လူမှုရေးသတင်း — ရန်ကုန်၊ သြဂုတ် ၂၅ ရက်၊ ၂ဝ၁၂

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒဂုံမြို့သစ်(တောင်ပိုင်းမြို့နယ်)၏ ဦးဆောင်မှုဖြင့် လူမှုရေးကွန်ရက်များ ဖြစ်ကြ သည့် ရွှေကံ့ကော်၊ ရာစုသစ်၊ နိုဗယ်မိခင်၊ အမေ့မေတ္တာ တို့ နှင့်အတူ ချောက်မြို့နယ် အတွင်းရှိ ဘီဂျီသွေး ကူညီပေးရေး တာဝန်ခံ အဖွဲ့များပူးပေါင်းကာ သြဂုတ် ၂၅ ရက်၊ နံနက်ပိုင်းတွင် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် ဒဂုံမြို့သစ် တောင်ပိုင်း (တောင်ဒဂုံမြိုနယ်)ရုံးမှ နေ၍ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ် အတွင်းရှိ ရေဘေးသင့် ပြည်သူများထံသို့ မော်တော်ယာဉ် ၂၂ စီးဖြင့် ဆန်၊ ဆီ၊ ဆား၊ ငြုပ်၊ ကြက်သွန်၊ အဝတ်အထည်များနှင့် အသုံးအဆောင် ပစ္စည်းများ တင်ဆောင်ကာ သွားရောက်လှူဒါန်း ခဲ့ကြသည်။

ရေဘေးသင့် ပြည်သူများထံ အလှူပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ပါသည်

ရေဘေးသင့် ပြည်သူများထံ အလှူပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ပါသည်

ယင်းလှူဒါန်းမှုများ နှင့်ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခရိုင်ကော်မရှင် အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ဦးညီညီ (ဘီဂျီ)က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြား ရာတွင် “ကျွန်တော်တို့ လူမှုရေးကွန်ရက်တွေ အားလုံး ပေါင်းစည်း ပြီးတော့ ရေဘေးသင့် ပြည်သူတွေကို လှူဒါန်းတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပဲခူးတိုင်း ဒေသကြီး အတွင်းမှာရှိတဲ့ ကဝမြို့နယ် ပတ်ဝန်းကျင် ရွာတွေကို လှူဒါန်းတာ ဆိုရင် သုံးကြိမ် ရှိပါပြီ။ ၁၇.၈.၂ဝ၁၂ မှာ ပထမတစ်ကြိမ်၊ ၁၈.၈.၂ဝ၁၂ မှာ ဒုတိယတစ်ကြိမ် နဲ့ အခု ၂၅.၈.၂ဝ၁၂ မှာတစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိတိ လှူဒါန်းခဲ့ပါတယ်။ လှူဒါန်းမှုမှာ စုစုပေါင်း ဆန်အိတ်သုံးရာကျော်၊ ဆန်၊ ဆီ၊ ဆေးဝါး အဝတ်အထည် တို့ကို ရေဘေးသင့် ပြည်သူ လေးထောင်ကျော် ငါးထောင်နီးပါးကို လှူဒါန်းခဲ့ပါတယ်။ အဲဒီအပြင် ဒဂုံမြို့သစ် တောင်ပိုင်းအတွင်းမှာရှိတဲ့ ရပ်ကွက် ၃ဝ နည်းပါး၊ ရွာ ၁၂ ရွာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့ပိုင်း၊ တောင်ပိုင်း၊ အဲဒီနေရာတွေမှာ ရှိတဲ့ ရေဘေးသင့်ပြည်သူ တွေအတွက် လှူဒါန်းခဲ့တဲ့အပြင် ဒဂုံတောင်ပိုင်း အတွင်းမှာ ရှိတဲ့ ရပ်ကွက်တစ်ခု အတွင်းမှာ စားရေးသောက်ရေး အခက်အခဲ ဖြစ်နေတဲ့အတွက်ကိုလည်း အရေးပေါ် သွားရောက် ကူညီပေးခဲ့ပါတယ်”ဟု ပြောကြားခဲ့ပါသည်။

ပဲခူးတိုင်း ဒေသကြီးရှိ ကဝမြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများ နှင့်ပတ်သက်၍ ကဝမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်က ပြောကြားရာတွင် တေးသံရှင် ကိုရဲလွင်တို့ ဦးဆောင်တဲ့ သဘာဝ ဘေးအန္တရာယ် ကူညီစောင့်ရှောက်ရေး အဖွဲ့ ဒီအုန်းနှဲစုရွာကို ဆန်အိတ် ၅ဝ လာလှူ တယ်။ အဲဒီမှာ ကျွန်တော် ကိုယ်တိုင် ပထမအကြိမ်အဖြစ် ရေမြုပ်နေတဲ့ ရွာ ၈ ရွာလောက်ကို မျှပြီးတော့ လှူဒါန်းခဲ့ပါတယ်။ နောက်ပိုင်း ဆိုရင် ရေကျသွားပြီး တဲ့အခါမှာ ကူညီ ကယ်ဆယ်ရေးနဲ့ ဘဝပြန်လည် တည်ဆောက်ရေး၊ ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေ ဆက်လုပ်ဖို့ကျွန်တော်တို့ စဉ်းစားထား ပါတယ်”ဟု ဆိုသည်။

ကဝမြိုနယ်အတွင်း ရေနစ်မြုပ်မှုများသည် သဘာဝမိုး များသောကြောင့် ဖြစ်ပေါ်ခဲ့သလို မြို့ပတ်ဝန်းကျင် ရှိ ရေလွှတ်မြောင်းများ ရေတံခါးများ၊ ကျဉ်းမြောင်းနေသည့် အတွက် ရေပြည့်ရေလျှံမှုများ ဖြစ်ပေါ်လာရသည့် အပြင် စစ်တောင်းမြစ်ရေများ အဝင်များလာပြီး ကဝမြို့၏ ရေထွက်ပေါက်များသည် ကျဉ်းမြောင်းနေသော ကြောင့် ယခုလိုရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လာရသည်ဟု ဒေသခံများက ဆိုသည်။ ဒေသတွင်း ရေလွှမ်းမိုးမှု ကြောင့် စာသင်ကျောင်းများ ပိတ်ထားရသည့်အပြင် ရေနစ်မြုပ်ခံရသည့် မိသားစုများအနေဖြင့် ကုန်းမြင့် ကားလမ်းဘေးများတွင် ဖြစ်သလို ယာယီတဲများ ဆောက်လုပ် နေထိုင်လျက်ရှိကြောင်း တွေ့ရသည်။

ဝ၃၂

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*