သတင်းဆောင်းပါး — ဖေဖော်ဝါရီ ၂၁၊ ၂ဝ၁၃

ကျွန်တော့်မှာ ဝတ္ထုတိုတစ်ပုဒ် စာအတွက် ကုန်ကြမ်းရှိနေပါတယ်။ ဝတ္ထုတိုတစ်ပုဒ် အဖြစ်လည်း ရေးသားချင်စိတ် ရှိပါ တယ်။ ဒါပေမယ့်လို့ ရေပွက်ပမာ မီဒီယာလောက မှာ ဖြစ်ကြမ်းပျက်ကြမ်း သတင်းဆန်း တွေရဲ့ အနိစ္စ ဘေးရန်တွေကြောင့် သတင်းတစ်ပုဒ်အပေါ် အခြေတည် ရေးရမယ့် ကျွန်တော့်ဝတ္ထုတိုဟာ မဂ္ဂဇင်း စာမျက်နှာ မှာ ဖော်ပြခံရပြီ ဆိုတဲ့အချိန် ဝတ္ထုသိုး (Expire Date) တစ်ပုဒ်ဖြစ်သွားမှာကို စိုးမိလို့ အခုလို စာတိုပေစ ပုံစံမျိုးနဲ့ ရေးလိုက် ရ ခြင်းပါ။

ကျွန်တော် ရေးချင်တဲ့ ဝတ္ထုတို ဆိုတာက-

တစ်နေ့က သူငယ်ချင်း လင်မယားနဲ့ လက်ဖက်ရည်သောက်ပြီး သူတို့ ဈေးဝယ်ရာကို အဖော်လိုက်ခဲ့မိတယ်။ သူတို့ ဝယ်စရာရှိတာ အားလုံးစုံ သလောက် ရှိအောင် ဝယ်ပြီးချိန် ဈေး ထဲက ပြန်ထွက်မယ်အလုပ်မှာ မိန်းမ  လုပ်သူက ငါးပိဝယ်ဖို့ သတိရတယ်။ ငါးပိအသံကြားရင် မျောက်ထက် ပိုကြောက်ရွံ့တတ်တဲ့ ကျွန်တော်က သူတို့နဲ့ လမ်းခွဲပြီး ကိုယ့်ဖာသာ ကိုယ် အိမ်ပြန်ဖို့ပါပဲ။ သူငယ်ချင်း  လုပ်သူရဲ့ ကြေးခေါ်လိုက်တဲ့ စကား တစ်ခွန်း က မျောက်တစ်ကောင်ကို ငါးပိအိုးထဲ တွန်းချ လိုက်သလိုဖြစ် ခဲ့ပါတော့တယ်။

“ခင်ဗျား ကုန်ကြမ်းကောင်းကောင်း လိုချင်ရင် ကျွန်တော်တို့နဲ့ လိုက်ခဲ့”

ကုန်ကြမ်းဆိုပါရောလား။ စာရေးသူတစ်ဦးအဖို့ ကုန်ကြမ်းဆိုတာ “ရေတွေ့ငါး” လို မဟုတ်ပေဘူး လား။ ဒါပေမယ့် သူပြော တိုင်း လွယ်လွယ်ယုံလို့ ဘယ်ဖြစ်မလဲ။ တကယ် ကုန်ကြမ်း ဖြစ် မဖြစ် စံနှုန်းတွေ က ရှိသေး တာကိုး။

“ဘာကုန်ကြမ်းမို့လို့လဲကွာ”

သူက ရှိုးဝိုင်းမှာ အောက်တစ် ရှားဖဲကို ဖင်ခုထိုင်ထားတဲ့ ရုပ်မျိုးနဲ့-

“အခု ငါးပိသည် အဖိုးကြီးက လှိုင်သာယာ ၅ ရပ်ကွက်မှာနေတာ။ ခင်ဗျား သိချင်နေတဲ့ ဟိုအကြောင်း သူ့ကို မေးလို့ ရတယ်လေ”

