ခေါင်းကြီးသတင်း — မန္တလေး၊ မတ် ၄၊ ၂ဝ၁၃

ယခင် စစ်အစိုးရ လက်ထက်က ကျင်းပခွင့်မရခဲ့သည့် မန္တလေးအာဇာ နည် ၁၇ ဦး ကျဆုံးခြင်း အထိမ်းအမှတ်နေ့ အခမ်းအနားကို ယခုနှစ် မတ် ၄ ရက် နံနက်ပိုင်းက မန္တလေး မြို့နယ်လုံးကျွတ် ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်း အသီးသီး၏ စည်းလုံး ညီညွတ်မှု စွမ်းအားဖြင့် အောင်မြင်စွာ ပြန်လည်ကျင်းပနိုင်ခဲ့ ပြီဖြစ်သည်။

မန္တလေးတိုင်း၊ ခရိုင်အတွင်းရှိ မြို့ နယ်များအလိုက် ပါတီအသီးသီးမှ ပါတီဝင် ပုဂ္ဂိုလ်များ၊ ၈၈ မျိုးဆက် ကျောင်းသားများ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ရဲဘော်များနှင့် ဘာသာရေး လူမှုရေး နယ်ပယ် အသီးသီးမှ အသင်းအဖွဲ့ဝင်များ စုပေါင်းပြုလုပ်သည့် ၇၄ နှစ်မြောက် မန္တလေး အာဇာနည် ၁၇ ဦး ကျဆုံးခြင်း အထိမ်းအမှတ်နေ့ အခမ်းအနား ကို မတ် ၄ ရက် နံနက် ၇ နာရီ အချိန်က အဆိုပါ အာဇာနည်ဗိမာန် တည်ရှိရာ စစ်ကိုင်း၊ မန္တလေးကား လမ်းဘေး တမ္ပဝတီ၊ သူကြွယ်ကုန်းရပ် တွင် ဒေသခံအင်အား ၁ဝဝဝ ခန့်ဖြင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် လွမ်းသူ့ ပန်းခွေချ အလေးပြုခြင်း အခမ်းအနား နှင့်အတူ ကျင်းပခဲ့ကြသည်။

အခမ်းအနားတွင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၏ သဝဏ်လွှာများ ပေးပို့ ဖတ်ကြားရာတွင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှပေးပို့သော သဝဏ်လွှာတွင် ယခင်စစ်အစိုးရ လက်ထက်က စောင့်ရှောက်မှု ကင်းမဲ့ခဲ့သော မန္တလေး အာဇာနည် ၁၇ ဦးဗိမာန်သည် ထိုစဉ်က ခြုံနွယ်ပိတ်ပေါင်းအတိဖြင့် ဝမ်းနည်းဖွယ် မြင်ကွင်း မျိုးဖြစ်ခဲ့ရကြောင်း၊ ထိုသို့သော တားမြစ်ကန့်သက်မှုများ ကြားမှပင် ကျင်းပခွင့် မရခဲ့သည့် နှစ်ပတ်လည် အခမ်းအနားများကို နှစ်စဉ်မပြတ် သိုသိပ်စွာ ကျင်းပခဲ့ကြကြောင်း၊ သို့ရာတွင် မြို့ခံလူထု ပါဝင်သည့် ဆရာတော် သံဃာတော်များနှင့်တကွ ကျောင်းသား ကျောင်းသူများ အနေဖြင့် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်က ကျရောက်သည့် (၇၃)နှစ်မြောက် အခမ်းအနား တွင်မူ အခွင့်ရသည်နှင့် တစ်ပြိုက်နက် ပြန်လည် အခြေချကာ အကျဉ်းရုံး ကျင်းပခဲ့ကြကြောင်း စသည် ဖြင့်ဖော်ပြ ပါရှိသည်။

“ဒါဟာ အာဏာရှင်တို့ရဲ့ သမိုင်း ရေးအဆက်ဖြတ်မှုကို လူထုနည်းနဲ့ အသံတိတ် ဆန့်ကျင်ခြင်းလို့ ကျွန်ုပ်တို့ နားလည်ထားပါတယ်။ တစ်နည်း အားဖြင့် ခေတ်အဆက်ဆက် အာဏာရှင်တွေရဲ့ တော်လှန်ရေးအသိ၊ တော်လှန်ရေး အတွေး အခေါ်၊ တော်လှန်ရေး လက်ဆင့်ကမ်းမှုကို ချိုးနှိမ်တဲ့ လုပ်ရပ် ဟာ အောင်မြင်မှု မရကြောင်း သက် သေဖြစ်ပါတယ်” ဟု ယင်းတို့ ထုတ်ဝေသော သဝဏ်လွှာတွင် ဖော်ပြထားသည်။ ယင်းတို့ အနေဖြင့် အဆိုပါ အာဇာနည် ဗိမာန်အား ၁၃ဝဝ ပြည့် အရေးတော်ပုံ ကာလတိုက်ပွဲများမှ အစပြုခဲ့သည့် ၁၉၈၈  ခုနှစ် ပြည်သူ့အရေး တော်ပုံအပါအဝင် ၁၉၉၇ ခုနှစ် ပတ္တနိက္ကုစ္စနကံဆောင်ပွဲများတွင် သံဃာ ကျောင်းသား ပြည်သူ မခွဲခြားဘဲ အတူတကွ တိုက်ပွဲဝင် သွေးမြေခ ခဲ့ခြင်း၏ ရုပ်ဝတ္ထု သက်သေ တစ်ခု အဖြစ် ထင်မြင် ပါကြောင်းနှင့် ယခုနှစ် ပြုလုပ်သည့် စိန်ရတု အကြိုကာလမှ စတင်ကာ မန္တလေးမြို့၏ တော်လှန်ရေး ဂုဏ်ကျက်သရေ၊ မန္တလေးမြို့၏ တော်လှန်ရေး ရေချိန်ညွှန်းဆိုရာနေရာမြတ် တစ်ခုအဖြစ် လည်းကောင်း၊ ရှေးယခင်ပုံစံ အတိုင်းပြည်သူ အစောင့်အရှောက်ခံနေရာမြတ်တစ်ခုအဖြစ် လည်းကောင်း ဆက်လက် စောင့်ရှောက် သွားမည်ဖြစ်ကြောင်းနှင့် မြို့ခံပြည် သူလူထု အပါအဝင် ဘာသာရေး လူမှုရေးနှင့် နိုင်ငံရေး အဖွဲ့အစည်း အသီးသီးတို့ ဘက်ကလည်း အထူး အလေးထား စောင့်ရှောက်သွားကြပါရန် တိုက်တွန်းအပ် ပါကြောင်း သဝဏ်လွှာနှင့် တကွဖတ်ကြား တင်သွင်းသည်။

