ပြည်တွင်းသတင်း — ရန်ကုန်၊ မေ ၂၆၊ ၂ဝ၁၂

အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် ၂၄ နှစ်ကြာမှ ပထမဦးဆုံး အကြိမ်အဖြစ် ပြည်ပခရီးစဉ်များ သွားရောက်မည် ဖြစ်ပြီး၊ ယခု မေလ တွင် ထိုင်းနိုင်ငံတွင် ကျင်းပမည့် World Economic Forum East Asia ကမ္ဘာ့စီးပွားရေး ညီလာခံသို့ အရင်ဆုံး တက်ရောက်မည်ဖြစ် ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ ကမ္ဘာ့စီးပွားရေး ညီလာခံ တက်ရောက်ခြင်း နှင့်ပတ်သက်၍ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ဦးအုန်းကြိုင်က ““မေလ ၃ဝ၊ ၃၁နဲ့ ဇွန်လ ၁ ရက်နေ့ တွေမှာ ညီလာခံကို တက်ရောက်မယ်။ ပြီးရင်တော့ ထိုင်း နိုင်ငံမှာရှိနေစဉ် အတွင်းမှာ နယ်စပ်ဒုက္ခသည်များ မြန်မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများနဲ့ တွေ့ဆုံပြီးတော့ ဒုက္ခ သည်များအရေးနှင့်ရွှေ့ပြောင်း အလုပ်သမားများ အရေးကို ဆွေးနွေးမှုတွေ ပြုလုပ်မယ်””ဟု ပြောသည်။

အဆိုပါ ခရီးစဉ်တွင် လိုက်ပါမည့် သူများအကြောင်း ဦးအုန်းကြိုင်က ဖြေကြားခြင်းမရှိပါ။

အမျိုးသား ဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် လာမည့် ဇွန်လတွင်လည်း ဥရောပ ခရီးစဉ်များ သွားရောက်မည်ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ(ဂျနီဗာမြို့) တွင် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ညီလာခံ၌ မိန့်ခွန်းပြောမည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် နော်ဝေးနိုင်ငံနေ အော်စလိုမြို့တော်ခန်းမတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး၊ ငြိမ်းချမ်းရေး နိုဗယ်ဆု ပေးအပ်ပွဲ အခမ်းအနားသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ သူမ၏ မွေးနေ့ ကျရောက်မည့် ဇွန်လ ၁၉ ရက်နေ့ မွေးနေ့ပွဲကို ဗြိတိန်နိုင်ငံ၌ ကျင်းပဖို့ရှိကြောင်း သိရသည်။

အဆိုပါ အနောက်ဥရောပ ခရီးစဉ်များအပြီးတွင် အခြားသော ပြည်ပခရီးစဉ်များ ထပ်မံသွား ရောက်မည်လား ဆိုခြင်းနှင့် ပတ်သက်၍ ဦးအုန်းကြိုင်က ““ဇွန်လ ဥရောပ ခရီးစဉ်ပြီးတာနဲ့ ဇူလိုင်လထဲမှာ လွှတ်တော် ပြန်လည်ခေါ်မယ့်လ ဆိုတော့ အဲဒီလထဲမှာ သွားဖို့ မရှိတော့ဘူးလို့ ထင်ပါတယ်””ဟု ပြောသည်။

ဝ၁၇

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*