ပြည်တွင်းသတင်း — ရန်ကုန်၊ မတ် ၂၆၊ ၂၀၁၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် မတ် ၂၄-၂၅ မြိတ်ခရီးစဉ်အတွင်း​ ကျန်းမာရေး​ အခြေအနေအရ နေအိမ်သို့​​  ပြန်လည်ရောက်ရှိလာ ပြီး ယခုလက်ရှိအချိန်တွင် ကျန်းမာရေး အခြေအနေ ပြန်လည်​ ကောင်းမွန်လာပြီး​ ဖြစ်ကြောင်း​မိသားစုဆရာဝန် ​  ဒေါက်တာတင်မျိုးဝင်းထံမှ မတ် ၂၆ရက်နေ့တွင်သိရသည်။  ဒေါက်တာတင်မျိုးဝင်းက ““ဘာရောဂါဝေဒနာမှမရှိပါဘူး။ ခရီးပန်းမှု ဒဏ်တွေကြောင့်ရယ် ​မြိတ်ခရီးစဉ်မှာ စက်လှေပိုင်ရှင်တွေက စက်လှေမငှားရဲကြတော့ ကြန့်ကြာတာတွေရယ်၊ စက်ဆီညှော်နံ့တွေရယ်ကြောင့် ခုလိုမျိုးဖြစ်သွားရတာပါ ”” ဟု MIJ သို့ပြောကြားခဲ့ပါသည်။

ဆက်လက်၍ယခင်ကဗစ်တိုးရီးယားဆေးရုံ တွင်ကျန်းမာရေးစစ်ဆေးမှုများကိုပြုလုပ်ခဲ့ပြီး ရောဂါဝေဒနာတစုံတရာမရှိကြောင်း ခရီးစဉ် ပင်ပန်းမှုဒဏ်များ ကြောင့်သာ​ နေမကောင်းဖြစ်သွားခဲ့ရကြောင်း၊ လက်ရှိတွင်​ နေအိမ်၌ အနားယူနေပြီး​ ဆေးကုသပေးနေရကြောင်းကိုလည်း​​ဒေါက်တာတင်မျိုးဝင်းက​ ပြောကြားခဲ့ပါသည်။  ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ၂၄ရက်နေ့မနက် ၉း၃ဝနာရီတွင် မြိတ်မြို့သို့​လေယာဉ်နှင့်​​ ရောက်ရှိခဲ့ ပါသည်။  မြိတ်မြို့မှတဆင့်စက်လှေနှင့်ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာသို့သွားပြီးစည်းရုံးရေးမိန့်ခွန်းပြောကြားခဲ့ပါသည်။

ကံမှော်ကျေးရွာသို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်ချင်သော်လည်းရေတတ်ရေကျအခြေအနေများ နှင့်လုံခြုံရေးအရ သွားရောက်နိုင်ခြင်း မရှိကြောင်း၊ ပန်းဝင် အမည်ရှိပင်လယ်တွင်းရွာအနီးတွင် စက်လှေသောင်တင်ခဲ့ပြီး မြိတ်မြို့သို့ ည ၉းဝဝ နာရီကျော်မှပြန်လည်းရောက်ရှိကြောင်း NLD ရုံးချုပ်က​ ပြောကြားခဲ့ပါသည်။ မတ်လ ၂၅ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးအရ မူလအစီအစဉ်ကိုဖျက်လိုက်ရပြီး မြိတ်မြို့ရှိ၊ မြိတ်ခရိုင်အားကစားခန်းမရှေ့ကွင်းပြင်ကျယ်တွင် ဆယ်မိနစ်ခန့်မိန့်ခွန်းပြောနိုင်ခဲ့ပါသည်။

ရန်ကုန်သို့ အပြန်လေယာဉ်ပေါ်တွင် ငါးကြိမ်ခန့်အန်ခဲ့ပြီး ရန်ကုန်လေဆိပ်ကိုညနေ ၅နာရီကျော်တွင်  ပြန်လည်ရောက်ရှိခဲ့ပါသည်။ ​  ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်​ ဒေါက်တာတင်မျိုးဝင်း၏ အကြံပေးချက်အရ မတ်လ ၂၇ ရက်နှင့် ၂၈ ရက်တွင် သွားရောက်မည့် မကွေးတိုင်းခရီးစဉ်ကို ကျန်းမာရေးအခြေအနေအရ ဖျက်သိမ်းခဲ့ရပါသည်။

ခရီးစဉ်ဖျက်သိမ်းခြင်းအတွက်တရားဝင်ကြေငြာချက်စာစောင်ကိုလည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါသည်။ ယင်းခရီးစဉ် ဖျက်သိမ်းပြီး မတ်လ ၂၉ ရက်နေ့ တွင်သွားရောက်မည့်ခရီးများအားလုံးကိုလည်းဖျက်သိမ်းလိုက်ပြီး ဧပြီလ ၁ရက်နေ့ မတိုင်ခင်နေ့အထိနေအိမ်တွင်သာ အနားယူသွားမည်ဖြစ်ကြောင်းကိုလည်း သိရပါသည်။

၀၁၇

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.