သတင်းဆောင်းပါး — ဖေဖော်ဝါရီ ၂၁၊ ၂ဝ၁၃

ကျွန်မ မှတ်မိနေတာ ကတော့ အနောက်ဘက် မုခ်မှာ စုက နိုင်ငံရေး တရားပွဲ ကျင်းပခဲ့တယ်ဆိုတာပါ။  “ကျွန်မ နိုင်ငံခြားမှာ နေပြီး နိုင်ငံခြားသားနဲ့ လက်ထပ်ထားတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်မ ရဲ့ မွေးရပ်မြေ အပေါ် ချစ်တဲ့ အချစ်နဲ့ ကူညီချင်တဲ့ အတွေးတွေဟာ ဘယ်တော့မှ မနည်းခဲ့ဖူးပါဘူး” နဲ့ “လူတွေက ကျွန်မဟာ နိုင်ငံရေးကို နားမလည်ဘူးလို့ ပြောကြပါတယ်။ အမှန်ကတော့ နားလည်လို့ကို ခက်နေတာပါ”လို့ စုက ပြောခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က စုနားမှာ သူ့တစ်မိသားစုလုံး ရှိနေပါတယ်။ အဲဒီမိန့်ခွန်းဟာ စုအတွက် မြန်မာပြည်မှာ သူရှိနေတယ် ဆိုတာကို ကြေညာရာ ရောက်သလို သူ့မိသားစုကနေ သူဟာ လွတ်လပ်စွာ နေနိုင်တယ် လို့ ကြေညာရာလည်း ကျခဲ့ပါတယ်။ အဲဒီနေရာကို ကျွန်မခဏလေးပဲဖြစ်ဖြစ် ရောက်ဖူး မြင်ဖူးချင် ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မတို့က ဧည့်လမ်းညွှန်အနေနဲ့ စုနဲ့ကျွန်မတို့ရဲ့ပတ်သက် ဆက်နွယ်မှုကို သိသွားမှာလည်း စိုးမိပါတယ်။ ဒါနဲ့ပဲ အဲဒီကို မရောက်ဖြစ်တော့ပါ ဘူး။

ဧည့်လမ်းညွှန်က ကျွန်မတို့ကို “ဖီးလ်”စားသောက်ဆိုင်ကို ခေါ်သွား ခဲ့ပါတယ်။ ဆိုင်ထဲမှာ လူတွေအများ ကြီး ရှိနေလေတော့ မြန်မာတွေ ဆင်းရဲဒုက္ခရောက်တယ် လို့ ပြောတာ နဲ့ ကွဲပြားနေတာကို တွေ့ရသလိုပါပဲ။ ကမ္ဘာပေါ်ရှိ ဘယ်နေရာမှာ ဖြစ်ဖြစ် ဘယ်တော့ဖြစ်ဖြစ် ချမ်းသာသူတွေက ရှိနေတတ်တယ်လို့ ဆို ရမှာပေါ့။ စားပွဲထိုးလေးတွေ သွက်သွက်လက်လက် အလုပ်လုပ်နေတာ  မြင်တော့ ကျွန်မခင်ပွန်းက သူတို့ တစ်လ ဘယ်လောက် ရလဲဆိုတာ ဧည့်လမ်းညွှန်ကို မေးလိုက်ပါတယ်။  ကျွန်မခင်ပွန်းကတော့ စီးပွားရေး ပညာရှင် ပီသစွာနဲ့ရောက်လေရာနေရာမှာ အလုပ်သမားတွေရဲ့ လုပ်ခလစာကို စပ်စုနေတတ် ပါတယ်။  သူ့လစာ ဘယ်လောက် ဆိုတာတော့ သူတကယ် မသိရှာပါဘူး။

