ယနေ့သည် သီတင်းကျွတ် လပြည့်နေ့ဖြစ်သောကြောင့် ဘုရားဖူးလာသူ၊ ဥပုသ်သီလယူသူ၊ သက်ကြီး ရွယ်အို များ၊ အချိုရည်အအေးနှင့်ဆေး ဝါးဒါနပြုသူများနှင့် စည်ကားလျက်ရှိ သည်။ ထိုသို့ ဘုရားဖူးလာသူများပြား ခြင်း ကြောင့် ဘုရားသို့ ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများ၌ ကားပိတ်၍ ကားကျပ်ခြင်း၊ ကားခနှုန်းထား အနည်း ငယ် ပို၍ ကောက်ခံခြင်းများ ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ကားလမ်းများ ပိတ်ကာ ဘုရားသို့ တော်တော်နှင့် မရောက်သည့်အတွက် အိမ်မှ ၁ဝ နာရီ ထွက်၍ ဘုရားသို့ လာသော သက်ကြီးရွယ်အို အဘိုးအဘွားတချို့သည် သီလယူ ဥပုသ်စောင့်ရန် မမီမည်ကို စိုးရိမ်မူကာ ဘုရားသို့ ရောက် ခါနီးတွင် လမ်းဆင်း လျှောက်ရသည်လည်း ရှိသည်။

ကားခနှုန်းထား ပိုမိုကောက်ခံ ခြင်းကို အလုံမြို့နယ်မှလာသော အဘွားတစ်ဦးကို မေးမြန်းရာ “အရင်က အလုံ ဂိတ်ကနေ ဘုရားကို စီးတာ ၁၅ဝ ပဲ ဒီနေ့လပြည့်နေ့ ဆိုတော့ ၂ဝဝ ပေးရတယ်။ အဘွားတို့ကလည်း ဘုရား သွားချင်တော့ ၂ဝဝ ဆိုလည်း ပေးလိုက်တာပဲ။ ကိုယ်သွားချင်တဲ့ နေရာကို ပို့ပေးတာ ဆိုတော့ ဘုရားကို ဆွဲတဲ့ ယာဉ်လိုင်းတွေက လပြည့်နေ့ ဆိုရင် ဒီလိုပဲ ကားခဈေးတက်တယ်”ဟု ပြောကြားခဲ့သည်။

သီတင်းကျွတ် လပြည့်နေ့ ရွှေတိဂုံ စေတီတော် ရင်ပြင် မြင်ကွင်း

သီတင်းကျွတ် လပြည့်နေ့ ရွှေတိဂုံ စေတီတော် ရင်ပြင် မြင်ကွင်း

ကြက်ပျံမကျ စည်ကားလှသည့် ရွှေတိဂုံ စေတီတော် ရင်ပြင် မြင်ကွင်း

ကြက်ပျံမကျ စည်ကားလှသည့် ရွှေတိဂုံ စေတီတော် ရင်ပြင် မြင်ကွင်း

သီတင်းကျွတ် လပြည့်နေ့တွင် လူစည်ကားသဖြင့် အတူတူလာသူ မိဘနှင့်သားသမီးများ၊ ဆွေးမျိုးများ၊ မိတ်ဆွေ သူငယ်ချင်းများသည်လည်း လူစုကွဲ၍ ပျောက်သွားသူများ ရှိသဖြင့် ရွှေတိဂုံ စေတီတော် အရှေ့၊ အနောက်၊ တောင် ၊ မြောက် အရပ် လေးမျက်နှာရှိ ဘုရားတန်ဆောင်း များတွင် လုံခြုံရေးစခန်းများ ချထားကာ “ဘယ်မြို့နယ်မှ လာသူ မောင်ဘယ်သူ မင်းအဒေါ် ဒီဘက်မုခ် လုံခြုံရေးစခန်းမှာ ရောက်နေတယ်။ အမြန်လာပါ” စသဖြင့် လော်စပီကာ များဖြင့် နိုးဆော်၍ ဝန်ဆောင်မှု ပေးနေသည်များလည်း ရှိသည်။

