စီးပွားရေးသတင်း — တောင်ကုတ်၊ မတ် ၂၆၊ ၂ဝ၁၃
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ၂၉ မိုင် ၄ ဖာလုံခန့် အကွာ ရခိုင်ရိုးမတောင်ကြောရှိ နေပူတောင်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ၂၉ မိုင် ၄ ဖာလုံခန့် အကွာ ရခိုင်ရိုးမတောင်ကြောရှိ နေပူတောင်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ မှ ၂၉ မိုင် ၄ ဖာလုံခန့်အကွာ၊ ရခိုင် ရိုးမတောင်ပေါ်ရှိ နေပူတောင်အား ပြည်ထောင်စု အစိုးရ၊ သတ္တုတွင်း ဝန်ကြီးဌာနမှ အကျိုးတူစာချုပ် ချုပ် ဆိုလျက် ဗီယက်နမ်နိုင်ငံ (MYSICO) ကုမ္ပဏီသို့ ၂၅ နှစ်တာကာလ ငှား ရမ်းထားခြင်းနှင့်ပတ်သက်၍ ရခိုင် ပြည်နယ် အစိုးရအဖွဲ့မှ တောင်ကုတ် မြို့ မယက ရုံးတွင် မတ် ၂၆ ရက်က ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ရှင်းလင်းပွဲကို ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး  ဒေါက်တာ အောင်ကျော်မင်း၊ သစ် တော နှင့် သတ္တုတွင်း ဌာနဝန်ကြီး ဦးအောင် သန်းတင် တို့က တောင်ကုတ်မြို့ မြို့နယ်ထွေ/အုပ်ရုံးတွင် နေ့လယ် ၂း၃ဝ နာရီမှ ညနေ ၄း၃ဝ နာရီအထိ ပြု လုပ်ခဲ့ကြောင်း သိရသည်။

ရှင်းလင်းပွဲသို့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်း ရင်းသား စည်းလုံးညီညွတ်ရေး ပါတီ တို့မှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖ များ၊ ဒေသခံ လူမှုရေးအသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၅ဝ ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၈.၁၇ သန်းကုန်ကျမည့် လုပ်ငန်းအတွက် နိုင်ငံခြားလုပ်သား ၅၆ ဦးနှင့် ပြည်တွင်းဒေသခံအလုပ်သမား ၂၄ဝ အား ခန့်ထားမည်ဟု ရှင်းလင်း ပြောကြားခဲ့ပြီး ပြည်သူများ သိလိုသော  SIA/EIA ဒေသဖွံ့ဖြိုးရေး များအား ချပြခဲ့ခြင်းမျိုးမရှိဘဲ ဒေသခံ များမှ ကုန်ချောအား ဒေသတွင် ထုတ်လုပ်ရန် ပြောကြားချက်အား အထက်ကို တင်ပြပေးမည်ဟုဝန်ကြီး က ပြောကြားခဲ့ကြောင်း ရှင်းလင်းပွဲသို့ တက်ရောက် ခဲ့သူ တောင်ကုတ် လူမှုကွန်ရက်မှ ဦးစိုးဝင်းက ပြောသည်။

“ဘာမှ မရှင်းဘဲနေတာထက် စာရင်တော့ ကောင်းလာပါတယ်။ ပွင့် လင်းမြင်သာမှုရှိတာကို ပြရုံလေးပါပဲ။ နေပူတောင် ကိစ္စကို ပြည်သူတွေ သိ ချင်တာက အစိုးရနဲ့ ကုမ္ပဏီတို့ ချုပ် ဆိုထားတဲ့ စာချုပ်ကိုပါပဲ။ စာချုပ် အရ ဒေသခံတွေဘာရမလဲ။ ဘာတွေ ဆုံးရှုံးနစ်နာမှာလဲဆိုတာ သိချင်နေ ကြတယ်။ ကျွန်တော်က ပြည်နယ်  အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေကို စာချုပ် ပါ အချက်တွေကိုချပြဖို့ တောင်းဆို တော့ စာချုပ်အကြောင်း ဂဃဏန မရှင်းပြနိုင်ခဲ့ဘူး” ဟု တောင်ကုတ် အန်အယ်လ်ဒီ အတွင်းရေးမှူး ဦးမင်း အောင်က ပြောသည်။

ယခုကဲ့သို့ ရှင်းလင်းရခြင်းမှာ ပြည်ထောင်စု အစိုးရ နေပူတောင်အား အလှဆင် မာဘယ်လ်ကျောက်များ ထုတ်လုပ်ရန် ဗီယက်နမ်နိုင်ငံ Myanmar SIMCO Song Da Limited Joint Stock Company (MYSUCO) ကုမ္ပဏီသို့ ငှားရမ်းထား ခြင်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာ မှုမရှိသဖြင့် ပြည်သူအများ မကျေ မနပ်ဖြစ်နေသည်ကို မီဒီယာများက ဖော်ပြလာကြ၍ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူများက ယခုကဲ့သို့ လာရောက်ကာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံ များက ဆိုသည်။

