အနုပညာသတင်း — ရန်ကုန်၊ မတ် ၂၈၊ ၂၀၁၂

၂ဝ၁၂ သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ရက်များအတွင်း၊ သံချပ်များဖြင့်​ ဖျော်ဖြေတင်ဆက်ရန် ​ပြင်ဆင်နေသော​​ ဗေလုဝက​​ ခေတ်တစ်ခေတ်ရဲ့ ကွက်လပ်ကို သံချပ်ဖြင့် ဖွဲ့ဆိုမယ်ဟု မတ်လ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။

သင်္ကြန်မတိုင်မီ မတ်လ ၃ဝ  ရက်နေ့တွင် ““တစ်ခါကမဟာရန်ကုန်သင်္ကြန်ညများ”” အမည်ဖြင့် တင်ဆက်ရန်ပွဲတစ်ခု စီစဉ်ထားကြောင်း သိရသည်။  ထိုပွဲအတွက် ပါဝင်ဖျော်ဖြေမည့် အဖွဲ့ ၄ဖွဲ့မှ သံချပ်များအားလုံးကို ​ပြင်ဆင်ပြီးကြောင်း ဒိုးဒိုးဒေါက်ဒေါက် အဖွဲ့ခေါင်းဆောင် ​ဗေလုဝကပြောသည်။

ပွဲပြုလုပ်ခွင့်ရရှိပါက ချက်ချင်းပြုလုပ်မည်ဟုလည်း သူကပြောသည်။ အဆိုပါသင်္ကြန်အကြိုပွဲတွင် တင်ဆက်မည့် သံချပ်များနှင့် ပတ်သက်၍ ““အနှစ် ၂ဝ ဝန်း ကျင်ကလေးတွေကိုသိစေချင် တဲ့ဆန္ဒနဲ့လုပ်မှာပါ ””ဟု သူကပြောသည်။ ““သံချပ်ဆိုတာ​ ပြောချင်တဲ့အကြောင်းအရာကို အထိရောက်ဆုံး​ ပြောတဲ့အတိုဆုံးကဗျာပဲ ””ဟု သံ ချပ်၏အဓိပ္ပာယ်ကို ၄င်းက ဖွင့်ဆိုပြသည်။

အဆိုပါသင်္ကြန် အကြိုပွဲအတွက် ပြင်ဆင်နေသော အဖွဲ့ ၄ ဖွဲ့မှာ ဒိုးဒိုးဒေါက်ဒေါက် အမည်ဖြင့် မောင်မောင်မြင့်အောင် (ခေါ်) ဗေလုဝ၊ ပြီးပါပြီ အမည်ဖြင့် မောင်မောင်မြင့်သိန်း (ခေါ်) ကုသိုလ်၊ ပြည်သူ့ တရားရှင်အမည်ဖြင့် မောင်ခင်မောင်မြင့် (ခေါ်) မေတ္တာနှင့် မကောင်းသူထိပ်​ ကောင်းသူထိပ် အမည်ဖြင့် အောင်သန်းဦး(ခေါ်) အရိုင်းတို့ဖြစ်သည်။  ပွဲစီစဉ်သူများမှာ ဒါရိုက်တာမောင်သီနှင့် Regent Business Academy တို့ဖြစ်ကြောင်း သိရသည်။

ဗေလုဝသည် ၁၉၈၉ ခုနှစ်ရန်ကုန်သင်္ကြန်၌ သံချပ်များနောက်ဆုံး ရွတ်ခဲ့သူဖြစ်သည်။ ယခု အရပ်သားအစိုးရ လက်ထက် ၂ဝ၁၂ ခုနှစ် ရန်ကုန် သင်္ကြန်တွင် သံချပ်များပထမဆုံး ပြန်လည်တင်ဆက်ရွတ်ပြရန်​ပြင်ဆင်နေသူလည်း ဖြစ်သည်။ အနှစ် ၂ဝ ကျော်ကြာခဲ့ပြီသောသံချပ်များကို ယနေ့ခေတ် အကြောင်းအရာများဖြင့် တင်ဆက်မည်ဟုလည်း သိရသည်။

ယခင်ခေတ်ကာလက သံချပ်များနှင့်ပတ်သက်၍ ““အရင်တုန်းကသံချပ်တွေက အခုထိအောင် စူးရှနေတယ်၊ အသက်ဝင်နေတယ်၊   ခေတ်တစ်ခေတ်ကို ကြိုမြင်နိုင်တယ် ”” ဟု ဗေလုဝက ပြောသည်။ သံချပ်များကိုမျှော်လင့်နေသည့် ပရိသတ်များအား ““လှပတဲ့ နံနက်ခင်း​  ဖြစ်စေရမယ်၊ အင်မတန်ကောင်းမွန်တဲ့အစားအ သောက်တွေစားရမယ် ””ဟု ၄င်းကဆက်လက်ပြောကြားသည်။ ဗေလုဝသည် ဒိုးဒိုး​ ဒေါက်ဒေါက် အမည်ဖြင့် ၁၉၇၆ ခုနှစ်တွင် ရန်ကုန်သင်္ကြန်၌သံချပ်များစတင် ဖျော်ဖြေခဲ့သူဖြစ်သည်။


၀၀၈

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.