အဆိုပါ လူပျောက်၊ လူကွဲပါက အမြန်ဆုံး ရှာဖွေနိုင်ရန် ရွှေတိဂုံ ဘုရား ဂေါပကရုံးရှိ လုံခြုံရေးရုံး တွင် ပျောက် နေသူ၏ အမည်နှင့် နေထိုင်သော မြို့နယ်ကို စာရင်းပေးကာ မုခ် ၄ ခုရှိ လုံခြုံရေးစခန်းများ မှ လော်စပီကာဖြင့် နှိုးဆော်၍ ရှာဖွေပေးသည်။

ဘုရားရှိ အလှူခံဌာနများနှင့် ရွှေပြား၊ ရွှေသင်္ကန်းကပ်လှူရန် ရောင်းချသည့်ဌာနများ၌လည်း ယနေ့သည် လပြည့်နေ့ ဖြစ်၍ လှူဒါန်းသူ များပြားကာ ရွှေသင်္ကန်း ပိုမိုရောင်းရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ဘုရားစောင်းတန်းရှိ ပန်းဆိုင်များနှင့် နိဗ္ဗာန်ကုန်ဆိုင်များသည် လည်း လူအများအပြား လာခြင်းကြောင့် ယခင်နေ့များ ထက် အရောင်းအဝယ် အဆင်ပြေကြောင်း၊ ပန်းအမျိုးအစား အနေဖြင့် ၇ နေ့ ၇ နံကိုရော၍ စည်း ပြီး တစ်စီးလျှင် ၅ဝဝ ကျပ်နှုန်း ရောင်းချကြသည်။

လပြည့်နေ့တွင် အချိုရည်ဘူးများ ဝေငှ ကုသိုလ်ယူရင်း ကြော်ငြာခဲ့သည့် ကိုကာကိုလာ

လပြည့်နေ့တွင် အချိုရည်ဘူးများ ဝေငှ ကုသိုလ်ယူရင်း ကြော်ငြာခဲ့သည့် ကိုကာကိုလာ

ထို့အတူ ကိုကာကိုလာ ကုမ္ပဏီက အချိုရည်ဘူးပေါင်း ၅ဝဝဝ ခန့်ကို ပါဝင်လှူဒါန်း၍ ကြော်ငြာ ပြုလုပ်ကြောင်း အဆိုပါ အချိုရည်ကို ကြော်ငြာရန် တာဝန်ယူထားသည့် Today ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ ကိုကာကိုလာမှ အချိုရည် ဝေငှရာတွင် အသက် ၁၈ နှစ်အောက် ကလေးများကို မပေးကြောင်း သိရ သည်။ ကလေးများကို အချိုရည် မပေးဝေခြင်းကို တာဝန်ရှိသူက “ကလေးတွေကို မဝေတာက အချိုရည်မှာ Gas ပါဝင်တဲ့အတွက် သူတို့ ကျန်းမာရေး အတွက် မသင့်လျော်မှာစိုးလို့ လူကြီးပိုင်းကို ဦးတည်ပြီး ဝေတာပါ”ဟု ပြောကြားသည်။ ကိုကာကိုလာ အချိုရည်မှ ယခုကဲ့သို့ ကြော်ငြာ၍ လှူဒါန်းခြင်းသည် သီတင်းကျွတ်လပြည့်နေ့ အခါကြီးရက်ကြီးတွင် မြန်မာလူမျိုးများ အနေဖြင့် အလှူပြုလုပ်သည့် ပုံစံမျိုးဖြစ်ကြောင်း၊ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ သယ်ယူလာသည့် အချိုရည်ဘူးပေါင်း ၅ဝဝဝ ခန့် မကုန်မချင်း မုခ်ဦး ၄ ခုလုံးတွင် ဝေငှသွားမည် ဖြစ်ကြောင်း ပြောသည်။

