ပြည်တွင်းသတင်း — ရန်ကုန်၊ မတ် ၂၆၊ ၂ဝ၁၃

ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ၂၆ဝ၁ နှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို တပေါင်းလပြည့် ၂၆ ရက်တွင် ပြုလုပ် ကျင်းပပြီး ရွှေတိဂုံစေတီတော် မြတ်ကြီးကို သံဃာတော်အပါး ၁၈ဝ ဖြင့် ဗုဒ္ဓဘိသေက အနေကဇာ တင်ပြီး သံဃာတော် အပါး ၁၈ဝ နှင့် သီလရှင် ၂၇ ပါးတို့အား ဆွမ်း ဆန်တော်လောင်းလှူခဲ့ကြသည်။ ဘုရားဖူးများ ၃ သိန်းကျော်ခန့် တက်ရောက် ဖူးမျှော်ကြကြောင်း သိရသည်။

မနက်ပိုင်းတွင် ရွှေတိဂုံစေတီ တော်မြတ်ကြီးကို ဆွမ်း၊ ပန်း၊ ရေ ချမ်း၊ သစ်သီးများနှင့် အမွှေးနံ့သာများ ဖြင့် လှူဒါန်း ပူဇော်ကြကြောင်း သိရသည်။ စေတီတော်မြတ်ကြီးကို ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာပွဲများဖြင့် ရတနာ ၃ ပါးအား ရည်စူးပူဇော်ခဲ့ကြသည်။

အဆိုပါ ဘုရားပွဲတွင် ဘုရားဖူး များကို အလှူရှင် ၄ဝ ကျော်များမှ ရေသန့်ဘူး၊ ကော်ဖီ၊ အအေးဘူး နှင့် အာဟာရ ဒါနများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ နိုင်ငံခြားသား ဘုရားဖူး များလည်း ၁၅ဝဝ ခန့် လာရောက် ဖူးမျှော် ကြကြောင်း၊ နိုင်ငံခြားသား ဘုရားဖူး ဧည့်သည်များသည် ယခင်နှစ်ထက် ပိုမိုများပြားလာကြောင်း၊ နိုင်ငံခြားသား ဧည့်သည် များကို တစ်ယောက်လျှင် အလှူငွေ FEC  ၅ ဒေါ်လာနှုန်းဖြင့် ကောက်ခံကြောင်း၊ အနယ်နယ် အရပ်ရပ်က ဘုရားဖူးများလည်း များ ပြားလာသကဲ့သို့ အလှူခံငွေစာရင်း ကောင်တာများလည်း ပိုပြီး ဖွင့်လှစ် ထားကြောင်း၊ ဘုရားဖူး ဧည့်သည်များ ကိုလည်း ၁၄ ရက် ညမှစတင်၍ ရင်ပြင်တော်ပေါ်တွင် အိပ်ခွင့် ပြုထား ကြောင်း၊ ရွှေတိဂုံ စေတီတော်ကြီး ကိုလည်း ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် သိန်းပေါင်း  ၄ဝ,ဝဝဝ ကျော် အကုန်ကျခံ၍ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူမည် ဖြစ်ပြီး အလုပ်သမား ပေါင်း ၂ဝဝ ကျော် ပါဝင် မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် လည်း နောင်တော်ကြီးစေတီနှင့် အရံစေတီ ၂၄ ဆူကို ရွှေသင်္ကန်း ကပ်လှူနေဆဲဖြစ်ပြီး သင်္ကြန် မတိုင်ခင် ပြီးစီးမည်ဖြစ်ကြောင်း ဗဟို ကော်မတီ အတွင်းရေး မှူး ဦးဝင်းကြိုင်က ပြောကြားသည်။

ယ-ဝ၁ဝ

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*