လွန်ခဲ့သော နှစ်ပေါင်း ၇၄ နှစ် ခန့်က ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာ ၂ဝ ရက် ကျောင်းသားသွေးမြေကျမှုတွင် ရဲဘော် ဗိုလ်အောင်ကျော် ကျဆုံးခြင်း နှင့်တကွ ကျောင်းသားကျောင်းသူ ၂ဝဝ ကျော် ဒဏ်ရာရရှိခဲ့ရာမှ စတင်ခဲ့သည့် နိုင်ငံရေး လှုပ်ရှားမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မန္တလေးလူထုနှင့်မန္တလေးသံဃာ ထုတို့သည် ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် ထုတ်ပြန်ကြေညာသော ဗမာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည့် အနေဖြင့် မန္တလေး အိမ်တော်ရာ ဘုရား(၁၄)ခန်းဇရပ်ကြီးတွင် လူထုစည်း ဝေးပွဲကြီးတစ်ခု ဖန်တီးခဲ့သည်။

၁၉၃၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁ဝ ရက် နံနက် ၁ဝ နာရီတွင် အဆိုပါ အိမ်တော်ရာဘုရား ရင်ပြင်တော်ပေါ် တွင် လူထု ၁ သိန်းကျော် စုဝေးမိကြပြီး ဖိနှိပ်ချုပ်ချယ်ရေး ဥပဒေပုဒ်မ ၁၄၄ ကို ချိုးဖောက်ပြီး ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒပြကြရာမှ လူထုတပ်ဦးကြေးနန်းရုံးရှေ့အရောက် တွင် အရေးပိုင်မစ္စတာလတ်နှင့် ရာဇ ဝတ်ဝန်ကြီး မစ္စတာလိန်းတို့ ဦးဆောင် သည့် ရဲလက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက် ပစ်ခတ်နှိမ်နှင်းခြင်း ခံရကာ သံဃာတော် ၇ ပါးနှင့် လူပုဂ္ဂိုလ် ၁ဝ ဦးကျဆုံးခဲ့ရသည်။

မန္တလေးလူထုက ကျဆုံးခဲ့ရသူ အာဇာနည်(၁၇)ဦးကို နေမျိုး မဟာသီဟသူရဘွဲ့နှင့် အတူ ဗိုလ်ဘွဲ့အပ်နှင်း၍ ယင်းတို့၏ ရုပ်ကလာပ်များအား အိမ်တော်ရာ ၁၄ခန်း ဇရပ်တွင် ပြည်သူလူထု ဂါရဝပြုရန် သိုက်မြိုက် ခမ်းနားစွာ ထားရှိ ဂုဏ်ပြု ခဲ့ကြသည်။

ထို့နောက် ဖေဖော်ဝါရီ ၁၈ ရက် တွင် အာဇာနည်(၁၇)ဦးတို့၏ ရုပ်ကလာပ် များအား တမ္ပဝတီ သူဌေးကုန်းရပ်ရှိ အာဇာနည်ဗိမာန်သို့ ပြောင်းရွှေ့ ထားရှိရာမှ အဆိုပါ အာဇာနည် ဗိမာန်ကြီးပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ကျင်းပခွင့်ရသည့် စိန် ရတုအကြို မန္တလေးအာဇာနည် (၁၇) ဦးကျဆုံးခြင်းအထိမ်းအမှတ်နေ့ အခမ်း အနားသို့ မြို့နယ်အလိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ မန္တလေးတိုင်း ဒေသကြီး ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့၊ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်နှင့် တကွ မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ အပါအဝင် အမရသုခ ကုသိုလ်ဖြစ်ဆေးခန်း၊ နှလုံးလှပင်လယ် ကုသိုလ်ဖြစ်ဆေးခန်း၊ ငြိမ်း ချမ်းရေးနေ့သစ်များအဖွဲ့၊ စိမ်းရောင်စို (Activities)၊ စိမ်းရောင်စို(တံတားဦး) တို့နှင့် မန္တလေး အာဇာနည်ဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေး ယာယီကော် မတီတို့မှ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အမှတ်တရ လွမ်းသူ ပန်းခွေချ အလေးပြုခြင်း အခမ်းအနားများပြုလုပ် ခဲ့ကြသည်။

ဝဝ၉

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*