၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲအပြီးတွင် စစ်ပွဲများ ပိုမိုပြင်းထန်လာကြောင်း ကချင်အမျိုးသမီး အစည်းအရုံးက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေး နောက်ကွယ်မှ ငိုကြွေးသံ ဟုအမည်ပေးထားသည့် မြန်မာနို်င်ငံ မြောက်ပိုင်းအတွင်း ဆက်လက်ဖြစ်ပေါ်နေသော တပ်မတော်၏ ထိုးစစ်ဆင်မှုများနှင့် ချိုးဖောက်မှုများ ပါဝင်သည့် အစီရင်ခံစာ တစ်စောင်အား ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ကချင်အမျိုးသမီးများ အစည်းအရုံး (ထိုင်းနိုင်ငံ) KWAT အဖွဲ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစီရင်ခံစာအရ တပ်မတော်၏ ထိုးစစ်ဆင်မှုများသည် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ ပြီးသည့်နောက်ပိုင်း ထိုးစစ်ဆင်မှု ပိုမိုပြင်းထန်လာ၍ ဒေသခံပြည်သူများသည် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရကြောင်း အစီရင်ခံစာအရသိရသည်။

“အနောက်နိုင်ငံက လူတွေက ကျမတို့ NLD တက်ပြီး ဒီမိုကရေစီ တိုင်းပြည်ဖြစ်ပြီး ဆိုတဲ့ဟာမျိုး ပြောနေကြတာကော၊ ဆိုတော့ ကျမတို့ အမြင်ကတော့ မဟုတ်သေးဘူးလေ၊ ပိုပြီးမှ တိုက်ပွဲတွေ ဖြစ်လာတာ။ တကယ်တမ်းက တိုက်ပွဲတွေက ဆက်ဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ်အတွင်း လုံခြုံရေး အခြေအနေများကို ရေးသားဖော်ပြထားသည့် စာမျက်နှာ ၃၁ မျက်နှာပါ အစီရင်ခံစာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ် လက်ထက် တိုက်ခိုက်မှုများ အဆုံးသတ်ပြီး ငြိမ်းချမ်းရေး ရရှိမည်ဟု မျှော်လင့် ထားသော်လည်း စစ်ပွဲများ ပို၍သာ ပြင်းထန်လာခဲ့သည်။

အဆိုပါ အစီရင်ခံစာကို ၂၀၁၅ နိုဝင်ဘာလမှ ၂၀၁၆ အောက်တိုဘာလအထိ အချက်အလက်များ ကောက်ယူပြီး ရေးသားခဲ့ခြင်း ဖြစ်ကြောင်း KWAT က ဆိုသည်။

ထိုအစီရင်ခံစာတွင် အရှိန်မြင့်လာသည့် အစိုးရစစ်တပ်၏ စစ်ရေးထိုးစစ်များ ၊ ထပ်မံဖြစ်ပေါ်လာ သည့် အိုးအိမ်မဲ့ စွန်ခွာထွက်ပြေးမှုများ၊ သတင်းအချက်အလက် လွဲမှားခြင်းနှင့် အကူအညီများ ပိတ်ပင်ဟန့်တားခြင်း၊ တပ်မတော်မှ ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား ထိထိမိမိ တရားဥပဒေအရ အရေးယူမှု ကင်းမဲ့ခြင်း နှင့် KWAT အဖွဲ့မှ မှတ်တမ်းတင်ထားသည့် အစိုးရစစ်တပ်၏ ချိုးဖောက်မှုများ ကိစ္စတွေကို အသေးစိတ် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*