင်နေရပါတယ်။ ဟိုတယ်အခန်းက ဘုရား ထက် မြင့်နေတော့ ကျွန်မ မှာ ဘုရားကို လက်အုပ်ချီ ရတာ ဇောက် ထိုးဖြစ်နေသလိုပါ။ စုသာ ဒီအကြောင်း သိရင် ဝေဖန်မှာပဲနော်။ ဆူးလေဘုရား ကိုတော့ ကျွန်မ တောင်းပန်ဖြစ်ခဲ့ပါတယ်။

ရွှေတိဂုံ စေတီတော်

နောက်နေ့ မနက်မှာတော့ ကျွန်မတို့ကို ဧည့်ကြိုတွေက ရွှေတိဂုံ ဘုရားကို ဦးဆုံးခေါ်သွားခဲ့ပါတယ်။ ကောင်း ကင် ပြာပြာနောက်ခံမှာ မီတာ ၁ဝဝ လောက်မြင့် တဲ့ ရွှေရောင် စေတီတော်ကြီးက သပ္ပါယ်ဖွယ်ရာ တင့်တယ်နေလေရဲ့။ ရင်ပြင်တော်မှာတော့ စေတီငယ်တွေရော၊ တန် ဆောင်းတွေပါ ရွှေရောင်တောက်ပ နေသလို ရင်ပြင်ကျောက်ပြားက လည်း ပူလိုက်တာမှ အရမ်းပါပဲ။ ကျွန်မတို့လည်း အရိပ်ထဲကနေပဲ လျှောက်နိုင် ပါတယ်။ အပူချိန်က ၃ဝ ဒီဂရီကျော်မို့ သိပ်ပူလှပါတယ်။  အဲဒီနေ့က ဒီဇင်ဘာ ၂၁ ရက်ပေါ့။ ကျွန်မခင်ပွန်း ကတော့ နမော်နမဲ့နဲ့ “ခင်ဗျားတို့ဆီမှာ ဘယ်အချိန် က ဆောင်းရာသီလဲဗျ”လို့ မေးလေရဲ့။  ကျွန်မတို့ရဲ့ ဧည့်ကြိုက ရယ်ပြီး “အခုအချိန်လေခင်ဗျာ”လို့ ဖြေရှာပါတယ်။ သူက ဂျပန်မှာ ခဏနေခဲ့ဖူးသူပါ။ ကျွန်မယောကျာ်းက ရုရှ မှာ အနေများခဲ့တော့ ဒီအပူဒဏ်ကို လုံးဝ မခံနိုင်ခဲ့ပါဘူး။ မော်စကို မှာ နေရတာ အပူ သက်သာတယ်လို့ တချိန်လုံး ပြောနေလေရဲ့။

ရှေးယခင် ဘုရင်နဲ့ ဘုရင်မတွေ က သူတို့ရဲ့ ကိုယ်အလေးချိန်နဲ့ စက် ပြီး ရွှေသင်္ဃန်းတွေကို ကပ်လှူခဲ့တာ ကြောင့် နှောင်း လူတွေကလည်း သူတို့နိုင် သလောက် ရွှေသင်္ဃန်းတွေ ကပ်ကြတယ်လို့ သိရပါတယ်။ ဒီတော့ ကျွန်မအတွက် ရွှေတိဂုံစေ တီတော်ဟာ ရွှေသားစင်စစ်တွေကို လေဟာပြင်မှာ ထုတ်ပြ ထားတဲ့ ပြပွဲဆန်း တစ်ခုလို ဖြစ်နေပါတော့တယ်။

မြန်မာပြည် လွတ်လပ်ရေး ရပြီး စမှာ နိုင်ငံရေးပါတီတစ်ခုက ရွှေတိဂုံက ရွှေတွေကို ခွာပြီးရမယ့်ငွေကို တိုင်းပြည် အတွက် သုံးမယ်ဆို တုန်းက လူထုက ကန့်ကွက်ခဲ့တယ် လို့ ဆိုပါတယ်။ စစ်အစိုးရကတော့ အဲဒီလို မကြံဖူးဘူး ထင်တာ ပါပဲ။ ရွှေတိဂုံကို ထိမ်းသိမ်း ထားချင်တဲ့ ကိစ္စမှာတော့ လူထုဆန္ဒအတိုင်း စစ်အစိုးရက ရှိပုံရပါတယ်။

ရင်ပြင်တော်နဲ့ တန်ဆောင်းတွေမှာ အေးအေးလူလူ အနားယူ စားသောက်အိပ်စက်နေသူတွေကို တွေ့ရ ပါတယ်။ လူတွေနဲ့ အကြည့်ချင်း ဆုံတဲ့အခါ သူတို့က ကျွန်မကိုပြုံးပြလေရဲ့။ လူတွေအတွက် ရွေတိဂုံဟာ ဘာသာရေးအရ ကိုးကွယ်အားထား ရာ နေရာအပြင် သူတို့ရဲ့ အထိမ်းအမှတ် တံဆိပ်တစ်ခုလို ဖြစ်နေတာပါ။

ရွှေတိဂုံရဲ့ ရွှေရောင်နဲ့ ဖိနပ်မပါ လုံချည်ပွပွနဲ့ လူတွေဟာ ဘာမှ မဆိုင်သလို ဖြစ်နေပေမယ့် တသားတည်း လည်း ဖြစ်နေပါတယ်။ ကျွန် မတို့လို သစ်သားကို အားပြုသူတွေ အတွက် ရွှေရောင်တောက်တဲ့ ရွှေတိဂုံဟာ   သိပ်တောက်ပနေလေရဲ့။ ကျွန်မလည်း သိပ်ကို ကြည်နူးနေမိပါတယ်။ နောက်ထပ် ဘုရားတွေ ထပ်ဖူးစရာ မလိုတော့ဘူး လို့ တွေးမိ လောက်အောင် ဒီကို ရောက်လာရတာကို ကျေနပ်နေမိပါတယ်။

နိုရီကို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မိတ်ဆွေတစ်ဦး

နိုရီကို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မိတ်ဆွေတစ်ဦး

မသီတာ(စမ်းချောင်း)

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*