အနုပညာသတင်း — ရန်ကုန်၊ ဇွန် ၂၂၊ ၂ဝ၁၂

““ဆရာဆိုတာ အကြောင်းအရာ အချက်အလက်ကိန်းတွေ၊ ဂဏန်းတွေ၊ စေ့စေ့စုံစုံကို ရွတ်အံပြပြီး ကျောင်းသားတွေဆီကို ကူးပြောင်းပို့ပေးနေတဲ့သူ မဟုတ်ပါဘူး။ ဒီလိုအခြေ ဒီလိုအဆင့်မှာ ဉာဏ်ထိုင်း တုံးစေတဲ့ ဘေးဆိုးအန္တရာယ်ပဲလို့ ကျွန်မမြင်ပါတယ်။ ပညာဆိုတာ သိမှတ်ပြီး ကျက်ထားစရာ  အချက်အလက် တွေချည်း မဟုတ်ပါဘူး။ လုပ်တတ်စရာ (Skills)နဲ့ အတွေးအခေါ် ရင့်ကျက်လာစရာ လေ့ကျင့်ခန်းနဲ့ အတွေ့အကြုံတွေ ပေးဖို့ရာလည်း ပါတယ်။ ဒီတော့ ဆရာဆိုသူ တစ်ယောက်ရဲ့တာဝန်က ဒီကျောင်းသားတွေ ဘဝမှာရင်ဆိုင်ရမယ့် ကိစ္စရပ်အားလုံးကို ရင်ဆိုင်နိုင်စွမ်းရှိမယ့် အရည်အသွေးတွေ ဖြည့်တင်းပေးဖို့ပါ။

ဆရာမကြီး ဒေါက်တာ မြင့်မြင့်ခင်

ဆရာမကြီး ဒေါက်တာ မြင့်မြင့်ခင်

တစ်ကိုယ်တည်း ဒီလိုမလုပ်ပေးနိုင်သည့်တိုင် ဒီလိုအခြေအနေဖြစ်အောင် သင်ကြားရေး ပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားရမှာပါ။ ကျောင်းသားဆိုတာက ပညာ၊ ဗဟုသုတ၊ (Skill) တွေ ရယူရာမှာ၊ သင်ယူ(Learn) လုပ်ရာမှာ သူ့နည်းသူ့ဟန်နဲ့ လုပ်တတ်ကြပါတယ်။ တစ်ဦးနဲ့တစ်ဦး မတူပါဘူး။ တစ်ဦးအတွက် ကောင်းတဲ့နည်းဟာ    နောက်တစ်ဦးအတွက် အဆင်ပြေချင်မှ ပြေမှာပါ။ ဒီတော့ ကျောင်းသားတစ်ဦးရဲ့ စရိုက်အလိုက် သူ့နည်းအတိုင်း သင်နိုင်ရင်တော့ အကောင်းဆုံးပါ။ ကျောင်းသာရဲ့ ဆိုက်ကိုလိုဂျီကို သိထားရပါ မယ်””ဟူ၍ ဆရာမကြီး ဒေါ်မြင့်မြင့်ခင်က နိဒါန်းစကား ဆိုထားသည့် အားလုံးအတွက် ပညာရေးနှင့် တိုင်းပြုပြည်ပြု ဆောင်းပါးများ စာအုပ်ကို စာအုပ်ဈေး၊ စာအုပ်တိုက်မှ ထုတ်ဝေလိုက်ပြီဖြစ်သည်။ အဆိုပါ စာအုပ်သည် ချင်းတွင်းမဂ္ဂဇင်း၊ ရွက်နုဝေမဂ္ဂဇင်း၊ Weekly Eleven Journal နှင့် ပြည်သူ့ခေတ်ဂျာနယ် တို့တွင် ဆရာမကြီး ဒေါ်မြင့်မြင့်ခင် ရေးသားခဲ့သည့် ဆောင်းပါးများ ၁၁ ပုဒ်ကို စုစည်းထားခြင်း ဖြစ်သည်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံ ဆရာဝန်များအသင်းခန်းမတွင် ၂ဝ၁၂ ခု၊ ဇွန် ၂၂ ရက် က ကျင်းပရာ ဆေးလောကမှပညာရှင်များ၊ စာပေလောကမှ စာရေးဆရာ၊ ဆရာမများနှင့် စိတ်ဝင် စားသူများ တက်ရောက်ခဲ့သည်။ စာအုပ်မိတ်ဆက်ပွဲ တက်ရောက်လာသူ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုပြုံးချိုက ““ခေတ်စနစ် ပြောင်းလဲနေတဲ့ ဖြစ်စဉ်တွေမှာ ဆရာမကြီးရဲ့ဆောင်းပါးတွေက အကောင်အထည်ဖော်တဲ့    ဆွေးနွေးမှုတွေ တွေ့ရတယ်၊ ပညာရှင်တွေက အခုလို တိုင်းပြည်ပြောင်းလဲရေး ကိစ္စရပ်တွေမှာ စိုးရိမ်စိတ်တွေ ရှိတာဟာ ကျွန်တော်တို့အတွက် လူကြီးတွေ တစ်ဖက်တစ်လမ်းက ပါဝင်တာ ဝမ်းသာရတယ်”” ဟု မြန်မာအင်ဒီပဲန်ဒင့်သို့    ပြောကြားသည်။

ဆရာမကြီး ဒေါ်မြင့်မြင့်ခင်က ယနေ့ခေတ် လူငယ်များသည် စာမဖတ်သည်ကများသဖြင့် လူငယ်များ စာဖတ်စေချင်ကြောင်း၊ ဖျော်ဖြေပွဲများတွင် သာယာမနေစေလိုကြောင်း မိတ်ဆက်စကား ပြောရာမှာ ထည့်သွင်း ပြောကြားသွားပါသည်။

ဝဝ၅

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*