“ဝန်ထမ်းတစ်ယောက်က တစ် လကို ဒေါ်လာနဲ့ တွက်ရင် ၄ဝ လောက်ပဲရပေမယ့် ဒီကလေးတွေ က ၇ဝ လောက်ထိ ရကြတယ်။ သူတို့က နယ်က လာကြတာများ တယ်”လို့ ဧည့်လမ်းညွှန်က ပြန်ဖြေ ပါတယ်။ “ဒါပေမယ့် နေစရိတ် ကြီးမှာပေါ့”လို့ ကျွန်မက ဝင်ပြော တော့ “ဟာ သူတို့က ဆိုင်ပိတ်ရင် ဒီမှာပဲ အိပ်ကြတာ”လို့ ပြန်ဖြေပါ တယ်။ ကျွန်မက စားပွဲတွေကို ငေးကြည့်မိပါတယ်။

ကျွန်မတို့ရဲ့ ဧည့်လမ်းညွှန်က နေ့လယ် ၂ နာရီနဲ့ ၄ နာရီကြားမှာ ခဏနားဖို့ ပြောပါတယ်။ ကျွန်မတို့ အသက်ကြီးသူတွေက အပူဒဏ်ကို မခံနိုင်တော့ သူက စိတ်ပူပြီး တွေးပေးရှာတာပါ။ ကျွန်မတို့လည်း ကိုယ့်အခန်းထဲကနေပဲ ရန်ကုန်ကို ငေးကြည့်ဖြစ်ခဲ့တာပေါ့။  ညဘက်မှာ ဆူးလေစေတီက မီးရောင်နဲ့ တည်ငြိမ်နေ သလောက် နေ့ဘက် မှာတော့ ရွှေရောင်တွေ တောက်ပ နေပါတယ်။

ကျွန်မခင်ပွန်းက ခြေညှပ်ဖိနပ် တစ်ရံ၊ လုံချည်တစ်ထည်နဲ့ ဂဏန်း နံပါတ်အကြီးကြီးပါတဲ့ လက်ပတ် နာရီ တစ်လုံးလည်း ဝယ်ချင်နေပါ တယ်။ သူက အမြဲလို ဈေးဝယ်တာကို မုန်းသူမို့ အခုလို ဈေးဝယ် ထွက်ချင်တယ် ဆိုတော့ ထူးဆန်းနေပါတယ်။ ကျွန်မက အသုံးအဆောင် မပေါများတဲ့ ဒီနေရာမှာ ဈေးမဝယ်စေ ချင် ပေမယ့် သူကတော့ ဈေးကို လေ့လာ ချင်နေသလို သူ့ငွေတွေကိုလည်း မြန်မာပြည်မှာ သုံးချင်ပုံပါ။ ဧည့်လမ်းညွှန်က ကျွန်မတို့ကို တရုတ်တန်း ဈေးဆီ ခေါ်သွားလေရဲ့။

