ပြည်တွင်းသတင်း — နေပြည်တော်၊ ဖေဖေါ်ဝါရိ ၂၅၊ ၂၀၁၇


လေယာဉ် မတော်တဆ ထိခိုက်မှု ဖြစ်ပွားချိန်မှာ အကောင်းဆုံးနဲ့ အမြန်ဆုံး ကူညီကယ်ဆယ်ရေး အပြင် အခြား လိုအပ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အတွက် လေ့ကျင်မှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလေ့ကျင့်မှုကို လေဆိပ် ဝန်ဆောင်မှု ကုမ္ပဏီ (MC-Jaluc Airport Services) မှ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ နှုန်းပြည့်လေယာဉ် အရေးပေါ်ပုံစံတူ လေ့ကျင့်ခန်းကို ဖေဖော်ဝါရီလ (၂၄) ရက် ညနေ (၄) နာရီက စတင်ကာ (၅း၃၀) နာရီ ထိ လေ့ကျင့် ခဲ့ကြတာပါ။

အဲဒီလို ဆောင်ရွက်ရာမှာ လေယာဉ်အတွင်းမှ ခရီးသည်တွေ အဆင့်အလိုက် ကူညီ ကယ်ဆယ်မှု၊ ဒဏ်ရာရရှိသူတွေကို ကယ်ထုတ်မှု၊ ဦးစားပေး ရွေးချယ်မှု၊ စာရင်းကောက်ယူမှု၊ စတာတွေကို လေ့ကျင့်ခဲ့ကြပါတယ်။ ဒါ့အပြင် လေယာဉ်ကိုယ်ထည် မီးလောင်တဲ့ လေ့ကျင့်မှု မီးငြိမ်းသတ်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေ လေယာဉ်ကွင်း မီးသတ်ယာဉ်တွေနဲ့ တံတားဦးမြို့ရှိ မီးသတ်ယာဉ်တွေ လူမှုကူညီရေး ကားတွေနဲ့ ပုံစံတူ လေ့ကျင့်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*