တိုင်းရင်းသားသတင်း ပြည်တွင်းသတင်း — မောင်တော၊ ဖေဖေါ်ဝါရီ ၅၊ ၂၀၁၇

မောင်တောမြို့နယ်က ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းအတွင်း WY စာတမ်းပါ မူးယစ်ဆေးဝါး အပြား သိန်း ၄၀ ကျော်နဲ့ လက်နက်တစ်ချို့ ဖမ်းဆီး ရမိခဲ့ပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရွှေဗဟိုကျေးရွာ၊ ရွှေဗဟို ဘုန်းတော်ကြီးကျောင်းကို မေယုစစ်ဆင်ရေး အထူးတပ်ဖွဲ့က ဆက်စပ်သတင်းတွေ အရ ဝင်ရောက် ရှာဖွေခဲ့ရာမှ အခုလို တွေ့ရှိခဲ့တာပါ။

ဖေဖေါ်ဝါရီလ ၅ ရက်နေ့ ညနေ (၅) နာရီက မောင်တောဘက်ကို မောင်းနှင်လာတဲ့ ကားတစီးကို ဗောဓိကုန်း စစ်ဆေးရေး ဂိတ်မှာ ရပ်တန့် စစ်ဆေးတဲ့အခါ ကားပေါ်မှာ ပီနံအိတ်နဲ့ ထုပ်ထားတဲ့ WY စိတ်ကြွဆေးပြား (၄) သိန်းကျော်ကို ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကားပေါ်ပါလာတဲ့ ဆရာတော် ဦးအာစာရကို ဆက်လက် စစ်ဆေးရာက ရွှေဗဟို ဘုန်းကြီးကျောင်းထဲမှာ WY စာတမ်းပါ စိတ်ကြွဆေးပြား (၄၂) သိန်း၊ (၂) သောင်းကျော်ကို တွေ့ရှိခဲ့ပြီး၊ ဗုံးသီး (၁) လုံး၊ သေနတ် အမျိုးအစား (၃)ခုရဲ့ ကျည်ဆန် (၉၄)တောင့် သိမ်းဆည်း ရမိခဲ့ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ဦးအာစာရကို မူးယစ်နဲ့ လက်နက် ဥပဒေတွေအရ အမှုဖွင့် အရေးယူထားပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*