တရုတ်တန်းက ကျွန်မတို့တည်းတဲ့ ဟိုတယ်ကနေ သိပ်မဝေးပါဘူး။ တရုတ်တန်းမှာတော့ပစ္စည်းဆိုင်တွေ ရော အစားအသောက်ဆိုင်တွေပါ လမ်းဘေး ပလက်ဖောင်းပေါ် အထိ ပစ္စည်းတွေ ခုံတွေကို ခင်းကျင်းထား ကြပါတယ်။ ဒီတော့ ကျွန်မတို့လည်း ဆိုင်ရှိရာကို တိုးတိုးဝှေ့ဝှေ့ဘဲ ဝင်လျှောက်သွားခဲ့ရပါတယ်။ ဆိုင်လေးတွေ က ၄ မီတာ အကျယ် ၈ မီတာ အရှည်လောက်ပဲ ရှိကြတာပါ။ ဒါဟာတရုတ်တန်းပါပဲ။ ကျွန်မ ကတော့ နေရာ ကျဉ်းကျဉ်းထဲမှာ ပစ္စည်းတွေအများကြီးကို ဆံ့အောင် စီပြထားတတ်တဲ့ သူတို့ကို အံ့သြအ ထင်ကြီးမိလေရဲ့။ ကြမ်းပြင်ကနေ မျက်နှာကြက်အထိ ရှိရှိသမျှ စားစရာ၊ ဝတ်စရာ အသုံးအဆောင် အားလုံးကို နေရာလပ်မကျန် ပြသထားတာပါ။  နောက်ထပ် အံ့သြစရာကတော့ ဂျပန်ထွက် ရှီရှဲဒိုးနဲ့ ကာနေးဘိုး အလှကုန်တွေကိုပါ သော့ခတ်ထားတဲ့ မှန်ဗီရိုထဲမှာ တွေ့ရတာပါပဲ။ ဂျပန်မှာတောင် နို့ရည်တစ်ဘူး ဟာ မြန်မာ အလုပ်သမား လုပ်ခ တစ်လခစာလောက် ဈေးကြီးတဲ့ ပစ္စည်းတွေလေ။ ဒီမှာ ဈေးဘယ်လောက် တင်ထားမယ် မမှန်းတတ်ပါဘူး။ ဝယ်သူ ရှိလို့လည်း တင်ရောင်းကြ တာပေါ့။ ကျွန်မကတော့ အဲဒီ ပစ္စည်းတွေကို ဝယ်တဲ့ မိန်းကလေး တွေ ကို မြင်ဖူးချင်နေမိပါတယ်။

ဧည့်လမ်းညွှန်လေးရဲ့ ကျေးဇူး နဲ့ပဲ ကျွန်မခင်ပွန်း ဝယ်ချင်တာတွေ ကို ခဏအတွင်း ဝယ်လိုက်နိုင်ခဲ့ပါ တယ်။ သူ ဝယ်လိုက်တဲ့ လက်ပတ် နာရီဆိုရင် ၁၅ ဒေါ်လာလောက် ပဲ ပေးရပြီးတော့ နောက် ၂ နှစ်အထိ အချိန်လည်း မှန်၊ တစ်ခါမှလည်း မပျက်တဲ့အတွက် သူက ကျေနပ်နေ ပါတယ်။ ဒါနဲ့ပဲ သူက မြန်မာ ပြည်မှာ လက်ပတ်နာရီ ဝယ် ဆိုပြီး တော့တောင် မိတ်ဆွေတွေကို ပြောနေလေရဲ့။ တရုတ်တန်းဈေးမှာ ကျွန်မ တွေ့ခဲ့ရတာတွေက တရုတ်နဲ့ ထိုင်းပစ္စည်းတွေ ချည်း တွေ့ရတာမို့ မြန်မာပစ္စည်းတွေ လိုချင်ရင် ဘယ်သွားရမယ် မသိတော့ပါဘူး။ ကျွန်မမှာ မြန်မာပြည်ကို အလည်ရောက် နေခိုက် မှာတောင် မြန်မာ ပစ္စည်းတွေကို လွမ်းနေ ရလေရဲ့။

စာရေးသူ နိုရီကိုနှင့် ခင်ပွန်းဖြစ်သူ အို့စု

စာရေးသူ နိုရီကိုနှင့် ခင်ပွန်းဖြစ်သူ အို့စု

မြစ်တစ်ဖက်က မြို့ဒလ

ကျွန်မတို့ဟိုတယ်အခန်းရဲ့ ပြ တင်းပေါက်ကနေ ရန်ကုန်မြို့လယ်ကို ကောင်းကောင်း တွေ့နေရပါတယ်။ မြို့လယ်ရှုခင်းမှာ မြို့တော် ခန်းမ၊ တရားရုံးချုပ်ကြီးနဲ့ ရန်ကုန် မြစ်ဘေးက အကောက်ခွန်ရုံး၊ စာတိုက်ကြီး၊ စထရင်း ဟိုတယ်တွေ ကိုပါ လှမ်းမြင်နေရတာပါ။ ဒီရှုခင်းကို မြင်ရတော့ သိမ်းမြစ်ကမ်းဘေး က လန်ဒန်နဲ့ ဆင်တူတယ် လို့ တွေးမိပါတယ်။ မြန်မာပြည် ကို မသိတဲ့ သူတွေကတောင် ဒီလိုမြစ်ကမ်းဘေးက ရုံး အဆောက်အဦတွေကို ကြည့်ပြီး ဒီမြို့ကို အင်္ဂလိပ်တွေ တည်ခဲ့တယ် လို့ ပြောနိုင်မလားပဲ။