တကယ်ကိုပဲ ကျွန်တော့် သွေးတွေ ဆူပွက်သွားတယ်။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ဆီက ဂျာနယ်တွေ မှာ ဖော်ပြ ခဲ့တဲ့ သတင်း တစ်ပုဒ်ဆီ စိတ်က ရောက်သွားပြီး သတင်း  ဓာတ်ပုံတွေ တစ်ပုံချင်းစီ ကျွန်တော့် မျက်ကြည်လွှာ ပေါ်မှာ တလွှား လွှား  ပြန်ပေါ်လာခဲ့ပါတယ်။ ကျွန်တော့် ခြေလှမ်းတွေလားရာ ပြောင်းသွား ချိန်မှာ သူတို့လင်မယားက ဟိုးရှေ့ ရောက် သွားပြီ။

သူတို့ ခြေလှမ်းတွေ ရပ်သွား တဲ့ ပျံကျဈေးဆိုင်ခုံရှေ့အရောက်၊ ကျွန်တော်မြင်လိုက်ရတာက ၆ ပေ လောက် မျက်နှာဖွင့် ရှိတဲ့ ဈေးခုံပေါ် မှာ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက် တွေ ရောင်းနေတဲ့ အဖိုးကြီးတစ် ယောက်နဲ့ အသက် ၄ဝ ကျော် လောက်ရှိတဲ့ အမျိုးသမီးတစ်ယောက်။ သူငယ်ချင်းကို မြင်လိုက်တယ်ဆို အဖိုးကြီးရော အမျိုးသမီးကပါ ပြုံးပြနှုတ် ဆက်တယ်။ ဝယ်သူတွေ ရှိနေသေးတာနဲ့ သူငယ်ချင်းက သူတို့ကို လက်ကာပြ လိုက်ပြီး ကျွန်တော့်နားကို ကပ်ပြီးတိုးတိုးလေး ပြောပါ တယ်။

“အဲဒီ ငါးပိသည် အဖိုးကြီးနဲ့ ငါးခြောက်သည် မဋ္ဌေးတို့က ကွိုင်ရှိတယ်။ ဈေးခုံတစ်ခုံတည်းမှာ တစ်ခြမ်းစီ ရောင်းနေ ကြပေမယ့် လုံးဝ မတည့်ဘူး။ ဒါပေမယ့် အဖိုးကြီးရော၊ မဋ္ဌေးရောက ကျွန်တော်တို့ဆို အငြိမ်းပဲ။ အဖိုးကြီး ဆိုဗျာ မျက်လုံးခွဲတော့ ကျွန်တော် အကုန်အကျခံ ပေးခဲ့တာ။ မဋ္ဌေးဆိုလည်း သူ့ ကလေး ကျူရှင်ဖိုး ကျွန်တော် ပေးထားတာ။ ခင်ဗျားဘာမှ မပြောနဲ့။ နားထောင်နေ”

ခဏနေ ဝယ်သူရှင်းသွားတယ် ဆို ကျွန်တော်တို့ အလှည်ပေါ့။ သူ ငယ်ချင်းက ငါးပိသည် အဖိုးကြီး ကို ပြုံးပြလိုက်ပြီးတော့

“ဘကြီးက လှိုင်သာယာ ၅  ရပ်ကွက်မှာနေတာဆိုတော့ ဟို ကုမ္ပဏီတစ်ခုရဲ့ မြေကွက်မှာ ပျံကျ ကျူးကျော်တဲတွေ ဝင်ဆောက်တဲ့ ကိစ္စကြားမိမှာပေါ့”

အဖိုးကြီးက စကားစဖို့ အရှိန်ယူကာ ရှိသေး။ ငါးခြောက်သည် မဋ္ဌေးက စကားဝိုင်းထဲ ဒိုင်ဗင်ထိုး ဝင်လာပါတော့တယ်။

“ကိုထွေး ဘကြီးက ထောနေပြီ။ သူတောင် တဲတစ်တဲ ဝင်ထိုးပြီး လို့နေတောင်နေနေပြီ။ မေးကြည့်ပါလား”

