ကျန်းမာရေး သတင်း ပြည်တွင်းသတင်း — ရန်ကုန်၊ ဒီဇင်ဘာ ၆၊ ၂၀၁၆

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ရွှေလမင်း အထူးကုဆေးရုံ (လမ်းမတော်) တွင် မနာမကျင်ဘဲ သဘာဝအတိုင်း မွေးဖွားနိုင်မည့် သားဖွားခြင်း ကုထုံးကို စတင် ကုသပေးနိုင်တော့မည် ဖြစ်ကြောင်း ရွှေလမင်း အထူးကုဆေးရုံ၏ လူ့စွမ်းအား အရင်းအမြစ် ဒါရိုက်တာ ဒေါက်တာ တင်ထွန်းအောင်က ပြောကြားသည်။

နိုင်ငံတကာတွင် အသုံးတွင်ကျယ်နေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မရှိသေးသော နာကျင်မှုကို လုံးဝနီးပါး အထိလျော့ချပေးနိုင်မည့် မွေးဖွားနည်း ကုထုံးကို ဒီဇင်ဘာလ လယ်ပိုင်းမှ စတင်ပြီး ကုသပေးနိုင်တော့မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွှေလမင်းဆေးရုံမှ အသစ်ဖွင့်လှစ်လိုက်သည့် အဆင့်မြင့် ခေတ်မှီ သားဖွားခန်း ဖွင့်လှစ်ပွဲနှင့် Painless Labour Delivery Service မိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၆ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“မွေးဖွားရာမှာ နာကျင်မှုကို ကြောက်ရွံရတဲ့ မိခင်တွေရဲ့ သောကကို လျော့ချပေးနိုင်တယ်။ သဘာဝအတိုင်း မွေးဖွားနည်းဖြစ်တဲ့ အတွက် ဘေးထွက်ဆိုးကျိုးနဲ့ အန္တရာယ်တွေကို လျော့ချနိုင်မယ်။ နိုင်ငံတကာမှာ ပြဿ နာက ဘာဖြစ်လာသလဲ ဆိုတော့ အချို့သော တိုင်းပြည်တွေဟာ သားဖွားခြင်းဟာ နာကျင်တဲ့အတွက် မိခင်တွေက ကိုယ်ဝန်ဆောင်ရမှာကို ကြောက်ရွံ လာတယ်။ အဲဒီအတွက်ကြောင့် သားဖွားနှုန်းဟာ ကျလာဆင်းလာပြီး လူဦးရေ တိုးနှုန်းဟာ ကျဆင်းလာတယ်။ အဲဒီလို ကျဆင်းလာတဲ့ အတွက် နည်းလမ်း ရှာဖွေတဲ့အခါမှာ သားဖွားတဲ့ အခါမှ သဘာဝအတိုင်း မွေးဖွားပေမယ့် မနာကျင်အောင်၊ နာကျင်မှုကို သက်သာအောင် လျော့ချ ပေးတဲ့ နည်းလမ်းကို သုံးလာတယ်။

အထူးသဖြင့် အိမ်နီးချင်းနိုင်ငံထဲက အိန္ဒိယပေါ့။ အိန္ဒိယမှာ လူဦးရေတိုးနှုန်းက ကျဆင်းလာတယ်။ အဲဒါကြောင့် ဒီနည်းလမ်းကို စီမံချက်တစ်ခုနဲ့ ဆောင်ရွက်လာတယ်” ဟု ဒေါက်တာ တင်ထွန်းအောင်က ဆက်လက်ပြောကြားသည်။

သမားရိုးကျ မွေးဖွားနည်းထက် အနည်းငယ် ကုန်ကျစရိတ် ပိုမိုသော်လည်း ခွဲစိတ်မွေးဖွားခြင်းထက် ကုန်ကျစရိတ် သက်သာပြီး ဘေးထွက်ဆိုးကျိုး လျော့ချနိုင်သည့်အပြင် သမားရိုးကျ မွေးဖွားနည်းဖြင့် မွေးဖွားရန် အခက်အခဲ ရှိသူများ အသုံးပြုရန် အလွန်သင့်လျော်သည်။

“ကလေး မိခင်ကိုသာ နာကျင်မှုကို လျော့ချပေးခြင်း နည်းလမ်းသာ ဖြစ်တဲ့အတွက် ကလေးကိုလည်း ထိခိုက်မှုမရှိဘူး။ Epidural ဆေးထိုးတဲ့အတွက် သွေးပေါင် ကျစေနိုင်တာကြောင့် သွေးတိုးလွန်ပြီး သွေးကြော ပေါက်ထွက်တာမျိုးတွေ မဖြစ်နိုင်တဲ့အတွက် သွေးတိုးရောဂါ ဝေဒနာရှင်တွေ၊ နာကျင်မှု Pressure မရှိတဲ့အတွက် နှလုံးခုန်နှုန်း မြန်တာမျိုးတွေ မဖြစ်တဲ့အတွက်” ဟု ဒေါက်တာ တင်ထွန်းအောင်က ဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*