ရခိုင်ပြည်နယ် လွှတ်တော် ပထမအကြိမ် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ် စားလှယ် ဦးအောင်မြတ်ကျော် က ၂ဝ၁၃ ခုနှစ် ရခိုင်ပြည်နယ် ဒေသန္တရ စီမံကိန်း တွင် ပါဝင်သော နေပူတောင် မှ ကျောက်များကို တစ်နှစ်လျှင် မက် ထရစ်တန် ၇၈၅ဝ ကို ၂ဝ၁၃ ခုနှစ်မှ စတင်ကာ ထုတ်လုပ်မည့် စီမံ ကိန်းနှင့်ပတ်သက်၍ ကန့်ကွက်ပြီး စီမံကိန်းအား ရပ်နားရန် အဆိုတင် သွင်း တောင်းဆိုခဲ့ကြောင်း သိရသည်။

နေပူတောင်ကျောက်မှာ မြန်မာနိုင်ငံတွင်းရှိ ကျောက်များထဲတွင် တစ်ခုတည်းသော ထူးခြားသည့် ကျောက် တစ်မျိုး ဖြစ်ပြီး အဖိုးမဖြတ် နိုင်သော ကျောက်တောင်ဟု သိထားသည့် ဒေသခံ ရခိုင်ပြည်သူလူထုက လည်း ဒေသအတွက် အကျိုးခံစားခွင့် တစ်စုံတစ်ရာမရှိဘဲ သဘာဝ ပတ်ဝန်းကျင်၊ သယံဇာတနှင့် နေပူတောင် တစ်ခု လုံး အား ကွယ်ပျောက်သွားအောင်  အထိ ထုတ်လုပ်မည်ဆိုလျှင် လုံးဝ လက်ခံကြမည် မဟုတ်သဖြင့် စီမံ ကိန်းအား ခေတ္တရပ်နားပြီး “မည်သို့ အသုံးဝင်သည်။ မည်မျှတန်ဖိုးရှိသည်” သုတေသနလုပ်ပြီး ဗီယက်နမ် နိုင်ငံနှင့် ချုပ်ဆိုထားသော စာချုပ်ပါ အကြောင်းအရာ များကို ဒေသခံရခိုင် ပြည်သူလူထုနှင့် မြန်မာနိုင်ငံသားများ အား ပွင့်လင်းမြင်သာသော သတင်း ထုတ်ပြန်မှုများ ကို ပြုလုပ်ပြီးမှ အဆို ပါ ကျောက်များအား ထုတ်ယူရန် တိုက်တွန်း ပါကြောင်း ကန့်ကွက် တောင်းဆိုခဲ့သည်များ ပါရှိသည်။

MYSUCO ကုမ္ပဏီ၏ ကျောက်  ထုတ်လုပ်ရေး စီမံကိန်းအား မြန်ဆန် စွာ လုပ်ကိုင်နိုင်ရန်အတွက် ဗီယက် နမ်နိုင်ငံမှ သံအမတ် Mr.Nchu Cong Phung, MYSUCO ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ Mr.Ngagen Cong Kun တို့မှာ ရခိုင်ပြည်နယ်အစိုး ရနှင့် ဇန်နဝါရီ ၂၈ ရက်က ဆွေးနွေး ခဲ့ကြပြီး ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလ တွင် ပထမတန်းစား ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်နှင့် ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်သည့် အဆင့်အထိ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရ သည်။ နေပူတောင်မှာ ပင်လယ်ရေပြင် မှ ၂၂၂၃ ပေမြင့်ပြီး ကျောက်တောင် အမြင့်ပေ ၃ဝဝ ခန့်၊ တောင်ပတ်လည် မှာ ၅ မိုင်ခန့်ရှိပြီး အဆိုပါ ကျောက် ဆောင်ကြီး အပြင် ဘေးဘက်ချိုး မြောက်ကြီးတွင်လည်း Marble ကျောက်ဆောင်တန်းကြီးများ ရှိနေသေးပြီး တောင်၏ သက်တမ်း မှာ နှစ်ပေါင်း ၇၅ သန်းကျော် ရှိကြောင်း သိရသည်။

အဆိုပါ နေပူတောင်အား နေပူခံသော တောင်ဖြစ်၍ ဒေသခံများက နေပူတောင်ဟုခေါ်ဆိုကြပြီး နေပူတောင်  ကျောက်မှာ အအေးဓာတ် ရှိ၍ အရောင် မှာ အညိုရောင်၊ အဖြူရောင်၊ အုန်းခွံ ရောင်၊ နီညိုရောင်စသည်ဖြင့် အရောင် အမျိုးမျိုးတွေ့ရှိရသည်။

၁၉၇၁ ခုနှစ်ခန့်က ထုတ်ဝေခဲ့ သော ဗိုလ်တထောင်သတင်းစာတွင် ပြည်ခရိုင်၊ ပန်းတောင်းမြို့အပိုင်၊ မိုင် ၇ဝ အကွာတွင် ဒေါ်လာ ကုဋေ ၉ဝဝ တန်ဖိုးရှိသော Marble ကျောက်ဆောင်  ကြီးတွေ့ရှိဟု ရေးသား ဖော်ပြ ခဲ့ကြောင်း  သိရသည်။ ယခင်က နေပူတောင် ကျောက်အား မိုင်းခွဲကာ အမှတ် ၁ စက်မှုဝန်ကြီးဌာနမှ လွိုင်ကော်နှင့် တညင် တို့တွင် နေရာများ ပြောင်းရွှေ့၍ ကျောက်ပြားစက်ရုံ တည်ဆောက်ကာ အနှစ် ၃ဝ ခန့် ကျောက်ထုတ်လုပ်မှု လုပ်ကိုင်ခဲ့ပြီး ရပ်ဆိုင်းထား ခဲ့သည်မှာ ၇ ခန့် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

ဝ၇၄

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*