ပြည်တွင်းသတင်း — နေပြည်တော်၊ သြဂုတ် ၁ဝ၊ ၂ဝ၁၂

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၁၃ ဆီးဂိမ်း အတွက် နေပြည်တော်တွင် မက်(စ်) မြန်မာ ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေသော ကမ္ဘာ့အဆင့်မီ အားကစားရုံ ၂ ရုံမှ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းသည် အဆုံးသတ် လုပ်ငန်းစဉ်များသာ ကျန်တော့ကြောင်း ယင်းအားကစားရုံမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ပြီးလုဆဲ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း

ပြီးလုဆဲ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း

ပြီးလုဆဲ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၏ ပွဲကြည့်စင် မြင်ကွင်း

ပြီးလုဆဲ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၏ ပွဲကြည့်စင် မြင်ကွင်း

ပြီးလုဆဲ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအား အပြင်မှ မြင်ရစဉ်

ပြီးလုဆဲ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအား အပြင်မှ မြင်ရစဉ်

“အခုက အပြီးသတ်လုပ်ငန်း တွေပဲ ကျန်တော့တယ်။ အခုလက်ရှိ အနေအထား ကတော့ ၇၅ ရာခိုင်နှုန်း လောက် ပြီးစီးနေပြီ”ဟု ယင်းတာဝန်ရှိသူက ဆက်လက်ပြောခဲ့သည်။ ယခု လက်ရှိ ဆောက်လုပ်နေသော ဒီဇိုင်း သည် တရုတ်ပြည်မှ ဒီဇိုင်းဖြစ်ကြောင်း၊ အဆောက်အဦ ပုံကြမ်းကိုမူ KMD မှ ဆရာဦးခင်မောင်တင့်က ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း ဝန်ထမ်းအင်အားမှာ ၁၇၅ ဦးဖြင့် တည်ဆောက်နေခြင်း ဖြစ်ကြောင်း၊  ယင်း ၁၇၅ ဦးထဲတွင် တာဝန်ယူ ဆောက်လုပ်    နေသော အင်ဂျင်နီယာများ၊ စီမံခန့်ခွဲနေသော တာဝန်ရှိ လူကြီးများနှင့် နေ့စား အလုပ်သမားများ ပါဝင်ကြောင်း ပြောခဲ့သည်။

“ဒီအားကစားကွင်းမှာ လူအင်အား သုံးသောင်းလောက် ဆန့်တယ်။ အဓိက ကတော့ ဘောလုံးအားကစား အတွက် အဓိကထားပြီးတော့ ဆောက်ထားတယ်”ဟု ယင်းက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောခဲ့သည်။ အားကစားကွင်းရှိ စိုက်ပျိုးထားသော မြက်များအား တရုတ်ပြည်မှ မှာယူ၍ စိုက်ပျိုးထားခြင်းဖြစ်ပြီး စိုက်ပျိုး ကာလသက်တမ်းမှာ ၂ လကြာမြင့်ပြီ ဖြစ်သည်။ မြက်ခင်းပြင် ညီညာမှု ရှိစေရန် နေ့စဉ် မြက်ညှိစက်ဖြင့် လုပ်ဆောင်လျက်ရှိသည်။

ယင်းအားကစားကွင်းတွင် ဘောလုံးအားကစားအပြင် တုတ်ထောက်ခုန်၊ သံလုံးပစ်၊ သံလုံးပစ် (ကြိုးတပ်)၊ အလျားလိုက်ခုန်၊ သံပြားပစ်နှင့် မြှားထုတ်ပစ်စသည့် အားကစားများ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအဆောက်အဦ စီမံကိန်းအား ၂ဝ၁ဝ၊ ၁ လပိုင်း၌ စတင် အုတ်မြစ်ချ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး  အားကစားရုံ ၂ ရုံအား ဒီဇင်ဘာလတွင် အပြီးသတ် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဝဝ၇

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *


*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>