“ဟုတ်လား။ သွက်လှချည် လား”

သူငယ်ချင်း လင်မယား တကယ်ကို အံ့သြသွားပုံရတယ်။ အဖိုးကြီးလည်း မလုံမလဲ ဖြစ်သွားပုံပါပဲ။ သူငယ်ချင်းက စကားဆက်လိုက်တယ်။

“ကျွန်တော် ဂျာနယ်ထဲမှာ ဖတ်ရတာ ကတော့ ညသန်းခေါင်ကြီး  မှာ ဝါးကားကြီး ၃ စီးရောက်လာပြီး တဲတွေ ထိုးလိုက် ကြတာ မနက်လင်းတော့ အိမ်ခြေ ၂ဝဝဝ လောက် ဖြစ်သွားတယ်ဆို”

“ဒါတော့ မဟုတ်ပါဘူး။ တို့ နေတဲ့ ၅ ထိပ်မှာ အရင် ကတည်းက ဝါး၊ ဓနိဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒီ ဆိုင်ကနေ ယူပြီးတော့ စကြ တာပါပဲ။ လက်ဦးက တဲအလုံး ၂၅ ၊   ၃ဝ လောက်နဲ့စကြတာ။ နေ့ချင်း ညချင်းဆိုသလိုပဲ ဝါးဆိုင် ၃ ဆိုင် ထပ်တိုးလာပြီး တဲတစ်လုံးစာ အတွက်ကို ၂ သောင်းနဲ့၊ ၁ဝ ရက်အကြွေး ထားပေးတယ်။ အဆောင်မှာ နေကြရတဲ့သူတွေ ဆိုတာ တို့လည်း ပါတာပေါ့။ ကျော တစ်နေရာစာကို တစ်လ ၁ သောင်းခွဲ ပေးရတာ။ မီးဖိုး တစ်ထောင် ထပ်ပေးရသေး။ အခု ၂ သောင်းကို ၁ဝ ရက်အကြွေးပေးတယ်။ ပြီးတော့ ဖျက်ပေးရမယ်ဆိုလည်း လျော်ကြေးက အနည်းဆုံး ၅ သောင်းလို့ပြောနေကြတယ်။ ခုတောင် တို့နေတဲ့ တဲတစ်လုံးစာ ကို ၅ သောင်းနဲ့ ၁ သိန်းကြား ဈေး ပေါက်နေတယ်။ ပြီးတော့ ကံကောင်းရင် အစိုးရဆီက မြေကွက် တစ်ကွက် အစားပြန်ရနိုင်တယ်လို့ ပြောကြတာနဲ့ တို့လည်း ဝင်ထိုးနေ လိုက်တာပါ”

“ဟာ၊ သူများမြေပေါ်ကို အဲဒီ လို ဝင်လုပ်လို့ရလား”

အဖိုးကြီးက ခေါင်းကို တစ်ချက် ကုတ်လိုက်တယ်။ ပြီးတော့မှ

“တို့လည်း သေချာ မသိပါဘူးကွာ။ ပြောသံကြားတာကတော့ ဒီ မြေတွေဟာ အရင်တုန်းက လယ်မြေ တွေတဲ့။ အခုတော့ ပလပ်မြေဖြစ်သွားပြီဆိုပဲ။ မူလပိုင်ရှင် အဖွားကြီး က တို့ ၅ ထိပ်မှာ စတိုးဆိုင်ကြီး ဖွင့်ပြီး ချမ်းသာနေတယ်။ သူ့လယ် တွေကို စစ်တပ်က သိမ်းသွားတုန်း က လျော်ကြေး မရခဲ့ဘူးတဲ့။ အခု အဖွားကြီးက ဘာပြောလိုက်လဲ ဆိုတော့ သူ့မြေကို မရှိဆင်းရဲသားတွေ နေကြတယ်ဆို သူသဘော တူတယ်တဲ့။ အဲဒီမှာ အကုန်ဝင်နေ ကြတော့တာပဲ။ အခုဆို အင်ဂျင်နဲ့ မီးပေးတဲ့ သူတွေတောင် ရောက်နေကြလို့ ရပ်ကွက် တစ်ခုလိုဖြစ်နေပြီ”