ကိုကာကိုလာသည် မြန်မာ့ဒီမိုကရေစီ ပြုပြင်မှုများအတွက် အမေရိကန်အစိုးရ၏ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု၊ ပိတ်ဆို့မှုများ ဆိုင်းငံ့ရန် ဆုံးဖြတ်ချက် ချပြီးနောက် နှစ်ပေါင်း ၆ဝ အတွင်း ယင်း၏အချိုရည်ကို ပထမဆုံး အကြိမ်အဖြစ် စတင်ရောင်း ချရန် စီစဉ်နေခြင်းဖြစ်သည်။

ရွှေတိဂုံဘုရား၏ အရှေ့၊ အနောက်၊ တောင်၊ မြောက်မုခ် ၄ ခုတွင် အဖြူရောင်ဝတ်စုံပေါ်၌ တဘက်တစ်စောင်း လွှမ်းကာ အနီရောင်ထဘီ ဝတ်ဆင်ထားသည့် မိန်းကလေး များက ကိုကာကိုလာအချိုရည်ကို ဝေငှကြသည်။

ယင်းဝတ်စုံသည် သီတင်းကျွတ်လပြည့်ဖြစ်၍ ယောဂီဝတ်စုံ ပုံစံဖြစ်ရန်နှင့် အချိုရည်၏ အမှတ်တံဆိပ် Logo ကို ပါဝင်စေ ချင်သည့်အတွက် ချုပ်လုပ် ဝတ်ဆင်ခြင်းဖြစ်ကြောင်း နှင့် မွန်တိုင်းရင်းသား ဝတ်စုံမဟုတ်ကြောင်း တာဝန်ရှိသူက ရှင်းလင်း ပြောကြားသည်။ ဘုရားသို့ လာရောက်သူ လူငယ်များကလည်း မိန်းကလေးဆိုလျှင် ရင်ဖုံး၊ ယောက်ျားလေး ဆိုပါက ပုဆိုးဝတ်ကာ မြန်မာဆန်ဆန် လာရောက်သူများပြားပြီး လူငယ် အနည်းစုသာ ဘောင်းဘီရှည်၊ စပို့ရှပ် ဝတ်လာခြင်းကို တွေ့ရသည်။

ယခင်က ဘုရားတွင် လူသွားလူလာ နည်းသောနေရာ ဖြစ်သည့် မဟာဗုဒ္ဓဝင်ပြခန်း၌လည်း ယနေ့တွင် လူစည် ကားလျက် ရှိသည်။ အဆိုပါပြခန်းတွင် ဗုဒ္ဓဂါယာ ပုံစံငယ်၊ သံဝေဇနိယလေးဌာနကို အသံနှင့် ရှင်းပြကာ မီးများထွန်း၍ ဖွင့် ထားသည်။ ယင်းပြကွက်ကို ယခုကဲ့သို့ အခါကြီးရက်ကြီး လပြည့် နေ့များမှသာ ဖွင့်ပေးခြင်း ဖြစ်ကြောင်း ပြခန်းတာဝန်ကျ ဝန်ထမ်း တစ်ဦးက ပြောကြားခဲ့သည်။

ယင်း ဗုဒ္ဓဝင်ပြခန်းသည် တနင်္လာနှင့် သောကြာ ပိတ်ရက်များမှလွဲ၍ ကျန်နေ့ရက်များ၌ ဖွင့်လှစ်ထားပြီး ယခုကဲ့သို့ လပြည့်နေ့များ၌သာ လူစည်ကားခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။ ယနေ့သည် ၁၃၇၄ ခုနှစ် သီတင်းကျွတ် လပြည့်နေ့ဖြစ်ပြီး ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တထောင်၊ ကိုးထပ်ကြီး အစရှိသော ရန်ကုန်မြို့ရှိ ဘုရား ပုထိုး များတွင် ကုသိုလ်ယူဘုရားသူ များနှင့် စည်ကားလျှက် ရှိသည်။

ဝဝ၅

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*