လူမှုရေးသတင်း — လှည်းကူး၊ သြဂုတ် ၂၆၊ ၂ဝ၁၂

သြဂုတ် ၂၂ ရက်မှ စတင်ကာ ရေလွှမ်းမိုးခြင်း ခံခဲ့ရသော လှည်းကူး မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် ယခုအချိန်၌ ရေများ ပြန်လည်လျော့ကျသွားပြီ ဖြစ်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနေရကြောင်း လှည်းကူး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက မြန်မာ အင်ဒီပဲန်ဒင့်ကို ပြောသည်။

လှည်းကူးမြို့နယ်ရှိ ရပ်ကွက်(၄) ရပ်ကွက်နှင့် ကျေးရွာပေါင်း (၁၇)ရွာ တွင် ရေများ ပြန်လည်လျော့ကျသွား ခြင်းနှင့် ပတ်သက်၍ လှည်းကူးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးက တာဝန်ရှိသူတစ်ဦးက ဖြေကြားရာတွင် “အခုလောလောဆယ် ရေပြန်ကျသွားတယ်။ ကျွန်တော်တို့ ကိုယ်တိုင်သွားပြီးတော့ ငမိုးရိပ်ဆည်က တံခါးပေါက်တွေကို ဖွင့်ပေးဖို့ ဆည်းမြောင်းဦးစီးနဲ့ ညှိနှိုင်းပြီးတော့ ဖွင့်လို့ ရေတော်တော်များ များ ကျသွားတာဖြစ်ပါတယ်။ မြောင်းတွေ ပိတ်နေတာ အားလုံးကိုလည်း ဖွင့်ထားပြီးပါပြီ။ အခုကရေကျရက်ဖြစ် တော့ ရေကပြန်ပြီး စီးဆင်းနေပါတယ်”ဟု ပြောသည်။

လှည်းကူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဒေသခံ ရေဘေးဒဏ် ခံရသူများကို သွားရောက်ကြည့်ရှုစဉ်

လှည်းကူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဒေသခံ ရေဘေးဒဏ် ခံရသူများကို သွားရောက်ကြည့်ရှုစဉ်

ယင်းမှ ဆက်လက် ဖြေကြားရာတွင် “ရေကျသွားတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက် နေတယ်။ တချို့နေရာတွေက ရေလွှမ်းမိုးခံရတဲ့ အတွက်ကြောင့် အဲဒီနေရာတွေမှာ ဝမ်းလျှောရောဂါတွေဖြစ် လာနိုင်တဲ့အတွက် ကျေးရွာတွေကို ထုံးဖြူးပေးရမယ်။ စီစဉ်နေတယ်။ အဖွဲ့ချုပ်ရဲ့ကျန်းမာရေးကွန်ရက်က ဆရာဝန် ၅ ဦး မနေ့က ဆင်းလာတယ်။ ရေဘေးသင့် ဒုက္ခသည်တွေ အများကြီး ရှိနေပြီး ကလေးတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေပါတယ်”ဟု ပြောကြားခဲ့သည်။

အဆိုပါ ရေလွှမ်းမိုးခြင်း ခံခဲ့ရသော လှည်းကူးမြို့နယ်ရှိ ကျေးရွာများတွင် နေထိုင်သူ ပြည်သူလူထု အများစု သည် လယ်သမားများဖြစ်ပြီး ရေလွှမ်းမိုးခြင်း ခံရသောကြောင့် လယ်မြေဧကပေါင်း နှစ်သောင်းနှစ်ဆယ့် သုံးဧက ရေနှစ်မြှုပ်ခံခဲ့ရပြီး လယ်မြေဧက တစ်သောင်း လေးထောင်ကျော် ပျက်စီးခဲ့ကြောင်း လှည်းကူးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ သိရသည်။

လှည်းကူးမြို့နယ်သည် ယခုလို မိုးတွင်းကာလများတွင် နှစ်စဉ် ရေကြီးမှုများဖြစ်ပေါ်နေပြီး လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဌာနဆိုင်ရာ အားလုံးအား သြဂုတ် ၂၂ ရက်တွင်ပင် အစည်းအဝေး ခေါ်ခဲ့ကြောင်း၊ အဘယ့်ကြောင့် မိုးများရေကြီးရခြင်းနှင့် ပတ်သက်၍ စစ်တမ်း ထုတ်ခဲ့ကြောင်း လာမည့်နှစ်တွင် ရေလွှမ်းမိုးခြင်း မခံရရန်အတွက် လိုအပ်သည်များကို ပြုပြင်သွားမည် ဖြစ်ကြောင်း လှည်းကူး မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ မြန်မာအင်ဒီပဲန်ဒင့်ကို ပြောကြားခဲ့သည်။

ဝ၁၇

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*