လုံးထွေးပြောလိုက်တဲ့ အဖိုး ကြီးရဲ့ စကားကို သူငယ်ချင်းက ကြည်ဖြူပုံမရ။

“နေပါဦး ဘကြီးရ။ လယ် ပိုင်ရှင်အဖွားကြီးဆီက စစ်တပ်က သိမ်းခဲ့တာက တစ်ကဏ္ဍ။ အခု ဟာက ကုမ္ပဏီလက် ထဲရောက်လို့ အုတ်တံတိုင်းတောင် ခတ်ပြီးနေပြီ။ ပြီးတော့ ဘကြီးတို့က ပိုင်ရှင်အဖွား ကြီးရဲ့ နစ်နာမှုအတွက် တိုက်ပွဲဝင် နေတာမဟုတ်ဘူး။ သူ့များမြေကို ကျူးကျော်နေတာ။ မိုက်တယ်နော်။ အရင်းမစိုက်ရဘဲ အသားချည်းပဲ”

သူငယ်ချင်းက လက်မထောင် ပြလိုက်ပြီး စပ်ဖြဲဖြဲလုပ်နေတယ်ဆို။

“အဲဒီနေ့က အကောင်ကြီးကြီး လူကြီးတစ်ယောက် လာတော့ ကုမ္ပဏီ က ပိုင်ဆိုင်မှု စာချုပ်စာတမ်းထုတ် မပြနိုင်ဘူးတဲ့”

“ဒီမှာ ဘကြီး။ အခု ကျွန်တော် သိမ်ကြီးဈေးထဲမှာ ဆိုင် ၄ ခန်းတွဲ ပိုင်ထားတယ်။ ဆိုင်ကို ပိုင်တာနဲ့ ပိုင်ဆိုင်မှု အထောက်အထား တွေ ဆိုင်မှာရှိတာနဲ့ ဘာမှမဆိုင်ဘူး။ ကျွန်တော့် အိမ်မှာတော့ ရှိတာပေါ့။ ကုမ္ပဏီနဲ့ အစိုးရ ချုပ်တဲ့ စာချုပ်တွေကို ဘကြီးတို့လို ပျံကျတွေ သိနိုင်စရာ ဘာအကြောင်းမှ မရှိဘူး။ ဘယ်ကုမ္ပဏီမှ မသေချာ ဘဲ အုတ်တံတိုင်း လာမခတ်ဘူး”

အဖိုးကြီးဆီက တုံ့ပြန်စကားသံတွေ မလာပုံထောက်တော့ ဘာပြန်ပြောရမှန်းမသိဖြစ်နေပုံပဲ။ အခွင့်ကောင်း ကို ခြောင်းနေ တဲ့ ငါးခြောက်သည် မဋ္ဌေးက အဖိုးကြီးကို ဝင် တွယ်ပါတော့တယ်။

“သူများ မြေကို မတရားယူ ချင်သူတွေ၊ အချောင်ယူချင်သူတွေ ဘဝ အဆက်ဆက် မြေပါတတ်တယ် တဲ့။ ကျွန်မသာဆို အချုပ်ကား ၁ဝ စီးလောက် တန်းစီထားပြီး အကုန်လုံး ဘူဒိုဇာနဲ့ ကလော်ပစ်တယ်”

မဋ္ဌေးရဲ့ မြေကြီး တရားစီရင်ခန်းက ကြမ်းလွန်းသွားသလို အဖိုးကြီးက ငါးပိခပ်တဲ့ ယောက်မကို အိုးနှုတ်ခမ်းမှာ ဒေါက် ခနဲ ခေါက်ချလိုက်ပြီး အဝါကဒ်ပြား လှမ်းပြလိုက်တယ်။

