တိုင်းရင်းသားသတင်း ပြည်တွင်းသတင်း — နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၇


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ရှိ မောင်တော အမှတ်(၁) ဝင်/ထွက် စခန်း (POE) ကို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီစခန်းဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် က ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း အကြမ်းဖက် ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီးနောက်  အမှတ်(၁) ဝင်/ထွက် စခန်း (POE) မှ ဝင်ထွက်မှုတွေကို ခေတ္တ ရပ်ဆိုင်းခဲ့ရတာပါ။

ယခုလက်ရှိ အခြေအနေမှာတော့ နယ်မြေ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိ လာတာကြောင့် နှစ်နိုင်ငံနယ်ခြား စာချုပ်ပါ အချက်တွေအရ ဥပဒေ လုပ်ထုံးလုပ် နည်းတွေနဲ့အညီ မောင်တောမြို့ အမှတ်(၁) ဝင်/ထွက် စခန်းကို ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ညှိနှိုင်း ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
.

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*