လန်ဒန်နဲ့ ရန်ကုန် မတူနိုင်မှာ ကတော့ မြစ်တစ်ဘက်ကမ်းမှာ စိမ်းလန်းလွန်းတဲ့ တောအုပ်တန်းက မျက်စိ တစ်ဆုံး မိုင်ချီပြီး ရှိနေတာပါ ပဲ။ ကျွန်မခင်ပွန်းနဲ့ ကျွန်မလည်း အဲဒီဘက် အခြမ်းကို စိတ်ဝင်စားမိ သွားပါတယ်။ ဒါနဲ့ ဧည့်လမ်းညွှန်ကို အဲဒီဘက်ခြမ်းဆီ သွားလည်လို့ ရမလားလို့ မေးဖြစ်တော့ သူက ရတာပေါ့လို့ ဆိုလေရဲ့။

ပန်းဆိုးတန်း ဆိပ်ကမ်းကတော့  ပန်းဆိုးတန်းလမ်း အောက်ဘက်မှာ ရှိပါတယ်။ နိုင်ငံခြားသားတွေအတွက် မြစ်ကူး သင်္ဘောလက်မှတ်က အသွားအပြန် ကို နှစ်ဒေါ်လာ ပါတဲ့။  နားနေဆောင် မှာတော့ အကြော်သည် အချို့နဲ့ ဖရဲသီးသည် အချို့ကို တွေ့ ရပြီး ယင်တလောင်းလောင်း ဖြစ်နေတာကိုလည်း သတိထားမိပါတယ်။

သင်္ဘောကမ်း ကပ်တယ် ဆိုတာနဲ့ လူတွေရော ဈေးသည်တွေပါ စု ပြုံတိုးဝှေ့ကြတော့တာပါပဲ။ သင်္ဘောက အချိန် ဇယားနဲ့ ထွက်တာ မဟုတ်ဘဲ လူပြည့်ရင် ထွက်တာ မျိုးပါ။

သင်္ဘောကို ရေချပြီးကတည်းက တစ်ခါမှဆေးကြောထားပုံ မပေါ် တာကိုလည်း သတိထားမိပါတယ်။ သင်္ဘော အောက်ပိုင်း မှာ ဆီတွေနဲ့ ချွဲနေပြီး အနံ့တွေစုံလှတော့ အသက် ရှုမဝဖြစ်တာမို့အပေါ်ဘက်ကို လေရှု ရအောင် တက်ခဲ့ဖြစ်ပါတယ်။ ပလတ်စတစ် ထိုင်ခုံလေးတွေ ထပ်ထားတာကိုတွေ့ရပြီး ဧည့်လမ်းညွှန်က ကျွန်မ ကိုထိုင်ဖို့ ခုံတစ်လုံး ယူပေးလိုက်ပါ တယ်။ ခုံခပေးရမယ် လို့လည်း သိလိုက်ရပါတယ်။ ဒီထိုင်ခုံမှာ ထိုင်ဖို့ဆိုတာ ကိုယ့် သန့်ရှင်းတဲ့ ဘောင်းဘီ နဲ့ ခုံက ပေရေနေ တာတွေကို သုတ်သင် ပေးရမယ်လို့ ဆိုလိုရာ ကျနေတာကို လည်း တွေ့ရပါရဲ့။

မသီတာ(စမ်းချောင်း)

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*