“ဟဲ့ ကောင်မ၊ နင်ကငါမွေးရင် ငါ့သမီး အငယ်ဆုံးထက်တောင် ငယ်သေးတယ်။ မိုက်ရိုင်းလှပါ လား။ ငါတို့မှာ ကျောချ စရာ မြေ တစ်လက်မတောင် မရှိလို့ လုပ်ကြရတာ”

“ဒီမှာ သေခါနီးကြီး ကျွန်မကို ကောင်မလို့ မခေါ်နဲ့။ အသက်ကြီးတိုင်း အချိန်မစီးဘူး။ ဆင်းရဲတိုင်း သနားစရာ မကောင်းဘူး။ ကျွန်မလည်း မြေကြီးဆိုလို့ တစ်မှုံ တောင် မပိုင်ဘူး။ ဘကြီးကမှ တိုက်ကြီးမှာ အိမ်ရှိသေးတယ်။ ဒါပေမယ့် မဋ္ဌေးတို့က ကိုယ့်ဟာ မဟုတ်တဲ့ မြေကြီးကို သူများမြှောက်ပေးတိုင်း ကလိန်ကကျစ် မလုပ်ဘူး”

“ကောင်မစုတ်..”

“မသာပုတ်ကြီး..”

သူငယ်ချင်း လင်မယားလည်း ကုလသမဂ္ဂ ဝင်လုပ်ပေးလို့ မရနိုင်တော့မှန်း သိလိုက်လို့ထင်။ ကျွန်တော့်ကို မျက်စိမှိတ်ပြပြီး ငါးပိထုတ်ကို ဆွဲကာ ဈေးထဲမှထွက်လာ ကြချိန်မှာ အပြန်အလှန်အော်ဟစ် ဆဲဆိုနေကြတဲ့ ရန်ပွဲကြီးက ခပ်ဝေး ဝေးမှာ ကျန်ရစ်ခဲ့ပါပြီ။

ဆရာမျိုးခင်ဗျာ

အခုလိုအဆုံးသတ်ဟာ ဝတ္ထု တစ်ပုဒ်ဖြစ်ပါရဲ့လား။

ဖြစ်ကောင်းလည်း ဖြစ်နေပါလိမ့် မယ်။ ဒါပေမယ့် ကျွန်တော်အာသာ မပြေနိုင်သေးပါ။ အခုဟာက ဝတ္ထု တစ်ပုဒ် မှ မဟုတ်ဘဲ။ ကျွန်တော့် အမြင်ကိုလည်း ပြောချင်သေး တာ ပေါ့။

တစ်ခါတုန်းက ကျွန်တော်ပုပ္ပား တောင် ကလပ်ကို ရောက်သွားတော့ တစ်နေရာအရောက်မှာ မျောက်တစ် ကောင်က အဒေါ်ကြီးတစ်ယောက် ရဲ့ ခေါင်းပေါ်ကို ဖြုတ်ခနဲ ခုန်ချလိုက်ပြီး ငုတ်တုပ်ထိုင်နေလိုက်တာ တွေ့ရ တယ်။ အဒေါ်ကြီး ခမျာ ကြောက်လွန်းလို့ ငယ်သံကိုပါရောပဲ။ အဲဒီအချိန်မှာ ထန်းလျက်ရောင်းနေတဲ့ ဈေးသည် တစ်ယောက်က ဘာလှမ်းပြောသလဲဆိုတော့ “မလှုပ်နဲ့၊ ငြိမ်ငြိမ်နေ၊ ဒီကောင် ထန်းလျက် စားချင်လို့။ ရော့ ရော့ အမြန် ဝယ်ကျွေး လိုက်” တဲ့။ အဒေါ်ကြီးရဲ့ သမီးက ထန်းလျက် တစ်ထုတ် ဝယ်ပြီး ပစ်ပေး လိုက်တယ်ဆို မောင်မင်းကြီးသား မျောက်အမြီးတောင် မမြင်ရတော့ ပါဘူး။

လက်စသတ်တော့ မျောက်နဲ့ ထန်းလျက်သည်က ဇာတ်တူသား တွေကိုး။

tant

ညီငယ်လေး

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*