ပြည်တွင်းသတင်း — ရန်ကုန်၊ မတ် ၂၅၊ ၂ဝ၁၃
ရွှေညဝါ ဆရာတော်

ရွှေညဝါ ဆရာတော်

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ တားမြစ်ချက် အပေါ် နားလည် မှုလွဲပြီး ရွှေညဝါဆရာတော်နှင့် ယင်း သီတင်းသုံး နေထိုင်ရာ မှော်ဘီမြို့ အုပ်ချုပ်ရေးအဖွဲ့တို့ တင်းမာမှု တစ်ခု ဖြစ်ခဲ့သော်လည်း ပြေလည်မှု ပြန်လည် ရရှိခဲ့ကြောင်း ဆရာတော်က မြန်မာအင်ဒီပဲန်ဒင့်သို့ မိန့်ကြားခဲ့ပါ သည်။

မှော်ဘီမြို့တွင် သီတင်းသုံးနေ ထိုင်လျက်ရှိသည့် ရွှေညဝါဆရာ တော်အား ဧရာဝတီတိုင်းဒေသကြီးမှ အစိုးရ အဖွဲ့ဝင် တာဝန်ရှိသူများက မကြာသေးခင် က ဖြစ်ပွားခဲ့သည့် မအူပင်မြို့နယ် မလက်တို့ လယ်သမား အရေး တွင် ဆရာတော် အနေဖြင့် သက်ဆိုင်ရာအစိုးအဖွဲ့တို့နှင့် ပူးပေါင်းဖြေရှင်း ကူညီဆောင်ရွက်ပေးခဲ့သည့် အတွက် သက်ဆိုင်ရာ တာဝန်ရှိသူ များက ဆရာတော်အား ကျေးဇူးတင်ကြောင်း နှင့် ပူဇော်ကန်တော့ရန်အတွက် လွန်ခဲ့ သည့် မတ်လ ၂၅ ရက်က ဖိတ် ကြားခဲ့ရာ ဆရာတော်က ယင်းဒေသ သို့ ကြွရောက်ရန် ခရီးစဉ်ကို စတင်ရာတွင် မှော်ဘီမြို့နယ် အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့က ခရီးစဉ်အား ဖျက်သိမ်းပြီး ကျောင်းတွင်း၌သာ သီတင်းသုံး နေထိုင် ရန် လျှောက်ထား လာသည့် အတွက် မပြေလည်မှု စတင်ခဲ့ကြောင်း ဆရာတော်က မိန့်သည်။

ထိုသို့ဖြစ်ပေါ်ခဲ့ရသည့် အခြေ အနေကို ဆရာတော်က မိန့်ကြားရာတွင် “ဦးဇင်းကို ဧရာဝတီတိုင်း အစိုးရပိုင်း ဝန်ကြီးတွေက ကျေးဇူး တင်ကြောင်း လျှောက်ထားပြီးတော့ ပူဇော်ကန်တော့ဖို့ ဖိတ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မအူပင်မြို့ မလက်တို ကျေးရွာလယ်သမားအရေးမှာ ဝင် ရောက်ကူညီပေးခဲ့အတွက် ကျေးဇူးတင်လို့ ဆိုပြီးတော့ ဖိတ်တာပါ။ ပြီးတော့လည်း မအူပင်မှာ ညဘက် ကျတော့ တရားပွဲလည်းရှိတဲ့အတွက် တစ်ခါတည်း တရားဟောမယ်လို့ စီစဉ်ခဲ့တာ။ အဲဒီမှာ ခရီးသွားခါနီး လည်းကြရော မှော်ဘီမြို့နယ် အုပ်ချုပ်ရေးမှူးက လာပြီး တော့ ဦးဇင်းကို လျှောက်တယ်။ ကျောင်းကနေပြီး တော့ ဘယ်မှမသွားဖို့ တပည့်တော် ကို ညွှန်ကြားပါတယ် ဆိုပြီး ပြောတော့ ဦးဇင်း ပထမတော့ စိတ်တိုသွားတယ်။ ဘာဖြစ်လို့ တားတာလဲ။ ဘယ်သူက တားတာလဲ ဆိုပြီး တော့ စိတ်ထဲ မှာဖြစ်လာတယ်။ နောက်တော့ ဦးဇင်း အတွက် လုံခြုံရေးအရ ဆိုတာကို အဓိပ္ပာယ် နည်းနည်း ပေါက်လာတယ်။ တကယ်တော့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ဦးဇင်းရဲ့ လုံခြုံရေးအတွက် မသွားခိုင်း တာ ဖြစ်တယ်။ အဲဒီမှာ လာလျှောက်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ကလည်း အလျှောက် မတတ်တော့  ဦးဇင်း ခရီးစဉ်ကို ပိတ်ရလား ဆိုပြီး ဒေါ်သဖြစ် သွားတာပါ။ နောက်ပိုင်း ကြတော့ ဦးဆေကိန္ဒ၊ ဦးဝီရသူတို့နဲ့ အခြား အဖွဲ့အစည်းတွေက ဖုန်းတွေ ဆက်ကြတယ်။ ဆရာတော်အနေနဲ့ ဒီအချိန်မှာ ကျောင်းမှာနေပြီး သီတင်းသုံးတာ အကောင်းဆုံးပဲ လို့ ပြောကြတယ်။ နောက်တော့ ဦးဇင်းလည်း သဘောပေါက်သွားပါတယ်။ မအူပင် မှာတော့ တရားမဟောတော့ဘဲနဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေနဲ့ နှုတ်ဆက် ပြီးပြန်လာ လိုက်တယ်”ဟု မိန့်ကြားခဲ့ ပါသည် ။

ဆရာတော်သည် ညနေပိုင်းတွင် မအူပင်မှ ရန်ကုန်သို့ ပြန်လည်ရောက် ရှိခဲ့ပြီး သီတင်းသုံးရာ မှော်ဘီမြို့သို့ တစ်ဆက် တည်း ပြန်လည် ကြွချီခဲ့ကြောင်း သိရပါ သည်။

ဝ၃၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*